ပြည်သူများ၏အခက်အခဲကိုတင်ပြနိုင်မည့် မြို့နယ်ခန်းမအစည်းအဝေးများ စတင်ဆောင်ရွက်နေ

ပြည်သူများ၏အခက်အခဲကိုတင်ပြနိုင်မည့် မြို့နယ်ခန်းမအစည်းအဝေးများစတင်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။ ဖေဖော်ဝါရီလ (၄)ရက်ကကျင်းပသည့် ဘုရင်နောင့်လမ်းဆုံနှင့် နာနတ်တောလမ်းဆုံလူကူးခုံးကျော်တံတား ဖွင့်ပွဲအခမ်းအနားတွင် အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။

“ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ပြည်သူလူထုရဲ့လိုအပ်ချက်တွေကိုလိုအပ်တဲ့နေရာတွေမှာ ဖြည့်ဆည်းပေးနိုင်ဖို့အတွက်ဒေသခံပြည်သူလူထုတွေနဲ့တွေ့ဆုံဆွေးနွေးဖို့အဖြေရှာနေတာတွေ များစွာရှိပါတယ်။ နောက်ပိုင်းမှာလည်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ပြည်သူလူထုကြားမှာတွေ့ဆုံမှုတွေကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားနိုင်ဖို့အတွက်ကြိုးပမ်းဆောင်ရွက်နေတာတွေရှိပါတယ်။ ပြည်သူနဲ့တွေ့ဆုံနိုင်တဲ့ Town Hall Meeting(မြို့နယ်ခန်းမအစည်းအဝေး)တွေကိုလည်းစတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ Town Hall Meeting တွေမှာ ပြည်သူလူထုက ရပ်ရွာရဲ့အခက်အခဲတွေ၊ ရပ်ရွာရဲ့အခြေအနေများအားလုံးကို တင်ပြနိုင်မှာဖြစ်ပါတယ်။”ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။

Image may contain: plant, sky, tree and outdoor

Image may contain: plant, sky, tree and outdoor

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်သူသိလိုသောအချက်အလက်များကိုပွင့်လင်းမြင်သာစွာ ချပြရန်တာဝန်ရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူများနှင့်ဖေဖော်ဝါရီလ (၁)ရက်ကတွေ့ဆုံစဉ်ပြောကြားထားသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ၂၀၁၇-၁၈ စာရင်းစစ်ချုပ်အစီရင်ခံစာနှင့်ပတ်သက်ပြီူ ပြန်လည်ဖြေရှင်းခြင်းမပြုဟုပြောကြားထားသည့်အပေါ်ကိုလည်း ဝေဖန်မှုများရှိနေသည်။ ထို့အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့ကမူ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် (၃/၂၀၁၈)အရသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးနောက်ဆုံးနေ့တွင် ပြန်လည်ရှင်းလင်းထားသည်။

Image result for ဖြိုးမင်းသိန်း

Image result for ဖြိုးမင်းသိန်း

#အကုန္သိ

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top