သေရင် မပုတ်တာ၊ ပျော့နေတာ တွေကြည့်ပြီး အရိယာပုဂ္ဂိုလ် ဟုတ်/မဟုတ်ပြောနေကြတာတွေကို ပါမောက္ခချုပ်ဆရာတော်ကြီး ရှင်းလင်းချက်

“အမြင်နဲ့ ဆုံးဖြတ်သူများ”

ကြားဖူးတယ်မို့လားအရှင်ကောဏ္ဍညကြီးဆိုတာ။သူကသံဃာ့ပရိသတ်ထဲမှာ မနေဘူး။တကယ့်ကိုသံဃာတွေရဲ့နောင် တော်ကြီးသဖွယ်တရားထူးတရားမြတ်ကိုပထမဆုံးရတဲ့ပုဂ္ဂိုလ်ကြီး။ဒါ့ကြောင့် အညာသိကောဏ္ဍညော၊အဦးဆုံးသိတဲ့ အရှင်ကောဏ္ဍညဒီလိုဆိုတာ။ သူကလည်းပဲအရှင်သာရိပုတ္တရာတို့လို ထက်မြက်တဲ့ပုဂ္ဂိုလ်တွေရောက်လာတဲ့အခါသူကထေရ်ကြီးဝါကြီးဖြစ်တော့ သူ့ကိုအရိုအသေပေးနေရတာတွေ jealousy မဖြစ်ဘူး ရဟန္တာ-ဆိုတာ။အခုခေတ်ဆိုလို့ရှိရင်ငါ့နောက်မှလာပြီးတော့ငါ့ အ ထက်ကရောက်တယ်ဆိုပြီး jealousy ဖြစ်ချင်ဖြစ်မယ်သူ့မှာjealousy မရှိဘူး။

အော်သူတို့(အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလာန်)ဒီထူးချွန်ထက်မြက်မှုဟာသာမန်နဲ့ရတာမဟုတ်ဘူး။ဘဝါ ဘဝ က ပါရမီတွေဖြည့်ခဲ့ရတယ်။အင်မတန်ထူးချွန်တဲ့ပုဂ္ဂိုလ်တွေငါရှိနေရင်သူတို့အနေအထိုင်ခက်လိမ့်မယ်ဆိုပြီးသံဃာ့ပရိသတ်ထဲမှာမနေဘူး။ ဟိမဝန္တာတောင်ကဆဒ္ဒအိုင်ဆိုတဲ့ ရေအိုင်ဘေးမှာသွားနေတယ်။ တောကျောင်းထဲမှာသွားနေတယ်။သံဃာ့ပရိသတ်ထဲကို မလာဘူး။သူ့ကိုပြုစုတာကလူတွေမဟုတ်ဘူးတောဆင်ရိုင်းတွေကသူတို့ကို ပြုစုနေတာ။ဘာဖြစ်လို့လဲဆိုတော့သူ့မေတ္တာကတအားကောင်းတာကိုး။ဆင်တွေရဲ့အလုပ်အကျွေးကိုခံပြီးတော့အဲ့ဒီမှာပဲပရိနိဗ္ဗာန်ပြုသွားတယ်။

