
လန်ဒန်မြို့မှာရှိတဲ့ ရမြောင်းတစ်ခုထဲက ဇီးကွက်လေးတစ်ကောင်ဟာ အရမ်းဝနေပြီး ပျံသန်းဖို့ အဆင်မပြေဖြစ်နေတဲ့အပြင် ဒဏ်ရာအနည်းငယ် ရနေတာကြောင့် ကယ်တင်ပြီး Sunffold Owl Sanctuary ဇီးကွက်စောင့်ရှောက်ရေးဂေဟာသို့ ပို့ခဲ့ရကြောင်း Lad Bible သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ဂေဟာက ဝန်ထမ်းတွေကတော့ အဆိုပါ ဇီးကွက်လေးကို ကုသမှုတွေ ပြုလုပ်ပေးကာ ဝိတ်လျှော့ပြီးမှ အဆိုပါဇီးကွက်လေးဟာ ပျံသန်းလို့ အဆင်ပြေမှာဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ဇီးကွက်လေးရဲ့ ကိုယ်အလေးချိန်ဟာ ၂၄၅ ဂရမ်ဖြစ်နေပြီး အနည်းဆုံး ၂၀ ဂရမ်နဲ့ ၃၀ ဂရမ်ကြားထဲ ဝိတ်ချရမှာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ဇီးကွက်လေးကို ရှာတွေ့ခဲ့ရတဲ့နေရာတစ်ဝိုက်မှာ ကြွက်တွေနဲ့ အင်းဆက်ကောင်တွေ ပေါများလွန်းပြီး ဇီးကွက်လေးဟာ အရမ်းကို အစားသောင်းကျန်းခဲ့တာကြောင့် ဒီလိုမျိုးအဆမတန်ဝိတ်တွေတတ်နေတာ ဖြစ်နိုင်ကြောင်း သိရပါတယ်။
This soggy little owl was found in a ditch a few weeks ago. Usually in these instances we assume injury of sorts that is…
Posted by Suffolk Owl Sanctuary on Wednesday, January 29, 2020
“ ဒီဇီးကွက်လေးက တော်တော်အစားသောင်းကျန်းတယ်ဗျ။ ဂေဟာမှာ သူအစာစားတဲ့အချိန်ဆို အစာကို မနည်းကန့်သတ်ထားရတယ်။ လေ့ကျင့်ခန်းတွေလည်း ပုံမှန်တော့ သူ့ကိုလုပ်ပေးနေပါတယ်” လို့ ဂေဟာက ဝန်ထမ်းတစ်ယောက်က ပြောပြခဲ့ပါတယ်။ ရက်သတ္တပတ် အနည်းငယ်အကြာမှာတော့ အဆိုပါဇီးကွက်လေးကို သစ်တောအုပ်ထဲသို့ သွားပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။
Pyi Hein Kyaw