မူ ဆယ်မြို့တွင် ရောက် ရှိနေသည့် တရုတ် နိုင်ငံသား(၅)ဦးထဲ မှ(၁)ဦးတွေ့ ရှိခေါ် ယူစစ်ေ ဆးမှုများဆောင်ရွက်

မူ ဆယ် ဖေဖော်ဝါရီ ၆(ညနေ)

မူ ဆယ်မြို့သို့ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရခြင်း နှင့်ပတ်သက်၍ သံသယရှိသူ(၅)ဦးရောက်ရှိနေကြောင်း၊ တရုတ်နိုင်ငံ၊ရွှေလီမြို့၊ ရွှေလီရဲဌာနမှ ဖေဖော်ဝါရီလ(၆)ရက်နေ့တွင် အကြောင်းကြားလာခြင်းကြောင့်

မူဆယ်မြို့၊ မြို့မရဲစခန်းမှရှာဖွေမှုများဆောင်ရွက်ခဲ့ရာ တရုတ်နိုင်ငံ၊ ရွှေလီရဲမှထုတ်ပြန်ထားသည့် (၅)ဦးအနက်မှကျိန့်ချွေဖန်(မ)တစ်ဦးကိုပန်ဆိုင်းမြို့၊ ရဲစခန်းမှတွေ့ရှိထားပြီး

ကျန်(၄)ဦးကို မူဆယ်မြို့၊မြို့မရဲစခန်းမှ ရှာဖွေမှု(အပြင်း)များဆက်လက်ဆောင်ရွက်လျက်ရှိသည်။

တွေ့ရှိထားသည့် ကျိန့်ချွေဖန်သည် တရုတ်နိုင်ငံ၊ မန်စီမြို့တွင်နေထိုင်သူဖြစ်ပြီးဇန်ဇနဝါရီလ(၁၄)ရက်နေ့၊တရုတ်နှစ်သစ်ကူးအလုပ်ပိတ်ရက်၌ မူဆယ်ခရိုင်၊ပန်ဆိုင်း(ကြူကုတ်)မြို့၊ အမှတ်(၃)ရပ်ကွက်တွင်နေထိုင်သည့် သူ့အမျိုးသားနှင့် သား၊ သမီးများကို လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်းသိရသည်။

တရုတ်နှစ်သစ်ကူးပြီးသွားသော်လည်း လက်ရှိတွင် တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားခြင်းကြောင့်ပန်ဆိုင်း(ကြူကုတ်)မြို့တွင် ဆက်လက်နေထိုင်ခြင်း
ဖြစ်သည်ဟုသိရသည်။

ကျိန့်ချွေဖန်သည် လွန်ခဲ့သည့်(၃)နှစ်ခန့်တွင်ဝူဟန်မြို့၊ ကြွတ်ကြွတ်အိတ်ကုမ္ပဏီ၌ တစ်နှစ်ခန့် အလုပ်လုပ်ကိုင်သူဖြစ်ပြီး မန်စီမြို့သို့ ပြန်လာ၍ စိုက်ပျိုးရေးအလုပ်ကို (၂)နှစ်ခန့် ပြန်လည်လုပ်ကိုင်
နေပြီဖြစ်ကြောင်းလည်းသိရသည်။

ကျိန့်ချွေဖန်သည်ပန်ဆိုင်း(ကြူကုတ်)မြို့တွင် (၁၄)ရက်ကျော်နေထိုင်နေပြီ
ဖြစ်ပြီး ပန်ဆိုင်း(ကြူကုတ်)မြို့၊ ကျန်းမာရေးဌာနမှဒေါက်တာတီခွန်ဆန်ဒွန်းနှင့် တာဝန်ရှိသူတို့က ကျန်းမာရေးစစ်ဆေးချက်များလုပ်ဆောင်ခဲ့ရာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် လက္ခဏာ(အပူချိန်လွန်)မတွေ့ရှိကြောင်းသိရသည်။

တရုတ်နိုင်ငံ၊ ရွှေလီရဲမှထုတ်ပြန်ထားသည့် (၅)ဦးအနက်မှ ကျန်ရှိနေသည့်
ဟောင်ချန်ရန်(ကျား)၊ဝမ်ချုံ(ကျား)၊ ရွှီဝင်ကျွမ်း(ကျား)နှင့်လီချွင်ပေါင်(ကျား) စုစုပေါင်း(၄)ဦးကို တွေ့ရှိထားပါက

တရုတ်နိုင်ငံသို့ ချက်ချင်းလွဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း(ဖော်ဖော်ဝါရီလ(၆)ရက်နေ့)၊ယနေ့ညတွင်မူဆယ်မြို့၊
မြို့မရဲစခန်းမှသိရသည်။

(ခရိုင်၊ ပြန်/ဆက်)

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top