Image result for ပါချုပ်ဆရာတော်

Image result for ပါချုပ်ဆရာတော်

သို့သော်ပရိနိဗ္ဗာန်စံခါနီးလေးကိုတော့ မြတ်စွာဘုရားကိုလာကန်တော့သွားသေးတယ်။နောက်ဆုံးကန်တော့တဲ့အနေနဲ့ လာဝန်ချကန်တော့သွားတယ်။အဲ့ဒီမှတ်တမ်းတွေကတော့သံယုတ်ပါဠိတော်မှာကောဏ္ဍညသုတ်-ဆိုတာအဲ့ဒီမှာ မှတ်တမ်းတွေ ရှိတယ်။ အရှင်ကောဏ္ဍည ပရိနိဗ္ဗာန်စံတော့ ဘယ်လိုပရိနိဗ္ဗာန်စံတုန်းဆိုတော့ထိုင်လျက်သမာပတ်တွေဝင်စားပြီးတော့ ထိုင်လျက်ပရိနိဗ္ဗာန်စံသွားတယ်။အခုခေတ်ကတော့သေတာလိုက်ကြည့်ပြီးတော့လက်ယာဘက်စောင်းရင်အရိယာတို့ဘာတို့လျှောက်ပြောနေတာ။ အကုန်လုံးပုံသေမမှတ်ရဘူးဒီကိစ္စတွေက သူစောင်းချင်တဲ့ဘက်စောင်းမှာပဲလေးတဲ့ဘက်စောင်းမှာပဲ။အဲ့ဒါနဲ့ ဆုံးဖြတ်လို့မရဘူးဆိုတာ။ဘာဖြစ်လို့လဲဆိုတော့ ရဟန္တာတွေတောင်မှပဲမတ်တပ်ရပ်လျက် ပျံလွန်တော်မူတာ။ထိုင်လျက်ပျံလွန်တော်မူတာရှိတယ်။ဘယ်လိုလို့ လက် ယာဘက်စောင်းသွားမှာတုန်း။တချို့ကအဲ့ဒါတွေလိုက်ပြီးတော့အော်ဘယ်ဖက်စောင်းသေတာတုန်းဒီလိုစာထဲလည်းမရှိပါဘူး။ဘယ်သူကစပြောလဲမသိဘူးဒါတွေ။အရပ်ထဲမှာပြောတာတွေစာထဲမှာမရှိတဲ့အကြောင်းထည့်ပြောပြတာ။

Image result for ပါချုပ်ဆရာတော်

Image result for ပါချုပ်ဆရာတော်

သူဖြစ်ချင်လည်းဖြစ်မယ်။မဖြစ်ချင်လည်းမဖြစ်ဘူး။ဒါတွေက Evidence မဖြစ်သင့်ဘူး။နောက်ရှိသေးတယ်။သေ သွားပြီးတော့ပျော့နေတယ်။ဒါ့ကြောင့်မို့လို့တရားထူးတရားမြတ်ရတယ်။ ရဟန္တာပဲ ဒါလည်းမဖြစ်သင့်ဘူးဒီဟာလည်း အဓိကမဟုတ်ဘူး။ဒါကလူ့ခန္ဓာကိုယ်တည်ဆောက်မှုနဲ့သက်ဆိုင်တယ်။ပူတိဂတ္တတိဿမထေရ် -ဆိုတာတကိုယ်လုံးရောဂါဖြစ်ပြီးတော့ပုပ်ပွပြီးတော့ ပရိ နိဗ္ဗာန်စံသွားတာပဲ။ပဋိသမ္ဘိဒါလေးပါးနှင့်တကွရဟန္တာကြီးပဲ။ အဲ့ဒီတော့ဒီရုပ်နဲ့ပတ်သတ်ပြီးတော့ Evidence ရှာတာမမှန်ဘူး- လို့ပဲပြောရမယ်။အကျင့်နှလုံးသွင်းတရားနဲ့ပဲလိုက်ပြီးစဉ်းစားရမယ်။ဒီလိုမှမဟုတ်ရင်မှားမှားယွင်းယွင်းတွေအများကြီးဖြစ်နိုင်တယ်။အပေါ်ယံကိုမကြည့်သင့်ဘူးလို့။ ရုပ်ပိုင်းဆိုင်ရာတွေကအကုန်လုပ်လို့ ရတယ်လေ။ဓာတ်တော်တွေကျအောင်လုပ်လို့ရတယ်။ Chemical နဲ့ ဓာတ်တော်ကျအောင်လုပ်လို့ရတယ်။

