တရုတ်နိုင်ငံသားများပါဝင်သည့် မိသားစုဝင် ၅ ဦး၌ ဝူဟန်ရောဂါပိုးမတွေ့၍ ကျိုင်းတုံ ဆေးရုံမှဆင်းခွင့်ပြု

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ခုတင် ၂၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံးကြီးတွင် ဝူဟန်အဆုတ်ရောင်ရောဂါ သံသယဖြင့် သီးသန့်ခန်းတွင် စောင့်ကြည့်ကုသနေသော ကလေးငယ်နှင့် မိသားစုဝင် ၅ ဦး ကို ရောဂါပိုးမတွေ့ရှိ၍ ယနေ့ ( ဖေဖော်ဝါရီ ၆ ရက် ) မွန်းလွဲပိုင်းမှ ဆေးရုံမှဆင်းခွင့်ပြုပြီဖြစ်ကြောင်း အဆိုပါဆေးရုံအုပ်ကြီး ဒေါက်တာလှဌေးမင်းက ပြောကြားသည်။

“ကိုယ်အပူချိန်ရှိပြီး ဖျားနေတဲ့ ကလေးငယ်လေးရဲ့နှာခေါင်းတို့ဖတ် နမူနာကို ရုံးချုပ်ပို့ပြီး စစ်ဆေးကြည့်တာမှာ ပိုးမတွေ့ဘူးလို့ မနေ့ညက အကြောင်းပြန်လာလို့ ဒီညနေ ၄ နာရီမှာ ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပါပြီ။ တာချီလိတ်ကနေ မန္တလေးကိုလေယာဉ်နဲ့သွားမှာမို့ မနက်ဖြန်မှာ ဆေးရုံကကားနဲ့ တာချီလိတ်ကို လိုက်ပို့မယ်”ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံ စီချွမ်းပြည်နယ်၌နေထိုင်သည့် အသက် ၁ နှစ်နှင့် ၂ လအရွယ် မိန်းကလေးငယ်အပါအဝင် အသက် ၂၁ နှစ်အရွယ် အဒေါ်ဖြစ်သူ၊ အသက် ၂၆ နှစ်အရွယ် မိခင်ဖြစ်သူ အပါအဝင် အသက် ၃၂ နှစ်အရွယ် တရုတ်နိုင်ငံသား ဖခင်ဖြစ်သူနှင့် အသက် ၂၉ နှစ်အရွယ် တရုတ်နိုင်ငံသားတစ်ဦးတို့သည် ကျိုင်းတုံသို့လာရောက်လည်ပတ်ကြောင်း၊ မန္တလေးမြို့သို့သွားရောက်မည့် ၎င်းတို့ ၅ ဦး ကိုကျိုင်းတုံလေဆိပ်တွင် ကိုယ်အပူချိန်တိုင်းတာခဲ့ရာ တွေ့ရှိ၍ ဆေးရုံကြီးတွင် သီးသန့်ခန်းဖြင့် ကုသစစ်ဆေးထားခြင်းဖြစ်ကြောင်း ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းက ပြောကြားသည်။

Image result for ကျိုင်းတုံ မြို့

Image result for ကျိုင်းတုံ မြို့

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သည့် ဝူဟန်အဆုတ်ရောင် ကော်ရိုနာဗိုင်းရပ်စ်သည် နိုင်ငံပေါင်းများစွာတွင် ကူးစက်ပျံ့နှံ့နေရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြေငြာခဲ့သည်။

မြန်မာနိုင်ငံတွင် သံသယလူနာ ၂ ဦး အပါအဝင် လူနာ ၁၀ ဦး ကို ရောဂါစစ်ဆေးကြည့်ရာ တရုတ်နိုင်ငံမှလာရောက်ခဲ့သည့် ကျိုင်းတုံမြို့မှ ကလေးငယ်အပါအဝင် ဝေဘာဂီဆေးရုံမှ ကလေးငယ်တစ်ဦး၊ လွိုင်ကော်ဆေးရုံမှ ကလေးတစ်ဦးနှင့်နေပြည်တော်ဆေးရုံမှ လူငယ်တစ်ဦးတို့တွင် ရောဂါပိုးမတွေ့ရှိကြောင်း ဖေဖော်ဝါရီလ ၅ ရက်နေ့ ည ၁၀ နာရီခန့်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

Image result for coronavirus myanmar

Image result for coronavirus myanmar

#TheVoice

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top