ဘယ်ဘက်နံ ရိုး မှာကင် ဆာအစက်ေ လးတွေ ထပ်မံတွေ့ရှိ ရတယ် ဆို တဲ့ မီးမီးခဲ

အ ဆိုတော်မီးမီးခဲဟာ ဖေဖော်ဝါရီလ(၅)ရက်နေ့ဖြစ်တဲ့ မနေ့က ဩစတြေးလျနိုင်ငံမှာ (၃)လ(၁)ကြိမ်ဆေးစစ်မှုခံယူခဲ့တာဖြစ်ပြီး ယနေ့မှာတော့ ဆေးစစ်ချက်အဖြေမှာ ဘယ်ဘက်နံရိုး

မှာကင်ဆာအစက်လေးတွေ ထပ်မံတွေ့ရှိရတဲ့အကြောင်းကို “God Is God to me ဟာလေလုယာ ဘုရားပေးတဲ့ ကျေးဇူးဂရုဏာတော်ကြောင့် , အဖြေရလဒ်ကတော့

စိုးရိမ်စရာမရှိပါဘူး။ အသက်အန္တရာယ်ရှိတဲ့အပိုင်းတွေကို မထိခိုက်ပါဘူး။ ဘယ်ဘက်နံရိုး မှာတော့

ကင်ဆာ အစက် လေးတွေ အနည်းငယ်တွေ့ပေမဲ့ ဓါတ်ကင်စရာတောင်မလိုပါဘူးလို့ဆရာဝန်တွေပြောပါတယ်။

ကျွန်မက ကင်ဆာ အဆင်(့၄) ဆိုတော့ ခန္ဒာကိုယ်ထဲမှာရှိနေတဲ့ကင်ဆာ ထပ်မပြန့်ပွားအောင် ထိန်းချုပ်နေရတာပါ။ ဘာပဲဖြစ်ဖြစ် အသက်ရှင်နေသေးတာကို က အံသြဖွယ်ရာ

ဘုရားပြုတဲ့အမှုအရာ တခုပါပဲ။ ဆုတောင်းမေတ္တာပို့ပေးကြတဲ့ မိသားစုသဖွယ် ချစ်ကြတဲ့ Fansများအထူးကျေးဇူးတင်ပါတယ်နော်။ နောက်၃ လမှ ဆက်ပြီးစစ်ဆေးရမှာ

ဖြစ်လို့ဆက်ပြီးသတိတရနဲ့ဆက်လက်ဆုတောင်းကူညီပါဦးလို့ To God Be The Glory” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ မီးမီးခဲကတော့

ရင်သားကင်ဆာအဆင့်(၄)ကိုတော့ (၂၀၀၇)ခုနှစ်ထဲကစတင်ခံစားခဲ့ရတာဖြစ်ပြီး ယနေ့အချိန်အထိ

ရောဂါဝေဒနာတွေခံစားခဲ့ရပေမဲ့လည်း စိတ်ဓာတ်ခိုင်မာစွာနဲ့ ဆေးကုသမှုတွေခံယူကာ အားတင်းရှေ့ဆက်လာခဲ့တာလည်းဖြစ်ပါတယ်။

ပရိသတ်ကြီးရေ အဆိုတော်မီးမီးခဲဟာ ဘယ်ဘက်နံရိုး မှာကင်ဆာအစက်လေးတွေ ထပ်မံတွေ့ရှိရပေမယ့်လည်း အသက်အန္တရာယ်ရှိတဲ့အပိုင်းတွေကို မထိခိုက်တဲ့အတွက်

စိုးရိမ်စရာမရှိပါဘူးတဲ့နော်။ ကင်ဆာအဆင့်(၄)ကိုလည်း ခန္ဒာကိုယ်ထဲမှာရှိနေတဲ့ကင်ဆာ ထပ်မပြန့်ပွားအောင် ထိန်းချုပ်နေပါတယ်တဲ့

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top