ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် မင်္ဂလာဧည့်ခံ ပွဲ ကို Live လွှင့် ကာ အွန်လိုင်း ကနေ ကျင်းပခဲ့ရတဲ့ မင်္ဂလာစုံတွဲ

တ ရုတ်နိုင်ငံဝူဟန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံဟာ စီးပွားရေးအရအတော်လေးထိခိုက်ခဲ့သလို ၊ လူနေမှုစနစ်တွေလည်း အခိုက်တန့် ရပ်တန့်သွားခဲ့ပါတယ်။ ကျောင်းသားတွေဟာဆိုလည်း ပညာရေးတွေကို ရပ်တန့်ထားရပါတယ်နော်။
ဒီအထဲမှာ အိမ်ထောင်ပြုကြမယ့် စုံတွဲတွေလဲ ပါပါတယ်။ အခုလောလောဆယ် ရောဂါပိုးကူးစက်ပျံ့ပွားနေတဲ့ အချိန်ဆိုတော့ လူအစုအဝေးရှိရာကို မသွားတာကောင်းတယ်။

တ ရုတ်အစိုးရ ကိုယ်တိုင်ကလည်း နိုင်ငံသားတွေကို အိမ်ထဲမှာ နေဖို့ပဲ အကြံပြုတားမြစ်ထားပါတယ်နော်။ဒီအချိန်မှာတော့ မင်္ဂလာဆောင်ဖို့ စီစဉ်ထားတဲ့ စုံတွဲအတွက်တော့ အခက်ပွေရပါတယ်။

ဒါပေမယ့် သူတို့ကတော့ နည်းပညာကို အသုံးပြုပြီး မင်္ဂလာဆောင်ခဲ့ပါတယ်။ သူတို့မင်္ဂလာဆောင်ကို မိတ်ဆွေများဖိတ်ကျွေးပြီးတော့ သူတို့ကတော့ အခမ်းအနားကိုမတက်ရောက်တော့ပဲ Live သာ လွှင့်ခဲ့တာဖြစ်ပါတယ်။

ဘာကြောင့်မတက်တာလဲဆိုတော့ သူတို့ဟာ မင်္ဂလာမဆောင်ခင် ဝူဟန်ဖြစ်ပွားရာ ဟူပေ ပြည်နယ်ဘက်ကနေ ပြန်လာခဲ့တာဖြစ်ပြီးတော့ သူတို့မှာ ကူးစက်ရောဂါပိုး ရှိမရှိဆိုတာ မသေချာတာကြောင့် ဖြစ်ပါတယ်။ သူတို့မှာ ရှိနေရင် မိတ်ဆွေတွေကို ကူးစက်
မှာ စိုးတာကြောင့်အခုလို ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

Writer – SMT( Shwe Yaung Lan)

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top