မကွေးတိုင်း ဝန်ကြီးချုပ် အမှန် တရားအ တွက် တရားစွဲခံရ တဲ့ ရွာသားများဘက် မှ သက်ေ သထွက်ဆို

အမှန် တရားကို ရှေ့တန်းတင်တတ်တဲ့ လူပျိုကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုပါပဲဗျာ.. တရားစွဲခံရတဲ့ ရွာသားတွေဘက်က သက်သေထွက်ဆိုတဲ့ ဝန်ကြီးချုပ်တဲ့.. ဘယ်ခေတ်မှာ ကြားခဲ့ဘူးလဲဗျာ…

မေ ကွးတိုင်းဒေသကြီးဝန်ကြီးချုပ် ‌ဒေ‌ါက်တာအောင်မိုးညိုဟာ ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက်ပိုင်းက မင်းဘူးခရိုင်တရားရုံးကို လာပြီး တရားစွဲခံရတဲ့ ရွာသားတွေက်ကနေ သက်သေထွက်ဆိုပေးသွားတယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ်ပြောတာက ပွင့်ဖြူမြို့နယ် သရက်တောကျေးရွာအုပ်စု ကုလားကုန်းကျေးရွာနေ ရွာသူရွာသားတစ်ချို့ကို မင်းထက်ကြွယ်စက်သုံးဆီဆိုင်ပိုင်ရှင်က သူ့အကျိုးစီးပွားကိုဖျက်ဆီးတယ်၊ နှောက်ယှက်တယ်ဆိုပြီး တရားစွဲဆိုထားလို့ တရားအစွဲခံရတဲ့ရွာသူရွာသားတွေဘက်ကနေ သက်သေထွက် ဆိုပေးဖို့ လာရောက်တာဖြစ်ပါတယ်။

အခုကျေးရွာပြည်သူဘက်က သက်သေလိုက်ပေးရတဲ့အကြောင်းအရင်းက ဓါတ်ဆီပန့်ဆိုင်ဖွင်ထားတဲ့ လုပ်ငန်းရှင်က သူ့မှာတရားဝင်သိုလှောင်ခွင့်၊ ရောင်းချခွင့်မရှိသေးဘူး၊ ဆောက်ခွင့်မရှိသေးဘဲနဲ့ ပန့်ဆိုင်ဆောက်နေတာကို မီးရေးထင်းရေးကြောက်ရလို့ ကုလားကုန်းကျေးရွာပြည်သူတွေက လက်မှတ်ရေးထိုးပြီး ဆောင်လုပ်ခွင့်မပေးဖို့ စာတင်တောင်းဆိုထားတယ်။ ကျွန်တော်ကလည်း ပန့်ဆိုင်ဆောက်ဖို့ ထောက်ခံပေးမထားဘူး၊ သူတို့ကဆက်ဆောက်တယ်၊ သက်ဆိုင်ရာတွေက အဆင့်ဆင့်တားတယ်၊ ရေနံနဲ့ပစ္စည်းရောင်းဝယ်ရေး တိုင်းမန်နေဂျာကတားတယ်၊ ဆက်ဆောက်တယ်။

ပြီးတော့သူက ကန့်ကွက်တဲ့ ဒေသခံတွေကို ဒီလိုတရားစွဲဆိုတော့ ခံရတဲ့ရွာသူရွာသားတွေက သက်သေလိုက်ပေးဖို့ခေါ်လို့ အခုလို့လာရောက် သက်သေထွက်ဆိုပေးတာပါလို့ ပြောပါတယ်။

Lin Myat Phyo (မကွေးဂျာနယ်)

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top