ငါးကြိမ် မြောက် လက်ထပ်ပေမယ့် (၁၂) ရက်အကြာမှာ လမ်းခွဲခဲ့တဲ့ Pamela Anderson

Image:twitter/@PopCrave & /Pamela Anderson

အမေရိကန်-ကနေဒါ မင်းသမီး Pamela Anderson  ကတော့ ငါးကြိမ် မြောက်  အိမ် ထောင်ရေး ကတော့ ရက်ပိုင်း အတွင်းမှာပဲ ပြိုကွဲ ခဲ့ရပါတယ်။သူမဟာ  ဆံပင်ညှပ်ဆရာ  ဟောင်း၊ရုပ်ရှင်ထုတ်လုပ်သူ Jon Peters နဲ့ လက်ထပ်လိုက်တာပါ။ Peters  ကတော့ Batman ရုပ်ရှင်ထုတ်လုပ်သူဖြစ်ပြီး တိရစ္ဆာန် အရေး တက်ကြွ လှုပ်ရှားသူပါ။ Pamela Anderson   ရဲ့ အသက်ကတော့ (၅၂)နှစ်ဖြစ်ပြီး  Jon Peters ကတော့ (၇၄)နှစ်ပါ။အရမ်းချစ်လို့ လက်ထပ် ခဲ့ပေမယ့်လည်း လက်ထပ်ပြီး (၁၂)ရက်အကြာမှာတော့ လမ်းခွဲခဲ့ပါတယ်။

Image:IG/Pamela Anderson

သူမနဲ့  Jon တို့ လမ်းခွဲ လိုက်ပြီလို့   Pamela Anderson  က တရားဝင် ကြေညာခဲ့ပါတယ်။တစ်ယောက် ဆီ ကနေ တစ်ယောက် ဘာလိုချင်တာလဲဆိုတာကို သေချာ စဉ်းစားဆုံးဖြတ် ဖို့ အတွက် ခဏ လောက် ခွဲ နေကြမယ် ဆိုပြီး သူမက ပြောခဲ့ပါတယ်။”ဘ၀ ဆိုတာ ခရီးတစ်ခု ၊အချစ်ဆိုတာ က Process တစ်ခုပဲ ။ကျ မ စိတ်ထဲမှာ အမြဲတမ်းမှန် နေတဲ့ အရာ တစ်ခု ရှိတယ်။

Image:IG/Pamela Anderson

လက်ထပ်တဲ့ စာချုပ် ကို ပြန် ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တယ်။ပြီးတော့ ကျ မတို့ရဲ့  ယုံကြည်မှုကိုပဲ ဒီ Process ထဲမှာ ထားဖို့ ဆုံးဖြတ်ထားတယ်။ကျမတို့ရဲ့ Privacy ကို လေးစား ပေးလု့ိ ကျေးဇူးတင်ပါတယ်..” ဆိုပြီး ပြောခဲ့ပါတယ်။

Image:twitter/@PopCrave

Pamela နဲ့ Jon  တို့ ကတော့ တရားဝင် လက်ထပ် ပြီးစီးကြောင်း စာတင်တာတွေ မလုပ် ဖို့  သဘော တူထားပုံရပါတယ်။သူတို့နှစ်ယောက်ဟာ လွန်ခဲ့တဲ့ နှစ် (၃၀) လောက်တည်းက စပြီး ဒိတ်ခဲ့ ကြတာပါ။နှစ် (၃၀) ကျော်က အချစ်ဟာ လွန်ခဲ့တဲ့ လ အနည်းငယ်ကမှ ပြန်ပြီး ပေါင်းဆုံ ခဲ့ကြပါတယ်။ဇန်နဝါရီ (၂၀) ကမှ အမေရိကန် ကယ်လီ ဖိုးနီးယားပြည်နယ် Malibu မြို့မှာ လျှို့ဝှက် လက်ထပ်ပွဲ ကျင်းပခဲ့တာပါ။

Image:twitter/Pamela Anderson

Source:asiaone

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top