တရုတ်နိုင်ငံမှ မွေးကင်းစ ကလေးငယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း တွေ့ရှိ

တရုတ်နိုင်ငံမှာ မွေးကင်းစ ကလေးငယ်တစ်ဦး မွေးဖွားပြီး နာရီ ၃၀ အကြာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာ စစ်ဆေးတွေ့ရှိပြီး သူဟာ အသက်အငယ်ဆုံး ဗိုင်းရပ်စ် ကူးစက်ခံရသူ ဖြစ်လာခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။ ယင်းကလေးငယ်ဟာ ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပျံ့နှံ့ရာဖြစ်တဲ့ ဝူဟန်မြို့ ဆေးရုံမှာ ဖေဖော်ဝါရီ ၂ ရက်က မွေးဖွားခဲ့တာ ဖြစ်ပြီး ကလေးငယ်ရဲ့ မိခင်ဟာ မီးမဖွားခင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ဆေးစစ်တွေ့ရှိခဲ့ပါတယ်။ သို့သော်လည်း မိခင်မှ ကလေးသို့ ဗိုင်းရပ်စ် ကူးစက်ပုံကို ရှင်းရှင်းလင်းလင်း မသိရ သေးဘဲ မွေးပြီးမှလား ဒါမှမဟုတ် အမိဝမ်းထဲမှာ ကူးစက်ခံခဲ့ရတာလားဆိုတာ မသိရပါဘူး။

လူပေါင်း ၅၆၃ ဦး သေဆုံးပြီး ၂၈၀၁၈ ဦး ကူးစက်ခံနေရတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ဟာ ကလေးအနည်းငယ်မှာ သာ ကူးစက်ခံရကြောင်း တွေ့ရပါတယ်။
ကိုယ်အလေးချိန် ၃.၂၅ ကီလိုဂရမ်နဲ့ မွေးဖွားလာတဲ့ ကလေးငယ်ဟာ ယခုအခါ အခြေအနေကောင်းနေပြီး စောင့်ကြည့်ထားကြောင်း Xinhua သတင်းဌာနက တင်ပြခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ မိခင်မှ ကလေးကို ဗိုင်းရပ်စ် ကူးစက်ခြင်း ဖြစ်နိုင်ပြီး ကလေးဟာ အမိဝမ်းတွင်းမှာပဲ ကူးစက်ခံနေရတာ ဖြစ်နိုင်ကြောင်း ဆေးဝါးကျွမ်းကျင်သူများက ပြောခဲ့ပါတယ်။ “ဒါဟာ မိခင်ကနေ ကလေးဆီ ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်ကြောင်း ကျွန်တော်တို့ကို သတိပေးခြင်း ဖြစ်တယ်”လို့ ဝူဟန် ကလေး ဆေးရုံမှ အကြီးအကဲဖြစ်သူ က Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။

Image result for coronavirus baby born

Image result for coronavirus baby born

ကိုရိုနာဗိုင်းရပ်စ်ဟာ ကလေးအနည်းငယ်မှာသာ ကူးစက်ခံရကြောင်း စမ်းသပ်စစ်ဆေးမှုတွေအရ သိရပါတယ်။ လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ကို အသက် ၄၉ နှစ်နဲ့ ၅၆ နှစ်ကြား လူကြီးပိုင်းတွေမှာသာ ကူးစက် ခံနေရတာ တွေ့ရပြီး ကလေးများမှာတော့ ကူးစက်ခံရမှု နည်းပါးတာကို တွေ့ရတယ်လို့ အမေရိကန် ဆေးဘက် ဆိုင်ရာ အသင်းဂျာနယ် (JAMA) မှာ ဖော်ပြခဲ့ပါတယ်။ စင်ကာပူနိုင်ငံမှ ၆ လ အရွယ် ကလေးငယ်နဲ့ ဝူဟန်မြို့မှ (လက်ရှိ သြစတေးလျမှာနေထိုင်သူ) ၈ နှစ်အရွယ် ကလေးငယ်မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံ ပြင်ပမှ နိုင်ငံပေါင်း ၂၅ နိုင်ငံမှာ လူဦးရေ စုစုပေါင်း ၁၉၁ ဦး ကူးစက် ခံနေရပြီး သေဆုံးသူ ၂ ဦး ရှိခဲ့ပြီ ဖြစ်ပါတယ်။

Image result for coronavirus baby born

Image result for coronavirus baby born

#အကုန္သိ

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top