ဂိုးသမားတာစတီဂန်ကို စာချုပ်သက်တမ်းထပ်တိုးဖို့ ဘာစီလိုနာစီစဉ်နေ

Facebook

Twitter

Pinterest

WhatsApp

PC ; Internet

ဘာစီလိုနာဟာ သူတို့ရဲ့နံပါတ်တစ်ဂိုးသမားတာစတီဂန်ကို ကာလရှည်စာချုပ်တစ်ရပ်ချုပ်ဆိုဖို့ ကမ်းလှမ်းလိမ့်မယ်လို့ သိရပါတယ်။၂၀၁၄ခုနှစ်မှာ ဘွန်ဒက်စ်လီဂါကလပ်မိုချန်ဂလက်ဘက်ကနေ ရောက်ရှိလာခဲ့တဲ့တာစတီဂန်ဟာ ၂၀၁၇ခုနှစ်တုန်းက ဘာစီလိုနာနဲ့သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ပြီးသားပါ။အဲဒီစာချုပ်အရ ဂျာမန်ဂိုးသမားဟာ ကက်တာလန်အခြေစိုက်ကလပ်မှာ ၂၀၂၂ ခုနှစ်အထိရှိနေမှာဖြစ်ပါတယ်။

PC ; AP

ဒါပေမဲ့ အသင်းကနေ ဘရာဗိုထွက်ခွာသွားတဲ့နောက်ပိုင်း ပထမဦးစားပေးဂိုးသမားအဖြစ် လက်စွမ်းပြနိုင်ခဲ့တာကြောင့် ဘာစီလိုနာအနေနဲ့ နောက်ထပ်ကာလရှည် ဆက်လက်ထိန်းသိမ်းချင်နေတာလို့ Daily Mail သတင်းစာက ရေးသားလိုက်တာပါ။ကမ္ဘာ့အကောင်းဆုံးဂိုးသမားတစ်ဦးလို့ သတ်မှတ်ခံထားရတဲ့ တာစတီဂန်ဟာ ဆီဗီလာကိုအနိုင်ရတဲ့ ပြီးခဲ့တဲ့လာလီဂါပွဲစဉ်မှာလည်း လက်စွမ်းပြကာကွယ်မှုတွေလုပ်နိုင်ခဲ့ပါတယ်။ဒီပွဲဟာ သူ့ရဲ့ ဘာစီလိုနာကစားသမားဘ၀ ပွဲ ၂၀၀ပြည့်ဖြစ်ခဲ့ပါတယ်။

PC ; Reuters

အဲဒီကာလအတွင်းမှာ တာစတီဂန်ဟာ Clean Sheets ၈၄ပွဲအထိရရှိခဲ့ပြီး ကာကွယ်မှုပေါင်း အကြိမ် ၅၀၀ ကျော်လုပ်ပေးနိုင်ခဲ့ပါတယ်။ဘာစီလိုနာဟာ ပြီးခဲ့တဲ့နွေဈေးကွက်မှာ ဗလန်စီယာဂိုးသမားနက်တိုကို ခေါ်ယူအားဖြည့်ခဲ့ပေမယ့် သူတို့ရဲ့ဦးစားပေးအဖြစ် တာစတီဂန်ကိုသာ ရည်ရွယ်ထားတာပါ။ကာယကံရှင်ကလည်း နူးကမ့်မှာပျော်ရွှင်နေပြီး စာချုပ်သစ်ကမ်းလှမ်းမှုကို လက်ခံဖို့အဆင်သင့်ရှိနေသလို အသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးလိမ့်မယ်လို့ စပိန်မီဒီယာတွေကလည်း ရေးသားနေကြပါတယ်။

PC ; Internet

ဒါပေမဲ့ ဂျာမနီလက်ရွေးစင်အသင်းရဲ့ ပထမဦးစားပေးဂိုးသမားအဖြစ် နူအာကိုသာဆက်လက်ရွေးချယ်ဖို့ ဘိုင်ယန်မြူးနစ်ရဲ့ဖိအားပေးမှုကြောင့် ဘာစီလိုနာကလည်း သူတို့ဂိုးသမားဘက်ကနေ ထောက်ခံလှုံ့ဆော်တဲ့သဘောမျိုးလည်းပါလိမ့်မယ်လို့ ယူဆမှုတွေလည်းရှိနေပါတယ်။

(zawgyi)

