အခွန်ကိစ္စကြောင့် ဘာစီလိုနာက ထွက်ခဲ့ချင်ကြောင်းကို ပထမဆုံးအကြိမ်ဖွင့်ဟခဲ့တဲ့ မက်ဆီ

Facebook

Twitter

Pinterest

WhatsApp

photo-RAC1

photo-REX

သူ့ရဲ့ပေါင် ၂.၉၅ သန်းအခွန်ကိစ္စနဲ့ပတ်သက်လို့ စပိန်အစိုးရနဲ့ ပြသနာတက်ခဲ့တဲ့ကာလတုန်းက ဘာစီလိုနာက ထွက်ချင်ခဲ့ကြောင်း မက်ဆီက ပထမဆုံးအကြိမ်အဖြစ် ဖွင့်ဟလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က သူ့ဆီကို ဘာကမ်းလှမ်းမှုမှ ရောက်မလာခဲ့ပါဘူး။ မက်ဆီဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်လျှောက်လုံး ဘာစီလိုနာမှာပဲ ကစားခဲ့တာဖြစ်ကာ တစ်သင်းတည်းကစားသူဖြစ်လိုတဲ့အကြောင်း မကြာခဏဆိုသလိုပဲ ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း ၂၀၁၇ နွေရာသီအတွင်းမှာ ကမ်းလှမ်းမှုတစ်ခုသာ ရောက်လာမယ်ဆိုရင် အရာအားလုံးဟာ အများကြီးပြောင်းလဲသွားနိုင်ပါတယ်။

photo-gettyimages

”အဲဒီအချိန်တုန်းက ဘဏ္ဍရေးပိုင်းနဲ့ပတ်သက်လို့ ရှု့ပ်ရှုပ်ထွေးထွေးဖြစ်နေခဲ့ပါတယ်။ ကျွန်တော် ထွက်ခွာချင်ခဲ့ပါတယ်။ ဘာစီလိုနာကနေ ထွက်ချင်လို့မဟုတ်ဘဲ စပိန်ကနေ ထွက်ချင်လို့ပါ။ အရမ်းကိုလွှဲမှားစွာနဲ့ ကျွန်တော်ဆက်ဆံခံရတယ်လို့ ခံစားမိလို့ပါ။ တရားဝင်ကမ်းလှမ်းမှုတစ်ခုမှတော့ ကျွန်တော်မရခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီမှာဆက်ရှိချင်တဲ့ ကျွန်တော့်အိုင်ဒီယာကို အားလုံးက သိကြပါတယ်”လို့ မက်ဆီက အင်တာဗျူးတစ်ခုမှာ ဖွင့်ဟခဲ့တာပါ။

photo-RAC1

မက်ဆီဟာ လက်ရှိမှာ ဘာစီလိုနာနဲ့အတူ သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ ၁၆ ရာသီမြောက်ကို ဖြတ်သန်းနေပါတယ်။ ၂၀၀၃ နိုဝင်ဘာမှာ သူစတင်ပွဲဦးထွက်ခဲ့ကတည်းက ဘာစီလိုနာအတွက် ၆၉၂ ပွဲမှာ ၆၀၄ ဂိုးသွင်းပေးနိုင်ခဲ့ပြီး နှစ်ပေါင်းများစွာတိုင်အောင် ဘာစီလိုနာအတွက် ဆက်လက်ကစားနိုင်ဦးမယ့်ပုံပါပဲ။ သူ့ရဲ့အနာဂါတ်ကိုမေးမြန်းတော့ မက်ဆီက”ဒီကနေ့အထိတော့ ကျွန်တော်နဲ့ကျွန်တော့်မိသားစုက ဒီမှာပဲ အဆုံးသတ်ဖု့ိပါ။ အထူးသဖြင့် ဒီမှာ ကျွန်တော်တို့ အစစအရာရာအဆင်ပြေနေပါတယ်”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

[Zawgyi]

အခြန္ကိစၥေၾကာင့္ ဘာစီလိုနာက ထြက္ခဲ့ခ်င္ေၾကာင္းကို ပထမဆုံးအႀကိမ္ဖြင့္ဟခဲ့တဲ့ မက္ဆီ

