တရုတ်မှာ ကျန်းမာရေးကြောင့် ရွာထဲပေးဝင်မခံတော့လို့ လမ်းဘေးခြုံနားမှာနေနေရတဲ့ မြန်မာလုပ်သား ဆယ်ဦး

ကိုရိုနာဗိုင်းရပ်(စ်) ကြောင့်တရုတ်ပြည်အနေနဲ့မြို့တစ်ချို့ကိုပိတ်ထားပြီး တစ်မြို့နှင့်တစ်မြို့ ဖြတ်သန်းသွားမရအောင်တားဆီးထားတာဖြစ်တဲ့အတွက် တစ်နယ်နှင့်တစ်နယ်ကူးသန်းလို့မရတဲ့အခြေနေမှာရှိနေတာဖြစ်ပါတယ်။

ယခုအခါ တရုတ်ပြည်မှာ အခန်းငှားနေကြတဲ့ မြန်မာလုပ်သားတစ်ချို့ကို ကျန်းမာရေးကြောင့်နေထိုင်ခွင့်မပြုတော့သဖြင့် မြန်မာလုပ်သားတစ်ချို့ဒုက္ခရောက်နေကြကြောင်းကို လူမှုကွန်ယက်စာမျက်နှာမှာရေးသားဖော်ပြပြီးအကူညီတောင်းခံခဲ့တာဖြစ်ပါတယ်။

အကူညီလေးတောင်းချင်ပါတယ်ဗျာ တရုတ်ပြည်မှာအခန်းငှါးနေရင်းအဲဒီရွာကလူတွေ ကျမ္မားရေးကြောင့်ဆိုပြီးအခန်းမှာနေခွင့်မပြုတော့ပါတခြားနေရာသွားတော့လဲ ရွာတိုင်းရွာတိုင်းမှာလုံခြုံရဲတွေရှိပါတယ် သူတို့ကပေးမဝင်ပါ။

မြန်မာပြည်ပြန်မယ်ဆိုတော့လဲ ကားသမားတွေမပို့ရဲကြပါရဲဆီမှာအဖမ်းခံတော့လဲ လူမရှိတဲ့နေရာတွေမှာပစ်ထားခဲ့ပါတယ်မြန်မာပြည်ကိုပြန်မပို့ပေးပါဘူးအခုကတေားထဲမှာပဲနေ နေ ရပါတယ်အကူညီပေးနိုင်ကူညီပေးကြပါဗျာလူအယောက်ဆယ်ကျော်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top