ဘာစီလိုနာဟာ သူတို႔ရဲ႕နံပါတ္တစ္ဂိုးသမားတာစတီဂန္ကို ကာလရွည္စာခ်ဳပ္တစ္ရပ္ခ်ဳပ္ဆိုဖို႔ ကမ္းလွမ္းလိမ့္မယ္လို႔ သိရပါတယ္။၂၀၁၄ခုႏွစ္မွာ ဘြန္ဒက္စ္လီဂါကလပ္မိုခ်န္ဂလက္ဘက္ကေန ေရာက္ရွိလာခဲ့တဲ့တာစတီဂန္ဟာ ၂၀၁၇ခုႏွစ္တုန္းက ဘာစီလိုနာနဲ႔သက္တမ္းတိုးစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီးသားပါ။အဲဒီစာခ်ဳပ္အရ ဂ်ာမန္ဂိုးသမားဟာ ကက္တာလန္အေျခစိုက္ကလပ္မွာ ၂၀၂၂ ခုႏွစ္အထိရွိေနမွာျဖစ္ပါတယ္။ဒါေပမဲ့ အသင္းကေန ဘရာဗိုထြက္ခြာသြားတဲ့ေနာက္ပိုင္း ပထမဦးစားေပးဂိုးသမားအျဖစ္ လက္စြမ္းျပႏိုင္ခဲ့တာေၾကာင့္ ဘာစီလိုနာအေနနဲ႔ ေနာက္ထပ္ကာလရွည္ ဆက္လက္ထိန္းသိမ္းခ်င္ေနတာလို႔ Daily Mail သတင္းစာက ေရးသားလိုက္တာပါ။ကမာၻ႔အေကာင္းဆံုးဂိုးသမားတစ္ဦးလုိ႔ သတ္မွတ္ခံထားရတဲ့ တာစတီဂန္ဟာ ဆီဗီလာကိုအႏိုင္ရတဲ့ ၿပီးခဲ့တဲ့လာလီဂါပြဲစဥ္မွာလည္း လက္စြမ္းျပကာကြယ္မႈေတြလုပ္ႏိုင္ခဲ့ပါတယ္။ဒီပြဲဟာ သူ႔ရဲ႕ ဘာစီလိုနာကစားသမားဘ၀ ပြဲ ၂၀၀ျပည့္ျဖစ္ခဲ့ပါတယ္။အဲဒီကာလအတြင္းမွာ တာစတီဂန္ဟာ Clean Sheets ၈၄ပြဲအထိရရွိခဲ့ၿပီး ကာကြယ္မႈေပါင္း အႀကိမ္ ၅၀၀ ေက်ာ္လုပ္ေပးႏိုင္ခဲ့ပါတယ္။ဘာစီလိုနာဟာ ၿပီးခဲ့တဲ့ေႏြေစ်းကြက္မွာ ဗလန္စီယာဂိုးသမားနက္တိုကို ေခၚယူအားျဖည့္ခဲ့ေပမယ့္ သူတို႔ရဲ႕ဦးစားေပးအျဖစ္ တာစတီဂန္ကိုသာ ရည္ရြယ္ထားတာပါ။ကာယကံရွင္ကလည္း ႏူးကမ့္မွာေပ်ာ္ရႊင္ေနၿပီး စာခ်ဳပ္သစ္ကမ္းလွမ္းမႈကို လက္ခံဖို႔အဆင္သင့္ရွိေနသလို အသင္းတာ၀န္ရွိသူေတြနဲ႔ ေဆြးေႏြးလိမ့္မယ္လို႔ စပိန္မီဒီယာေတြကလည္း ေရးသားေနၾကပါတယ္။ဒါေပမဲ့ ဂ်ာမနီလက္ေရြးစင္အသင္းရဲ႕ ပထမဦးစားေပးဂိုးသမားအျဖစ္ ႏူအာကိုသာဆက္လက္ေရြးခ်ယ္ဖို႔ ဘိုင္ယန္ျမဴးနစ္ရဲ႕ဖိအားေပးမႈေၾကာင့္ ဘာစီလိုနာကလည္း သူတို႔ဂိုးသမားဘက္ကေန ေထာက္ခံလံႈ႔ေဆာ္တဲ့သေဘာမ်ိဳးလည္းပါလိမ့္မယ္လို႔ ယူဆမႈေတြလည္းရွိေနပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*