
လူကြီးတွေပြောတာကြားဖူးကြမှာပါ။ စားသတိ လာသတိ သွားသတိဆိုတာ။ အရာရာကို သတိကပ်ပြီး လုပ်ဆောင်တာ အကောင်းဆုံးပါပဲ။ အခုလဲ စင်ကာပူနိုင်ငံက လမ်းမတစ်ခုပေါ်မှာ အမျိုးသမီးတစ်ယောက်ဟာ သတိမထားမိဘဲ ကားပါကင်က မောင်းတံကြီးကို ဝင်တိုက်မိပြီး နောက်ပြန်လဲကျသွားတဲ့ ဟာသဆန်ဆန်အဖြစ်အပျက်လေးတစ်ခုကို တင်ပြချင်ပါတယ်။
Asia One သတင်းဌာနရဲ့ ဖော်ပြချက်အရ အဆိုပါ ဗီဒီယိုတိုလေးဟာ စင်ကာၤပူနိုင်ငံရှိ လူမှုကွန်ယက်မှာ တော်တော်ရေပန်းစားနေကြောင်းသိရပါတယ်။ ဗီဒီယိုထဲမှာတွေရတဲ့အတိုင်း ပထမတစ်ခါမှာလဲ အဆိုပါအမျိုးသမီးဟာ လမ်းကို မဆင်မခြင်ကူးခဲ့တာကြောင့် ကားတစ်စီးနဲ့ တိုက်မိမလိုတောင် ဖြစ်သွားပါတယ်။ ဒုတိယတစ်ခါမှာလဲ သူမရဲ့ နမော်နမဲ့နိုင်မှုကြောင့် ကားပါကင်က မောင်းတံကြီးကျလာတာကို မမြင်ပဲ ဝင်တိုက်မိကာ နောက်သို့ ပက်လက်လန်ကျခဲ့တာကို တွေ့ရမှာပါ။ တကယ့်ကို ဟာသဆန်ဆန်ဖြစ်ရပ်လေးတစ်ခုပါ။


ဒီဗီဒီယိုလေးကို အွန်လိုင်းပေါ် တင်လိုက်တဲ့အခါမှာတော့ လူတစ်ချို့က “ ဒီဗီဒီယိုကို ငါပြန်ကြည့်ဖြစ်တာ သုံးလေးခေါက်လေက်ရှိတယ်၊ တစ်ကယ်ရယ်ရတယ်ဟေ့” “ ကောင်မလေးက ကားမောင်းတဲ့သူရဲ့ စိတ်အာရုံကို ဖမ်းစားနေချင်တာလားမသိဘူး” “ ဒီအရွယ်ကြီးရောက်နေပြီ ကလေးကျနေတာပဲ နမော်နမဲ့နဲ့” အစရှိသဖြင့် မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။
ကားလမ်းဖြတ်ကူးတဲ့ အချိန်မှာတော့ ဖုန်းသုံးတာကို ခဏလေးရပ်ပြီး ဘေးပတ်ဝန်းကျင်ကို သတိထားကြည့်တာကတော့ အန္တရာယ်အကင်းဆုံးနဲ့ အကောင်းဆုံးပါပဲ ……
Pyi Hein Kyaw