သွားကိုက်တယ်လို့ အထင်မှားစေတတ်တဲ့ တခြားရောဂါလက္ခဏာ (၅) ခု အကြောင်း

Freepik-freepik

သွားဖုံးကျင်တာ၊သွားကျင်တာတို့လို သွားကိုက်တာနဲ့ပတ်သက်တဲ့ လက္ခဏာတွေများစွာရှိပါတယ်။ ဒါပေမယ့် သင်သိထားရမှာက သွားနဲ့ဆိုင်တဲ့ ကိစ္စတိုင်းဟာ သွားကိုက်တဲ့ လက္ခဏာမဟုတ်ပါဘူး။ တစ်နည်းပြောရရင် သွားကိုက်တယ်ထင်တဲ့ နာကျင်မှုတွေဟာ တခြားရောဂါလက္ခာကြောင့်ဖြစ်တဲ့ နာကျင်မှုဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အထင်မလွဲမှားစေဖို့ Bright Side ကနေ အခုလိုကိုးကားပြီး ဖော်ပြပေးလိုက်ပါတယ်။

မေးရိုးပြဿနာ

သွားနာတယ်လို့ထင်ရတဲ့ နာကျင်မှုဟာ သင့်ရဲ့မေးရိုးပြဿနာကြောင့်ဖြစ်နိုင်ပါတယ်။ မေးအရိုးအဆက်နေရာတွေချို့ယွင်းမှုကြောင့်ဖြစ်တဲ့ နာကျင်မှုကို သွားကနာကျင်မှုကြောင့်လို့ အထင်မှားနိုင်ပါတယ်။ မေးရိုးအဆစ်ချို့ယွင်းမှုကြောင့် ပါးစပ်ဟတဲ့အခါ မေးခိုင်သွားတတ်ပြီး မေးရိုးကြွက်သားတွေလှုပ်တတ်ပါတယ်။ ဒါကို မေးရိုးအဆစ်လွဲတယ်လို့ခေါ်ပါတယ်။

Freepik-freepik

နှာခေါင်းနဲ့ဆိုင်တဲ့ပြဿနာ

ဒီရောဂါက ချွဲအမြှေးပါးရောင်ခြင်းကြောင့်ဖြစ်ပေါ်နိုင်ပါတယ်။ အဲ့ဒီလိုဖြစ်တဲ့အခါ နှာခေါင်းလမ်းကြောင်းကို နာကျင်စေတာပါ။ နှာခေါင်းလမ်းကြောင်းအောက်ခြေအနီးမှာ သွားရဲ့အမြစ်တွေရှိတာကြောင့် အပေါ်ဖက်အံဆုံးကို သက်ရောက်မှုရှိသွားတာပါ။ ဒီတော့ တကယ်ဖြစ်တဲ့ နှာခေါင်းက နာကျင်မှုကို သွားကိုက်တယ်လို့ ထင်နေတတ်ပါတယ်။

နှလုံးပြဿနာ

နှလုံးကနာကျင်မှုကြောင့် တစ်ခါတစ်ရံ ခန္ဓာကိုယ်အစိတ်အပိုင်းအမျိုးမျိုးကို နာကျင်စေပါတယ်။ ဘယ်ဖက်ပခုံးနဲ့လက်တွေဆို အမြဲလိုလိုနာကျင်နေတတ်တာပါ။ နောက်ပြီး အောက်သွားတွေနဲ့မေးရိုး နားမှာလည်း နာကျင်နိုင်ပါတယ်။ ဒီလက္ခဏာတွေဟာ နှလုံးရောဂါကြောင့် ခန္ဓာကိုယ်လှုပ်ရှားတဲ့အခါ် ရင်ခေါင်းအောင့်ခြင်းလက္ခဏာဖြစ်ပြီး နှလုံးတိုက်ခိုက်မှုဖြစ်မယ့် လက္ခဏာအစဖြစ်ပါတယ်။

Freepik-freepik

တံထွေးကျောက်ပြဿနာ

တံထွေးကျောက်ရောဂါက တံတွေးဂလင်းတစ်ခုရဲ့ လမ်းကြောင်းမှာ ဖြစ်ပေါ်စေပါတယ်။ အဲဒီကျောက်က အရွယ်အစားတစ်ခုထိရှိလာတဲ့အခါ တံတွေးပြွန်ကို ပိတ်ဆို့စေပါတယ်။ အဲ့ဒီကနေ သွားကိုက်သလိုဖြစ်လာပြီး၊ ယောင်ယမ်းမှုတွေဖြစ်ပေါ်လာစေပါတယ်။ ဒီရောဂါကို စစ်ဆေးသိရှိနိုင်ဖို့အတွက် ဓာတ်မှန်ရိုက်ဖို့ လိုအပ်ပြီး ၊ ကျောက်က သေးတယ်ဆိုရင်တော့ ခွဲစိတ်ဖို့ထိမလိုဘူးလို့သိရပါတယ်။

အဆုတ်ပြဿနာ

အဆုတ်ရောဂါနဲ့ သွားရောဂါက အပြန်အလှန် ဆက်စပ်နေတာပါ။ သွားနဲ့မေးရိုးတွေနာကျင်ပြီဆိုရင် အဆုတ်ကင်ဆာဖြစ်နိုင်တဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ လည်ပင်းနဲ့ခေါင်း အနီးတစ်ဝိုက်နေရာကို ရောဂါပြန့်သွားတဲ့အခါ ခံတွင်းမှာနာကျင်မှုကိုဖြစ်ပေါ်စေပါတယ်။

Khaing

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top