သူ႔ရဲ႕ေပါင္ ၂.၉၅ သန္းအခြန္ကိစၥနဲ႔ပတ္သက္လို႔ စပိန္အစိုးရနဲ႔ ျပသနာတက္ခဲ့တဲ့ကာလတုန္းက ဘာစီလုိနာက ထြက္ခ်င္ခဲ့ေၾကာင္း မက္ဆီက ပထမဆုံးအႀကိမ္အျဖစ္ ဖြင့္ဟလုိက္ပါတယ္။ ဒါေပမဲ့ အဲဒီအခ်ိန္က သူ႔ဆီကို ဘာကမ္းလွမး္မႈမွ ေရာက္မလာခဲ့ပါဘူး။ မက္ဆီဟာ သူ႔ရဲ႕ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀တစ္ေလွ်ာက္လုံး ဘာစီလုိနာမွာပဲ ကစားခဲ့တာျဖစ္ကာ တစ္သင္းတည္းကစားသူျဖစ္လုိတဲ့အေၾကာင္း မၾကာခဏဆုိသလုိပဲ ေျပာခဲ့ဖူးပါတယ္။ ဒါေပမဲ့လည္း ၂၀၁၇ ေႏြရာသီအတြင္းမွာ ကမ္းလွမ္းမႈတစ္ခုသာ ေရာက္လာမယ္ဆုိရင္ အရာအားလုံးဟာ အမ်ားႀကီးေျပာင္းလဲသြားႏိုင္ပါတယ္။

”အဲဒီအခ်ိန္တုန္းက ဘ႑ေရးပိုင္းနဲ႔ပတ္သက္လုိ႔ ရႈ႔ပ္ရႈပ္ေထြးေထြးျဖစ္ေနခဲ့ပါတယ္။ ကၽြန္ေတာ္ ထြက္ခြာခ်င္ခဲ့ပါတယ္။ ဘာစီလုိနာကေန ထြက္ခ်င္လုိ႔မဟုတ္ဘဲ စပိန္ကေန ထြက္ခ်င္လုိ႔ပါ။ အရမ္းကိုလႊဲမွားစြာနဲ႔ ကၽြန္ေတာ္ဆက္ဆံခံရတယ္လုိ႔ ခံစားမိလုိ႔ပါ။ တရား၀င္ကမ္းလွမ္းမႈတစ္ခုမွေတာ့ ကၽြန္ေတာ္မရခဲ့ဘူး။ ဘာေၾကာင့္လဲဆုိေတာ့ ဒီမွာဆက္ရွိခ်င္တဲ့ ကၽြန္ေတာ့္အိုင္ဒီယာကို အားလုံးက သိၾကပါတယ္”လို႔ မက္ဆီက အင္တာဗ်ဴးတစ္ခုမွာ ဖြင့္ဟခဲ့တာပါ။

မက္ဆီဟာ လက္ရွိမွာ ဘာစီလိုနာနဲ႔အတူ သူ႔ရဲ႕ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ ၁၆ ရာသီေျမာက္ကို ျဖတ္သန္းေနပါတယ္။ ၂၀၀၃ ႏုိ၀င္ဘာမွာ သူစတင္ပြဲဦးထြက္ခဲ့ကတည္းက ဘာစီလုိနာအတြက္ ၆၉၂ ပြဲမွာ ၆၀၄ ဂိုးသြင္းေပးႏိုင္ခဲ့ၿပီး ႏွစ္ေပါင္းမ်ားစြာတုိင္ေအာင္ ဘာစီလုိနာအတြက္ ဆက္လက္ကစားႏိုင္ဦးမယ့္ပုံပါပဲ။ သူ႔ရဲ႕အနာဂါတ္ကိုေမးျမန္းေတာ့ မက္ဆီက”ဒီကေန႔အထိေတာ့ ကၽြန္ေတာ္နဲ႔ကၽြန္ေတာ့္မိသားစုက ဒီမွာပဲ အဆုံးသတ္ဖု႔ိပါ။ အထူးသျဖင့္ ဒီမွာ ကၽြန္ေတာ္တို႔ အစစအရာရာအဆင္ေျပေနပါတယ္”လုိ႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*