လုပ်နေတဲ့သူတွေလည်းရှိပုံရတယ်ကြည့်ရတာ။အဲ့ဒီတော့ကျသည်ဖြစ်စေမကျ သည်ဖြစ်စေကြည်ညိုထိုက်တဲ့ပုဂ္ဂိုလ်တွေကြည်ညိုလေးစား။ဓာတ်တော်မကျလို့လည်းမပြစ်မှားလေနဲ့။ဒါ့ကြောင့်မို့လို့ မြတ်စွာဘုရားကထူးဆန်းအံသြဖွယ်ကို လုပ်မပြရဘူးလို့ဟောထားတာရှိတယ်။
ဘာပြုလို့တုန်းဆိုတော့ လောကမှာမျက်လှည့်အတတ်တွေအများကြီးရှိတယ်တဲ့။ ဘုန်းကြီးတို့ဟောထားတယ် “အစွမ်းတန်ခိုးများနဲ့သာသနာ” ဆိုတာဒါ သတိထားစရာတွေ ဟောထားတာ။ ဣဒ္ဓိပါဋိဟာရိယ၊ အာဒေသနာပါဋိဟာရိယ၊အနုသာသနီပါဋိဟာရိယဆိုပြီး (၃) မျိုးရှိတဲ့အထဲမယ်တန်ခိုးမပြရဘူး။ဣဒျ ဓိပါဋိဟာရိယ၊အာဒသနောပါဋိဟာရိယ၊ မပှရဘူး။အနုသာသနီပါဋိဟာရိယ – ဆုံးမ သွန်သင်မှုကိုသာ ပြုရမယ်လို့။မြတ်စွာ ဘုရားကဒီလိုဆုံးမထားတာ။ဘာဖြစ်လို့လဲဆိုတော့စိန္တာမဏိ- အတတ် ပညာတွေရှိတယ်တဲ့သူများစိတ်ကိုသိတဲ့အတတ်တွေ။တော်ကြာကျတော့ ရဟန္တာဖြစ်ပြီးတော့တကယ်ရဟန္တာဖြစ်နေတဲ့ပုဂ္ဂိုလ်ကမစဉ်းစားလို့ဖြစ်စေမဆင်ခြင်လို့ဖြစ်စေမသိဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကိုသွားပြစ်မှားတော့မှာပေါ့။

Image result for ပါချုပ်ဆရာတော်

Image result for ပါချုပ်ဆရာတော်

သူများစိတ်ကိုသိမှုမသိမှုနဲ့ရဟန္တာကို သွားတိုင်းတာလို့ရှိရင်တကယ့်ရဟန္တာကြီးကမသိဘူးဆိုရင်ပြစ်မှားကုန်တော့မှာပေါ့။ဥပမာ-မယ်တန်ခိုးမရှိတဲ့ရဟန္တာတို့သွားပြီးပြစ်မှားမိတော့မှာပေါ့။နောက် တစ်ခါအခုခေတ်လူတွေပြောနေသလိုနေထိုင်တဲ့အချိန်လေးကိုဒီဆရာတော်ကြီးကတော့အနေအထိုင်ကောင်းတယ်။ အကျင့်ကောင်းတယ်သို့သော်ပျံလွန်မူတဲ့အခါညာဘက်မစောင်းပဲဘယ်ဘက်စောင်းသွားတယ်ဆိုပြီးသွားပြစ်မှားရင်လည်းဒုက္ခရောက်မှာပဲ။သူစောင်းချင်တဲ့ဘက်စောင်းမှာပေါ့ဒါကတော့။

