ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ဆေး ထုတ်လုပ်နိုင်သူကို ယွမ် ၁ သန်းချီးမြှင့်မယ့် #ဂျက်ကီချန်း

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါ တိုက်ဖျက်ရေး ထုတ်လုပ်နိုင်သူကို မင်းသား ဂျက်ကီချန်းက ယွမ် ၁ သန်း ဆုချီးမြှင့်မြင်မယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။

Image result for Jackie Chan

ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ရုပ်ရှင်ရုံတွေမှာ လူအဝင်နည်းနေတဲ့ကိစ္စကို စိုးရိမ်နေတဲ့ မင်းသားချန်းက အခုလိုမျိုး ရောဂါကူးစက်ခံနေရသူတွေကို အားပေးဖို့နဲ့ သီချင်းတွေ ဖန်တီးပေးဖို့အပြင် သူတတ်နိုင်သမျှ လုပ်သွားမယ့် အကြောင်း ဖေဖော်ဝါရီလ ၄ ရက်နေ့မှာပဲ Weibo ကနေ တဆင့် ရေးသားထားတာပါ။

Image result for Jackie Chan

“သိပ္ပံနဲ့ နည်းပညာဟာ ဒီဗိုင်းရပ်စ်ကို ကျော်လွှားနိုင်ဖို့ အဓိက သော့ချက်ဖြစ်ပါတယ်။ ကျနော့်လိုပဲ လူတော်တော်များများမှာ တူညီတဲ့အတွေးတွေရှိမယ်လို့ ယုံကြည်ပြီး ဖြစ်နိုင်ရင်အမြန်ဆုံး တိုက်ဖျက်ဆေး ဖော်ထုတ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ကျနော့်မှာ အခုထူးခြားတဲ့ အိုင်ဒီယာ ရှိပါတယ်။ ဒီ တိုက်ဖျက်ဆေးကို ထုတ်လုပ်နိုင်တဲ့ ဘယ်လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းပဲ ဖြစ်ဖြစ် ယွမ် ၁ သန်းနဲ့ သူတု့ိကို ကျေးဇူးဆပ်ပါ့မယ်” လို့ မင်းသားက ဆိုပါတယ်။

Image result for Jackie Chan

ဒါ့ပေမဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကိုတော့ နားလည်မှုမလွဲကြဖို့ ပြောဆိုထားပါတယ်။ မင်းသားက “ဒါဟာ ပိုက်ဆံအတွက်ပဲ မဟုတ်ပါဘူး။ လမ်းမတွေပေါ်မှာ ဗလာနတ္ထိ ဖြစ်နေတာမျိုး ကျနော် မမြင်ချင်တော့ပါဘူး။ ဘဝကို ပျော်ရွှင်ဖွယ်နေရမယ့် အချိန်မှာ တချို့ဆို သေဆုံးတဲ့အထိ ဖြစ်နေရတဲ့ ဗိုင်းရပ်စ်ကို တိုက်ဖျက်နေရတဲ့ ကျနော့်ရဲ့ တိုင်းသူပြည်သားတွေကိုလည်း မကြည့်ရက်တော့ပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။

Image result for Jackie Chan

မင်းသားရဲ့ပို့စ်ဟာ ဖေဖော်ဝါရီလ ၅ ရက်နေ့၊ နေ့လယ်ဘက်မှာတော့ Like အရေအတွက် ၅၃,၀၀၀ ကျော် ရရှိထားပြီး အင်တာနက် အသုံးပြုသူ တော်တော်များများကလည်း သူ့ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံနေကြပါတယ်။ တရုတ်နိုင်ငံမှာ အကျပ်အတည်းတွေ ပေါ်လာတိုင်း ပါဝင်ဆောင်ရွက်နေတဲ့ မင်းသားကိုလည်း ချီးကျူးနေကြပါတယ်။

Image result for Jackie Chan

တရုတ်ပြည်မကြီးမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၄,၃၀၀ ကျော် ရှိနေပြီး သေဆုံးသူဟာ ၅၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီး ဖြစ်ပါတယ်။

ဧရာဝတီ

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top