အင်တာနက်သုံးရင်းကြည့်ခဲ့တဲ့ဗီဒီယိုတစ်ခုကြောင့် အသက်ကယ်နိုင်ခဲ့တဲ့ ၉ နှစ်သားလေး

[email protected]cicki

ဒီဘက်ခေတ်မှာ ကြီးပြင်းလာတဲ့ကလေးတွေက အချိန်ရှိသရွေ့ ဖုန်းနဲ့ မျက်နှာကပ်နေတတ်ကြပါတယ်။ များသေားအားဖြင့် ကလေးတွေဟာ ဖုန်းနဲ့ ဂိမ်းဆော့ရင်ဆော့၊ မဆော့ရင် ကာတွန်းကားတွေ ကြည့်တတ်ပါတယ်။ တစ်ချို့ကလေးတွေကတော့ လေ့လာစူးစမ်းချင်တဲ့စိတ်နဲ့ သူတို့အတွက် အကျိုးရှိတာတွေ ကြည့်ကြပါတယ်။ ဥပမာ- Youtube ကနေ ကိုယ်ကြိုက်တဲ့ အကြောင်းအရာတွေ ရှာဖွေတာတွေ၊ အသက်ရှုကျပ်နေရင် လူတစ်ယောက်ကို ဘယ်လိုကယ်ရမလဲ အစရှိတဲ့ ဗီဒီယိုတွေ ကြည့်တတ်ကြပါတယ်။ အဲဒီထဲမှာ Timothy Prather ဆိုတဲ့ ကောင်လေးလဲ ပါပါတယ်။

[email protected]

အသက် ၉နှစ်အရွယ်သာရှိသေးတဲ့ Timothy လေးဟာ အားလပ်ချိန်တွေမှာ Youtube က ဗီဒီယိုတွေကို ကြည့်ရင်းသာ အချိန်ကုန်လေ့ရှိပါတယ်။ သူကြည့်တဲ့ Video တွေကတော့ တခြားကလေးတွေနဲ့ မတူပါဘူး။ လူတစ်ယောက်အစာနင်နေရင်ပဲဖြစ်ဖြစ်၊ အသက်ရှုကျပ်နေရင်ပဲဖြစ်ဖြစ် ဘယ်လိုကယ်ဆယ်ရမလဲ၊ အရေးပေါ်ကယ်ဆယ်နည်းတွေ အစရှိတဲ့ ဗီဒီယိုတွေကို အကြည့်များပါတယ်။ ဒါ့ကြောင့်လဲ သူ့ညီတစ်ဝမ်းကွဲလေးအသက်ရှုကျပ်နေတာတွေ့တွေ့ချင်း အချိန်မှီ ကယ်ဆယ်နိုင်ခဲ့တာ ဖြစ်ကြောင်း Story Pick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

“ ကျွန်တော်အဲဒီနေ့က ညီလေးရှိတဲ့အိမ်ကို အလည်သွားပါတယ်။ ကစားနေတဲ့အချိန်မှာ ညီလေးက ကြမ်းပြင်ကို ခြေထောက်နဲ့ဆောင်ပြီး လည်းချောင်းကို လက်တစ်ဖက်နဲ့ ကိုင်ထားတယ်။ ကျွန်တော်မေးတော့လဲ ကျွန်တော့်ကို စကားတောင်မပြောနိုင်ပါဘူး။ ဒါ့ကြောင့် ကျွန်တော့်စိတ်ထဲမှာ တပ်အပ်သိလိုက်တာက သူ အသက်ရှုကျပ်နေပြီဆိုတာပဲ။ ဒါ့ကြောင့် ကျွန်တော် Youtube က ကြည့်ထားတဲ့ ဗီဒီယိုထဲကအတိုင်း အရေးပေါ်ကယ်ဆယ်နည်းတစ်ခုနဲ့ ချက်ချင်းကယ်ဆယ်လိုက်နိုင်ပါတယ်။ သူ့ကို အချိန်မှီလေး ကယ်ဆယ်နိုင်ခဲ့ပြီး သူအသက်ရှင်ခဲ့တဲ့အတွက်ကြောင့် ကျွန်တော် တကယ်ကို ဝမ်းသာရပါတယ်” လို့ Timothy လေးက ပြောခဲ့ပါတယ်။

[email protected]

Timothy လေးရဲ့ အကြောင်းကို ကြားသိသွားတယ့် Youtube ရဲ့ CEO ဖြစ်သူ Susan Wojcicki က Timothy လေးရဲ့ အကြောင်းကို သူမရဲ့ Twitter အကောင့်မှ share ခဲ့ကြောင်း သိရပါတယ်။ ဒီအကြောင်းကို တွေ့သွားတဲ့လူတော်တော်များများက Timothy လေးရဲ့ လုပ်ရပ်ကို ချီးကျူးနေကြပါတယ်။

[email protected]
[email protected]

Pyi Hein Kyaw

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top