မြတ်စွာဘုရားသာကျိန်းတဲ့အခါဘယ်ဘက်စောင်းအိပ်တယ်ဆိုတာအတိအကျရှိတာ။ကျန်တဲ့ရဟန္တာတွေကထိုင်လျက်ပျံလွန်တော်မူတဲ့ကိုယ်တော်ရှိတယ်။မတ်တပ်ရပ်ပျံတော်မူတဲ့ကိုယ်တော်ရှိတယ်။ဘယ်လိုလုပ်စောင်းမှာတုန်းအဲ့ဒီကျတော့။အရှင်ကောဏ္ဍည-ဆိုထိုင်လျက် ပရိနိဗ္ဗာန်စံသွားတာလေ။အရှင်အာနန္ဒာဆိုဘယ်ဘက်စောင်းလို့ရမှာတုန်း ကောင်းကင်မှာပရိနိဗ္ဗာန်စံသွားတာ။ကဲ ဘယ်လိုလုပ်လက်ယာဘက်တွေ ပြောလို့ရမှာတုန်း။ ဒါတွေဟာမဟုတ်ဘူးဆိုတာတော့သိထားဖို့လိုအပ်တယ်။ဒါတွေကEvidence မဖြစ်သင့်ဘူး။သာဓက မဖြစ်သင့်ဘူး။တရားထူးတရားမြတ်ရခြင်းရဲ့သာဓက-မဖြစ်သင့်ဘူး။တရားထူးတရားမြတ်ရခြင်းရဲ့သာဓက-ကသူတော်သူမြတ်တို့ရဲ့ နှလုံးအိမ်မှာဘာတွေရှိတယ်ဆိုတာ အဓိက။တစ်ခါတုန်းကဘုန်းကြီးတို့နဲ့အလွန်ရင်းနှီးတဲ့ဒကာကြီးတစ်ယောက် အိန္ဒိယသွားတဲ့အခါဗုဒ္ဓဂါယာမှာ-ဟိုနားကမြေလေးကောက်ခဲလေးကောက်နဲ့ သယ်လာတာ။

Image result for ပါချုပ်ဆရာတော်

Image result for ပါချုပ်ဆရာတော်

“ဒကာကြီးလို့ဒါတွေဘာလို့ကောက်နေတာလဲ”လို့ဆိုတော့ဟာဒီမြေတွေက အင်မတန်ထူးတယ်-တဲ့။အမလေးကုလားမစင်စွန့်ထားတဲ့ မြေတွေလို့ ဒီနားက။ဘုရားဟောတဲ့တရားပဲကျင့်ပါလို့ဒီရုပ်ဝတ္ထုတွေကို မကိုးကွယ်စမ်းပါနဲ့လို့ပြောရတယ်။တစ်ချို့ကအဲ့လိုတွေ ဂင်္ဂါမြစ်ရေဆိုပြီးမှာတဲ့သူကရှိသေးတယ်။တစ်ခါတုန်းကအဲ့ဒီကပါဠိပါမောက္ခကြီးတစ်ယောက်ဆုံးတော့သူကဗုဒ္ဓဘာသာ။သူဆုံးတော့ဘုန်းကြီးကိုညသန်းကောင်ကြီးလာနှိုးတယ်။ သွားပြီးတော့ပရိတ်တွေဘာတွေ သွားရွတ်ပေးရတယ်သူ့ကို။သွားရွတ်ပေးတော့မနက်ကျတော့သူတို့အိမ်ကလည်း ဂင်္ဂါမြစ်ထဲသွားပြီးမျက်နှာသစ်တယ်။အိုးမျက်နှာသစ်ဖို့နေနေသာသာခြေတောင်မဆေးချင်ဘူး။မြင်ထားတာက အလောင်းကောင်တွေမြစ်ထဲချပြီး မျောချတာကခနခန တွေ့နေရတာ။ရေတွေကလည်းနောက်ကျိလို့။အဲ့ဒီတော့ဒီဂင်္ဂါမြစ်ရေရဲ့အစွမ်းထက်တယ်တို့ဘာတို့ဒီလို ယူဆတာကသူတို့ Brahman တွေရဲ့ အယူအဆသာဖြစ်တယ်ပေါ့။

