ရုပ်ရှင်ဇာတ်လမ်းတွေထက် ဝမ်းနည်းစရာကောင်းတဲ့ မြေးအဖိုး နှစ်ယောက်ကို ဆက်သွယ် လှူဒါန်းနိုင်ပြီ

၉လအရွယ် မိဘမရှိတော့တဲ့ မြေးလေးကို အဖိုးဖြစ်သူက ပိုက်ဆံမတက်နိုင်လို့ pep နို့မှုန့် ၁၀၀တန်တွေဖျော်တိုက် နေရတယ်တဲ့.. အမျိုးသားက သူငယ်ချင်းတယောက် တင်ထားတာတွေ့လို့တဲ့ သမီးလေးအတွက် ကုသိုလ်ရအောင် သမီးရဲ့ လက်ဆောင်ရထားတဲ့ ပစ္စည်းတွေ နို့မူန့်ဘူးတွေ သွားလှူကြရအောင်တဲ့လေ…

မြေးအဖိုး နှစ်ဦးကို သွားတွေ့တော့ ခလေးလေးကို မြင်မြင်ချင်း စိတ်ထဲမကောင်းလိုက်တာ ဘောင်းဘီသေးစိုထားလို့ ဒီတိုင်းလေးနဲ့ရယ်..

အဘက အစကဓမ္မာရုံမှာနေတယ်တဲ့ ခုနေ့ပဲ ဗဟန်းကခေမာရုံဘုန်းကြီးကျောင်းမှာ နေနေရတယ်တဲ့ ခလေးမိဘအကြောင်းတွေပြောပြရင်း သနားစရာခလေး လေးအတွက် အလှူရှင်များများ ကြားသိနိုင်ပီး တက်နိုင်သလောက်လှူဒါန်းနိုင်ကြပါစေလို့

အဘနာမည်က ဦးမောင်မောင်ဝင်းပါ.. ဖုန်းနံပါတ် 09674478024 ဖြင့် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်… (Saung)

“မူလက အလှူရှင်တစ်ဦးတင်ထားသော ပို့စ်”

သြော် လူ့တချို့ ဘဝတွေကလဲ ခါးလိုက်တာနော်.. လူ့လောကကို မရောက်လာခင်က အမေဗိုက်ထဲ နေခဲ့ရပေမဲ့ တကယ်တမ်း လူ့လောကကို ရောက်လာတော့ အမေနို့တောင်မစို့ရဘူး အဘိုးဖစ်သူနဲ့ နေနေရတာ.. အဘိုးက ဝန်းထမ်းဖြစ်ခဲ့ဖူးပင်မဲ့ အငြိမ်းစား ယူသွားရတော့ မြေးကိုစောက်ရှောက်နေရတာ…

ရွှေတိဂုံ ဘုရားဖူး သွားတော့ ကိုယ့်ဘေးနားမှာ ကလေးတယောက်ဆော့နေတာ ကို အရမ်းချစ်စရာကောင်းတော့ ကိုယ်လဲ သူ့အဘိုးကို ပြောပီး ပွေ့ချီပီး ဆော့ပေးနေတာ.. ကလေးက မိခင်ရင်ငွေ့ကို မခံစားခဲ့ရတော့ ကိုယ်ရဲ့ ရင်ဘတ်ထဲမာမှီပီး ငြိမ်နေလိုက်တာ.. ကိုယ် လဲ စိတ်ထဲ မေးချင်စိတ်တွေဖစ်လာတော့ အဘိုးကိုမေးမိတယ်.. သားသား အမေကောမပါဘူးလားဆိုတော့ အဘက မျက်နှာ မဲ့သွားတယ် ပီးမှ ပြောပြတယ်..

