အထက်တန်းမပြီးလည်း အလုပ်လျှောက်နိုင်တဲ့ နည်းပညာကုမ္ပဏီကြီးဆီက အလုပ်ခေါ်စာ

instagram/elonmusk

စွန့်ဦးတီထွင်သူ နည်းပညာနဲ့ အင်ဂျင်နီယာပညာရှင်တစ်ယောက်ဖြစ်တဲ့ Elon Musk ဟာ ၎င်းရဲ့Telsa ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီအတွက် ဝန်ထမ်းခေါ်ယူနေကြောင်း unilad သတင်းအရ သိရပါတယ်။ အလုပ်လျှောက်ထားသူဟာ ဒေါက်တာဘွဲ့ရစရာမလို၊ တက္ကသိုလ်ဘွဲ့ရှိစရာလည်း မလို၊ ယုတ်စွအဆုံး အထက်တန်းကျောင်းအောင်လက်မှတ်မပါရင်တောင် ကိစ္စမရှိဘူးလို့ Musk က ဆိုထားပါတယ်။

Telsa ဟာ အီလက်ထရောနစ် ကားကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ လက်ရှိမှာ အပြည့်အ၀ မောင်းသူမဲ့ယာဉ်ကို တီထွင်ဖန်တီးဖို့အတွက်  Artificial Intelligence (AI)  နယ်ပယ်မှာ အလုပ်လုပ်ဖို့ လူလိုနေတာပါ။ တကယ်လို့ အင်တာဗျူးဖြေဆိုအောင်မြင်သွားပြီဆိုရင်တော့ အရွေးချယ်ခံရတဲ့ဝန်ထမ်းက Musk ဆီကို တိုက်ရိုက် သတင်းပေးပို့ရမှာပါ။

Musk က “Telsa မှာ အလုပ်ခေါ်နေပါတယ်။ ကျွန်တော့်ဆီကို report တိုက်ရိုက်တင်ရမှာပါ။ နေ့တိုင်းနီးပါး ကျွန်တော်နဲ့ အီးမေးလ်နဲ့ပဲဖြစ်ဖြစ်၊ စာရိုက်ပြီးပဲ ဖြစ်ဖြစ် ဆက်သွယ်ရမှာပါ။ မကြာခင် Telsa ဟာ တစ်ကမ္ဘာလုံးမှာ sensor နဲ့ သွားတဲ့ မောင်းသူမဲ့ယာဉ် (၁) သန်းကျော်ကို ကမ္ဘာအနှံ့ချိတ်ဆက်ဖို့ ရှိနေပါတယ်…” လို့ တွစ်တာပေါ်မှာ ရေးသားခဲ့တာပါ။

Musk က “…PhD ရှိဖို့ မလိုပါဘူး။ လိုတာက AI နဲ့ တကယ်အသုံးဝင်တဲ့ NNs ကို အကောင်အထည်ဖော်တတ်ဖို့ပဲ။ အထက်တန်းကျောင်း မပြီးလည်း ကိစ္စမရှိဘူး…” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။ Tesla ရဲ့ အလုပ်လျှောက်လွှာက ဘာမှ ထွေထွေထူးထူးတော့ မရှိပါဘူး။ အလုပ်လျှောက်မယ့်သူတွေဟာ ၎င်းတို့ရဲ့ နာမည်၊ အီးမေးလ်နဲ့ အလုပ်နဲ့ပတ်သက်ပြီး အထူးလုပ်ဆောင်ချက်တွေကို ဖော်ပြရုံပါပဲ။

တစ်ခုထူးခြားတာက Musk က အလုပ်လျှောက်တဲ့သူတွေကို ပညာအရည်အချင်းအမြင့်ကြီး မတောင်းထားပါဘူး။ ဒါပေမယ့် Telsa က စစ်တဲ့ hardcore coding test တော့ အောင်ကို အောင်ရမယ်လို့ ဆိုထားပါတယ်။  လက်ရှိမှာ Neutral Network ကို Python နဲ့ iteration လုပ်နေတာဖြစ်တဲ့အတွက် ယာဉ်တစ်ခုလုံးထိန်းချုပ်ဖို့အတွက် coding နိုင်တဲ့ C++/C အင်ဂျင်နီယာတွေ အများကြီးလိုနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top