ဝူဟန် တွင် ပိတ်မိနေေ သာ ထိုင်ဝမ်နိုင်ငံသား များ ကို ပြန်ခေါ်ရာ တွင် တရုတ် က မရိုးမသားပြုလုပ်

တ ရုတ်နိုင်ငံဝူဟန်တွင် ပိတ်မိနေသည့် မိမိနိုင်ငံသားများအား ထိုင်ဝမ်သို့ ပြန်ခေါ်ရန်အတွက် ထိုင်ဝမ်အစိုးရမှ စင်းလုံးငှားလေယာဉ်စီစဉ်ပြီး ခေါ်ယူခဲ့ပါတယ်။ စည်းကမ်းသတ်မှတ်ချက်အဖြစ် သက်ကြီးရွယ်အို၊ ကလေးသူငယ်များ၊ နာတာရှည်ရောဂါသည်များ၊ ယာယီရောက်ရှိ နေသည့်ထိုင်ဝမ်နိုင်ငံသားများအတွက် ရည်ရွယ်ထားခဲ့ပါတယ်။ ဖျားနာနေပြီးရောဂါပိုး အမှန်ကူးစက်နေသူများ မထည့်သွင်ရန်လည်းသတ်မှတ်ထားခဲ့ပါတယ်။

ယ ခုလ ၃ရက်နေ့ က ပထမဆုံးအသုတ်အဖြစ် တရုတ်ဝူဟန်မြို့ မှ ခရီးသည် ၂၀၀ ကျော် ထိုင်ဝမ်သို့ ရောက်ရှိခဲ့ရာမှာ မလှိမ့်တပတ်လုပ်ဆောင်မှု များျတွေ့ရှိ ရပြီးနောက် ထိုင်ဝမ်အစိုးရမှအမျက်ထွက်ပြီး နောက်ထပ်ခေါ်ယူမှုများကို ဆိုင်းငံ့ထားကာ ထိုင်ဝမ်ပြည်သူများအကြားမှာလည်း ဒေါသထွက်ပြစ်တင်လျက်ရှိပါတယ်။

၁။ ထိုင်ဝမ်အစိုးရဖက်ကို ပေးသည့် စာရင်းက ၂၄၄ ယောက်ဖြစ်ပြီး လေယာဉ်ပေါ်တင်ပေးလိုက်သည်က ၂၄၇ ယောက်ဖြစ်နေကြောင်း တွေ့ရသည်။

၂။ တဖန် စာရင်းတွင်မပါသည့် ၃ ယောက်မှာ လေယာဉ်မှ ဆင်းသည့်အခါ ဖျားနာလက္ခဏာများ တွေ့ရပြီး စစ်ဆေးကြည့်ရာမှ တစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိရသည်။

၃။ ပြန်ရောက်လာသည့် ၂၄၇ ယောက်မှာ မူလ သဘောတူထားသော သတ်မှတ်ချက်အတိုင်း သက်ကြီးရွယ်အို၊ ကလေးသူငယ်၊ နာတာရှည်မကျန်းမာသူများ မဟုတ်ပဲ သန်သန်မာမာများဖြစ်ကြသည်။

၄။ ထို့ပြင် ပြန်ရောက်လာသည့် ၂၄၇ ယောက်အားလုံးမှာ ထိုင်ဝမ်နိုင်ငံသားများချည်းမဟုတ်ဘဲ တရုတ်နိုင်ငံသားအိမ်ထောင်ဖက်များ (ဝူဟန်တွင်အိုးအိမ်၊ လုပ်ငန်းရှိသူများ)ကို ကြားညှပ်တင်ပေးလိုက်ကြောင်း တွေ့ရသည်။

Dr Myo Tun(Taiwan)
Credit-Blacker

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top