တပ်မတော်အနေဖြင့် နိုင်ငံရေးမှ ထွက်ခွာရန် အချိန်မကျသေးဟု ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် ပြော

တပ်မတော်နိုင်ငံရေးမှ ထွက်ခွာရန် အချိန်မကျသေးကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။ ရန်ကုန်မြို့ မလီယာဟိုတယ်တွင် ဖေဖေါ်ဝါရီ ၅ ရက်က ကျင်းပသော “ဖွဲ့စည်းပုံအခြေခံ ဥပဒေဘာကြောင့်ပြင်မလဲ၊ ဘယ်လိုပြင် မလဲ” ခေါင်းစဉ်ဖြင့်ဆွေးနွေးရာတွင် ပြည်ခိုင်ဖြိုး ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“လက်ရှိ ကျွန်တော်တို့နိုင်ငံရဲ့ အခင်းအကျင်းတွေရယ်၊ နောက် တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိနေခြင်းအားဖြင့်ရယ်၊ တပ်မ တော်နဲ့ ညှိနှိုင်းဆောင်ရွက်ရမယ့် ကိစ္စတွေအများကြီးရှိနေသေးတာဖြစ်တဲ့အတွက် လတ်တလော တပ်မတော်ကို ဒီနိုင်ငံရေးက နေဖယ်ထုတ်ဖို့ ဆိုတာက အချိန်လိုနေသေးတယ်လို့ ကျွန်တော်တို့က မြင်တယ်။ အဲဒါ ကျွန်တော်တို့ စဉ်းစားတာ တိုင်းပြည်အေး ချမ်းဖို့အတွက်နဲ့ အနာဂါတ် တိုင်းပြည်ဖွံဖြိုးတိုးတက်ဖို့အတွက်ကိုပဲ ဖြစ်တယ်။ တပ်မတော်ကို ကျွန်တော်တို့ ကာကွယ်နေတာ မ ဟုတ်ဘူး”ဟု ၎င်းကပြောသည်။

Image result for 2008 constitution

Image result for 2008 constitution

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ် အမည်စာရင်းကို တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ်မှ တင်သွင်းပိုင်ခွင့်ရှိပြီး ဒုသမ္မတ အမည်စာရင်းနှင့် ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာ နှင့် လုံခြုံရေးဝန်ကြီး အမည်စာရင်းတို့ကိုလည်း အလားတူ ကာကွယ်ရေးဦးစီးချုပ်မှ အမည်စာရင်း တင်သွင်းပိုင်ခွင့်ရှိကြောင်း သိ ရသည်။

Image result for တပ်မတော်သား ကိုယ်စားလှယ်

Image result for တပ်မတော်သား ကိုယ်စားလှယ်

“ကျွန်တော်တို့ ဘယ်သူကမှ တာဝန်ပေးထားတာ မဟုတ်ဘူး။ သမိုင်းပေးတာဝန်အရ တိုင်းပြည်တာဝန်တွေ ထမ်းဆောင်နေခြင်း ဖြစ်တယ်။ သို့သော် အခြေအနေ အချိန်အခါအရ တိုင်းပြည်တည်ငြိမ်အေးချမ်းသွားပြီး ဖွံဖြိုးတိုးတက်ပြီဆိုရင် ကျွန်တော်တို့ တပ်မ တော်ဟာ မူလတာဝန်တွေကို ပြန်လည်ထမ်းဆောင်မှ ဖြစ်တယ်”ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးကော်မတီ ဒုဥက္ကဋ္ဌ ဗိုလ် ချုပ် ထွန်းထွန်းညီကလည်း ပြောကြားထားသည်။

Image result for ဒေါက်တာနန္ဒာလှမြင့်

Image result for ဒေါက်တာနန္ဒာလှမြင့်

#အကုန္သိ

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top