ကလေး အမေက မွေးပီးရင် ဆုံးသွားတာတဲ့ အဖေကောဆိုတော့ ကလေးအဖေက သမီးမမွေးခင် တလအလိုမှာ နှလုံးရောဂါနဲ့ ဆုံးသွားတာတဲ့လေ.. စိတ်မကောင်းလိုက်တာဆိုတာလေ.. ကလေးက မိခင်ရင်ငွေ့ကို မခံစားခဲ့ရတော့ ချလို့တောင်မရတော့ဘူး.. သူ့အကြည့်လေးကို ခုထိ မျက်လုံးထဲက မထွက်ဘူး.. အဘိုးက အသက်၆၀.. အဘိုးက သပ်သပ်ရပ်ရပ် လေး နေတော့ ကိုယ် လဲ သူဌေး ထင်တာပေါ့..

ခု အဘိုး ဘယ်မှာနေလဲ ဆိုတော့ ဓမ္မာရုံမာနေတယ်တဲ့.. တညတထောင်တဲ့ပေးနေတာတဲ့.. ပင်စင်လေးက ရတာလေးနဲ့ ကလေး နို့ဖိုးနဲ့ သင့်သလို့ နေထိုင်ရတာပေါ့တဲ့.. ခု ပင်စင်လေးကို ၃လမထုတ်ပဲ စုထားတယ်တဲ့ အခန်းလေး တခန်းငှားရအောင်တဲ့ လေ…

နို့က ဘာတိုက်လဲ ဆိုတော့ နို့ မှုန့် မတိုက်နိူင်တော့ နို့ဆီဘူးကို ပြုတ်ပီ တိုက်ရတာတဲ့လေ.. သြော်ကလေးလေးရယ် လောကဓံ တရားကို ၉ လအရွယ်သားလေး ခံနေရတာ စိတ်မကောင်းလိုက်တာ ကိုယ်လဲ နို့ဘူးလေး ဝယ်ပေးခဲ့ မုန့်လေး ဝယ်ခဲ့ ဖိနပ်လေး ဝယ်ပေး ခဲ့တယ်…

သြော်လောကကြီး လူတိုင်းမှာ ကိုယ် မမြင်နိူင်တဲ့ ဒုက္ခ တွေ များတယ် ဆိုတာ ကိုယ် တိုင်း မြင်ဖူး ကြုံဖူးမှ ပဲ သိတော့တယ်.. တချို့ကလေးတွေ အစားအသောက်အကောင်းစားတွေကျွေးတာတောင် မစားချင်တဲ့ ကလေးလေးဘဝနဲ့ နို့ဆီဘူး ကို မိခင် နို့ မှတ်မိ ပြုံးပီးစို့နေရှာတဲ့ ကလေးလေး ဘဝနဲ့ တွေးရင်းနဲ့ စိတ်မကောင်းဘူး.. ထမင်းဆိုင်က အစ်မတွေက အမြဲတမ်း ထမင်းကျွေးတယ် ပြောတယ်.. အဘလဲ သမီးမရှိတော့ အခြေပျက်သွားတာပေါ့.. အဘကိုလဲသနား ကလေးလေးကိုလဲ သနားတယ်.. အဘအဆင်ပြေပါစေ ဆုတောင်းပေးရင် ကိုယ်လဲ တက်နိူင်သလောက်လှူဒါန်းပေးခဲ့တယ်…

အခု လက်ရှိ အဘကရွှေတိဂုံ ကြေးသွန်း ဘုရားရှေ့က ဓမ္မာရုံ မှာ နေနေတယ်… ကူညီထောက်ပံ့သူများနဲ့ တွေ့ပါစေ အဘရယ်… လိပ်စာလေး တိကျ မရှိတဲ့ အဘကို အဘခက်ခဲရှိရင်ပြောပါဆိုပြီး အဘဖုန်းလေး ယူပီး လစဉ်တိုင်း အဘကို ၃သောင်းလှူပေးပါ့မယ်ဆိုပီး ကိုယ်တက်နိူင်တာတွေ ကန်တော့ခဲ့တာ.. ခု ထိ စိတ်ထဲ မကောင်းသေးဘူး.. ကလေးက အောက်ချလို့ငိုနေတာလေးကို တော်တော်ချစ်ဖို့ကောင်းတဲ့ကလေးပါကွယ်.. အပြစ်ကင်းစင်တဲ့ အရွယ်လေး…

မူရင်းရေးသားသူ via Nat Thamee

#Blacker

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top