Boeing လေယာဉ်ကြီး ဘီးချော်ကာ သုံးပိုင်းကွဲထွက်သွားပြီး လူသုံးဦးထက်မနည်း သေဆုံး

ခရီးသည်တင်လေယာဉ်ကြီး တူရကီနိုင်ငံ အစ္စတန်ဘူမြို့ရှိ လေဆိပ်တွင်ဆင်းသက်ရာ ဘီးချော်သွားပြီး သုံးပိုင်းကွဲထွက်သွားကာ လူသုံးဦးထက်မနည်းသေဆုံးသွားသည့်အပြင် လူပေါင်း ၁၇၀ ကျော် ထိခိုက်ဒဏ်ရာရသွားကြောင်း ဖေဖော်ဝါရီလ ၆ ရက် ဘီဘီစီသတင်းက ဆိုသည်။

ခရီးသည်ပေါင်း ၁၇၁ ဦးနှင့် လေယာဉ်ဝန်ထမ်းပေါင်း ခြောက်ဦး တင်ဆောင်လာသည့် Boeing 737 လေယာဉ်ကြီးသည်မိုးနှင့်လေ ပြင်းထန်နေချိန်တွင် ဆင်းသက်ရန်လုပ်စဉ် ထိုအဖြစ်ဆိုးနှင့် ကြုံလိုက်ရခြင်းဖြစ်သည်။ လေယာဉ်သည် ပြေးလမ်းမှချော်ထွက်သွားပြီး နောက်ဆုံးတွင်ပေ ၁၀၀ ကျော်အထိ ပြုတ်ကျသွားကာ အပိုင်းပိုင်း သွင်သွင်ကျိုးထွက်သွားတော့ခြင်းဖြစ်သည်။

လေယာဉ်ပေါ်လိုက်ပါလာသူများတွင် အများစုသည် တူရကီနိုင်ငံသားများဖြစ်ပြီးနိုင်ငံခြားသား ၂၂ ဦးသာ ပါသည်။ တူရကီပြည်တွင်းခရီးစဉ် ပြေးဆွဲသည့် ယင်းလေယာဉ်ကြီးပေါ်တွင် ကလေးအနည်းငယ်လည်း လိုက်ပါလာကြောင်း သိရသည်။

ပြည်မြန်မာ

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top