လေဖြတ်ထား လို့ စကားမ ပီ လုံးဝါးေ နသူများအ တွက် ဆေးစွမ်းေ ကာင်း

လေဖြတ် ထားလို့ စကားမပီပဲ လုံးဝါးနေသူများအတွက် တကယ်စွမ်းတဲ့ ဆေးနည်းလေးမို့ မျှဝေလိုက်ပါတယ်။လေဖြတ်ပြီးနောက် စကားမသွက်သူများ၊ စကားမပီသသူများ ရှိနေကြပါသည်။ မိဘဆွေမျိုးများနှင့် ရင်းနှီးသော မိတ်ဆွေများထဲတွင်လည်း မကြာခဏ မြင်တွေ့ရ၍ အတော်စိတ်မကောင်း ဖြစ်ကြပေလိမ့်မည်။

မိတ်ဆွေတစ်ဦး လေဖြတ်သည်ကြား၍ သွားရောက်ကြည့်ရှု့ရာ ထိုဝေဒနာရှင်မှာ စကားများစွာ ပြောနေရှာသော်လည်း ဗလုံးဗထွေး ဖြစ်နေ၍ အတော်ကို စိတ်မကောင်းဖြစ်ခဲ့ရပါသည်။နောက်တစ်ဖန် ထပ်မံသွားရောက်ခဲ့ရာ ယခင်နှင့်မတူ စကားပြောသံကို ပီပီသသသဲသဲ ကွဲကွဲကြားရပြီး စကားပြောပါသွက်လာသည်မို့ ဘယ်လိုကုလိုက်တာလဲ မေးကြည့်ရာ သပွတ်ခါးသီးကို တောကများများရှာဝယ်ပြီး

လူတစ်ယောက် ကောင်းကောင်းနင်းနိုင်အောင်ကျယ်သည့် စဉ့်အင်တုံတွင် ဆား(၁၀)သား အောက်ခံထားကာ အပေါ်တွင် သပွတ်ခါးသီးစိမ်း (၁၀)လုံးကို တင်၍ နေ့တိုင်း နံနက်တစ်ခါ၊ ညနေတစ်ခါ နင်းပေးခြင်းကြောင့် ဖြစ်သည်ဟု ဆိုပါသည်။အိပ်ရာမှ မထနိုင်သူများအား သပွတ်ခါးသီးနှင့် ဆားရောပြီး အမြှုပ်ထနေသော သပွတ်ခါးဖြင့် ခြေထောက်နှင့် လက်များကို ပွတ်ပေးရသည်ဆိုပါသည်။ သပွတ်ခါးကို အမြှုပ်ထွက်အောင်ပြုပြီးလည်း ပွတ်တိုက်ပေးနိုင်ပါသည်။

ထိုသို့ပြုလုပ်ခြင်းဖြင့် သပွတ်ခါး၏အခါးသည် ပါးစပ်ဆီသို့ အခါးဓာတ်ရောက်ရှိစေပြီး စကားပြောပီသလာခြင်းဖြစ်ကြောင်း သိရတော့သည်။ မတ်တက်ရပ်၍ နင်းနိုင်သူအတွက် သပွတ်ခါး အမြှုပ်ထွက်အောင် နင်းရပါသည်။လေဖြတ်၍ စကားမပီသူများ သပွတ်ခါးနင်းခြင်းဖြင့် စကားပြောပီသလာပါစေ။

လေးစားစွာဖြင့် ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top