အရှင်လတ်လတ် တိရိစ္ဆာန်လေးတွေကို သော့ချိတ် လုပ်ရောင်းနေတဲ့ နိုင်ငံ

ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပေါ်လာတာဟာ တရုတ်လူမျိုးတွေ အစားသောင်းကျန်းလို့ ဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုတွေနဲ့ အပြိုင်ဆိုသလို လင်းနို့စွပ်ပြုတ် သောက်နေသူတွေ၊ ခွေးသား ၊ကြွက်သား ၊ မြွေကြီးသား စားနေတဲ့ တရုတ်လူမျိုးတွေရဲ့ ရုပ်သံ၊ ဓာတ်ပုံတွေက ပျံ့နှံ့လာခဲ့ပါတယ်။

ဒီလို ထွက်ပေါ်လာပြီးတော့ တရုတ်တွေရဲ့ တိရိစ္ဆာန်တွေကို အကြီးအငယ်အရွယ်အလတ်မရွေး အရှင်လတ်လတ်စားသောက်ပုံတွေကိုလည်း တွေ့ရပါတယ်နော်။ အခုလည်း တရုတ်နိုင်ငံမှာ ရှိတဲ့ အရှင်လတ်လတ် တိရစ္ဆာန်လေးတွေကို သော့ချိတ်လုပ်ရောင်းနေတဲ့ ဈေးကွက်တစ်ခုဖြစ်ပေါ်နေပါတယ်။ အဲ့ဒီဈေးကွက်ကတော့ တစ်ခုကို ၁.၅ ဒေါ်လာခန့်ရှိပြီးတော့ သော့ချိတ်ထဲမှာတော့ အခွံပျော့လိပ် သားပေါက်လေးတွေအိမ်မြောင်တွေ၊ ပုတ်သင်တွေ ၊ ပိုးဟပ်တွေ စတဲ့ အင်းဆက်ပိုးမွှားများပါ ထည့်သွင်းပြီး အရှင်လတ်လတ်လုပ်ထားတာဖြစ်ပါတယ်။

လုပ်ရောင်းသူရဲ့ အဆိုအရတော့ အဲ့ဒီ အိတ်ထဲမှာ သော့ချိတ်ထားက သတ္တဝါအရှင်တွေအတွက အစားအစာ ၊ အောက်ဆီဂျင်ပါ ပါပြီးသားလို့ ဆိုပါတယ်။ ရေမခမ်းခင်တော့ တိရိစ်ဆာန်လေးတွေ ပြန်လွှတ်ပေးဖို့လည်း သူက တိုက်တွန်းထားပါတယ်။ အထူးခြားဆုံး တစ်ခုကတော့ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံမှာတော့ တိရိစ္ဆာန်ဥပဒေ မရှိဘူးလို့ သိရပါတယ်။ ကမ္ဘာ့နိုင်ငံများကတော့ ဒါဟာ တိရိစ္ဆာန်ညှင်းဆဲမှုဖြစ်တယ်လို့ စွပ်စွဲပြစ်တင်နေကြပါတယ်။

Credit

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top