အမေရိကန်ဘောလုံးကစားပွဲကနေ မထင်မှတ်ဘဲနာမည်ကြီးလာတဲ့ မိန်းမချောလေး

[email protected] Hunt

Gracie Hunt ဆိုတဲ့မိန်းကလေးဟာ Super Bowl တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တွေကနေပြီးတော့ နာမည်ကြီးလာကြောင်း Cleveland သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

The Kansas City Chiefs အသင်းဟာ Super Bowl ပွဲစဉ်တောက်လျှောက်မှာ အောက်ဆုံးကနေပြီးတော့ ထိပ်ဆုံးထိရောက်အောင် တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ဖိုင်နယ်ပွဲစင်မှာ Chiefs အသင်းက ဗိုလ်စွဲသွားခဲ့ပါပြီ။ အသင်းတစ်သင်းဗိုလ်စွဲမယ်ဆိုရင် အပျော်ဆုံးလူသားတွေဟာ ကစားသမားတွေကိုယ်တိုင်နဲ့ နောက်.. အသင်းပိုင်ရှင်တွေပေ့ါ။ ဒါပေမဲ့ ဒီနှစ်ဖိုင်နယ်ပွဲစဉ်တစ်လျှောက်လုံး အားလုံးထက် ပိုပြီးပျော်နေတယ်လို့ ထင်ရတဲ့ ကောင်မလေးတစ်ယောက်ရှိနေခဲ့ပါတယ်။ သူမကတော့ Gracie ပါပဲ။

ဂိုးတစ်ခါသွင်းလို့ point တစ် point ရတိုင်း Gracie တစ်ယောက် ထခုန်တာခုန်တာဆိုတာ မီဒီယာတွေကနေတောင် သတိထားမိတဲ့အထိပါပဲ။

Gracie ဟာ ပွဲစဉ်တောက်လျှောက်မှာ The Kansas City Chiefs အသင်းပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပြီး ပရိသတ်တစ်ချို့ဆိုရင် Twitter ကနေပြီးတော့ အဆိုပါပွဲစဉ်မှာ Hoddie အဖြူဝတ်ထားတဲ့ ကောင်မလေးကဘယ်သူလဲဆိုပြီး တကူးတကတောင် စုံစမ်းနေကြပါတယ်။ တချို့ဆို Chiefs အသင်း ဂိုးများများသွင်းမှရမယ်၊ ဒါမှ Gracie ကို များများမြင်ရမှာဆိုပြီးတောင် Twitter မှာ တကူးတက tweet လုပ်ရတဲ့အထိပါပဲ။

တကယ်တမ်းတော့ Gracie ဟာ The Kansas City Chiefs အသင်းရဲ့ CEO ဖြစ်သူ Clark Hunt ရဲ့ သမီးတစ်ယောက်ပဲဖြစ်ပါတယ်။ Gracie ဟာ အသင်းပိုင်ရှင်ရဲ့ သမီးဖြစ်သော်လည်း အရမ်းကြီး ဟော့ဟော့ရမ်းရမ်းမနေတတ်သူတစ်ဦးပါ။ သူမရဲ့ Instagram မှာလည်း အဝတ်အစားတွေကို ရိုးရိုးလေး ဝတ်ထားတဲ့ပုံတွေသာ အမြဲရိုက်လေ့ရှိပြီး သူမအသင်းကို အားပေးကြောင်း အသင်းတံဆိပ်တွေနဲ့ ပို့စ်တွေကိုသာ အမြဲတင်လေ့ရှိပါတယ်။ နောက် ခရီးသွားတဲ့ ပုံတွေကိုရော။ အခုဆိုရင် သူမကို မော်ဒယ်လ်ကုမ္ပဏီတော်တော်များများက မျက်စိကျနေပြီး ဓာတ်ပုံရိုက်ဖို့တွေ၊ ရုပ်ရှင်ရိုက်ဖို့တွေတောင် ကမ်းလှမ်းမှုတော်တော်များများရှိခဲ့ကြောင်း သိရပါတယ်။

Pyi Hein Kyaw

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top