Image result for brahmin culture

Image result for brahmin culture

Holy water ဆိုပြီးတော့ ရုပ်ဝတ္ထုကိုယုံကြည်တဲ့ပုဂ္ဂိုလ်တွေကလည်းအများကြီး။ဗမာပြည်မှာတစ်ခါတုန်းကစစ်ကိုင်းကဧရာဝတီမြစ်ရေဟာတန်ခိုးကြီးတယ်လို့ဆိုပြီးတော့ကသည်းစစ်တပ်ကနေ လာတိုက်ဖူးတယ်။အဲ့ဒီရေကိုရချင်လို့ လာတိုက်တာ။လာတိုက်ပြီးရေယူပြီး ပြန်သွားကြတယ်။ဘယ်ဧရာဝတီမြစ်ရေ အဲ့ဒီလိုသာတန်ခိုးကြီးမယ်ဆိုရင်မြစ်ရေကြောင့်သန့်ရှင်းမယ်ဆိုရင်ရေထဲကငါးတွေအကုန်နတ်ပြည်ရောက်ကြမယ်။ လူဆိုတာတခါတလေ မစဉ်းစားနိုင်ဘူး ဖြစ်နေကြတယ်။ဒါကြောင့်မို့အကြောင်းအကျိုးဆင်ခြင်မှုဟာသိပ်ကိုအရေးကြီးတယ်။ဟုတ်တယ်မဟုတ်ဘူးဆိုတာ အစွန်းမရောက်သင့်ဘူး။ဒါ စပ်မိလို့ပြောတာ။အရှင်ကောဏ္ဍညကထိုင်လျက် ပရိနိဗ္ဗာန်ပြုသွားတယ်။အဲ့ဒီတော့ လက်ယာဘက်တွေကျယ်လောင်ကျယ်လောင်ပြောလာလို့ရှိရင်ဒါတွေက Evidence မဖြစ်သင့်ဘူးပေါ့။ ရဟန္တာဖြစ်ခြင်းရဲ့အကြောင်းဆိုတာ မဖြစ်သင့်ဘူးပေါ့။

Image result for Holy water

Image result for Holy water

ဥပမာတစ်ခုပြောပြမယ်။မြတ်စွာဘုရားရဲ့ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့ စကြဝတေးမင်းရဲ့ခန္ဓာကိုယ်တည်ဆောက်ပုံအတူတူပဲ။အတူတူဆိုတာအရိုးတွေကကွင်းဆက်တွေ။ပစ္စေကဗုဒ္ဓကျတော့ချိတ်ဆက်-ရဟန္တာကျတော့သာမန်ပဲ။ အဲ့ဒါကိုအမှတ်လွဲပြီးတော့ရဟန္တာ-ကို ချိတ် ဆက်လို့ပြောနေကြတယ်။စာထဲပါတာ အဲ့လိုပါတာမဟုတ်ဘူး။ ပစ္စေကဗုဒ္ဓါကမှချိတ်ဆက်-ဘုရားတို့ စကြာမင်းတို့ကြတော့ကွင်းဆက်-ဒီလိုဆိုတာ။အဲ့ဒီတော့စကြာမင်းအရိုးတွေ့ပြီး ဒါဘုရားအရိုးလို့ဘယ်သတ်မှတ်လို့ ရပါ့မတုန်း။ခန္ဓာကိုယ်တည်ဆောက်မှုသာတူတာ။စကြာမင်းကဘုရားဖြစ်တာမှမ ဟုတ်တာ။သို့သော်ခန္ဓာကိုယ်တည် ဆောက်မှုကဘုရားနဲ့သွားတူတယ်လေ။ သူလည်းဘုန်းကဲပါရမီရှင်ဖြစ်နေသည့်အတွက်ကြောင့်သွားတူတာရှိတယ်ပေါ့။အဲ့ဒီတော့အရိယာနဲ့တူတဲ့ပုဂ္ဂိုလ်တွေရော မရှိနိုင်ဘူးလား။ရှိတယ်လေ။ဒီရုပ်တွေဟာကံကြမ္မာနဲ့ဆိုင်တယ်။ရုပ်တည် ဆောက်မှုတွေဟာ။အဲ့ဒီရုပ်တည်ဆောက်တာနဲ့ပဲဒါရဟန္တာဖြစ်ရမယ်လို့ သွားတွက်လို့မရဘူးလေ။သူ့ရဲ့အကျင့်နဲ့သာ ပတ်သက်တယ်။

Image result for Buddha

Image result for Buddha

( ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ)

မှတ်ချက်[အငြင်းပွားသူတို့၏ အတွင်း ရေးများ တရားတော်မှ ကောက်နှုတ်ချက်

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top