ဝူဟန် မှ လာပြီး ရှမ်းပြ ည် နမ့်ခ မ်းတွင်နေ သည့် တ ရုတ် (၄)ဦး ကို တရုတ်ပြည်ပြန်ပို့

နမ့် ခမ်း၊ ဖေဖော်ဝါရီ (၆)

ရှ မ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်တစ်ခုတွင် ဝူဟန်မှလာသော တရုတ်နိုင်ငံသား (၄)ဦး နေထိုင်နေကြောင်းတွေ့ရှိစစ်ဆေးရသဖြင့် တရုတ်ပြည်ရဲတပ်ဖွဲ့သို့ ပြန်လည်လွှဲပြောင်းပေးလိုက်ကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါ တရုတ်နိုင်ငံသား (၄) ဦးမှာ နမ့်ခမ်းမြို့ရှိ အောင်မေတ္တာရပ်ကွက်တွင် နေထိုင်နေခြင်းဖြစ်ပြီး ၎င်းကို ရပ်ကွက်အတွင်းရေးမှူးဖြစ်သူက စတင်သိရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံမြို့မိမြို့ဖ ဦးစိုင်းမောက်ဆိုင်က ပြောသည်။

ရပ်ကွက်အတွင်းရေးမှူးက ဖေဖော်ဝါရီ ၄ ရက်နေ့တွင်ပြုလုပ်သော ပုံမှန်အစည်းအဝေး၌ အထက်ပါအကြောင်းအရာကိုတင်ပြခဲ့ကြောင်း၊ ယင်းအတွက် အစည်းအဝေးပြီးချင်း အုပ်ချုပ်ရေးအဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ သွားရောက်စစ်ဆေးရာ တရုတ်နိုင်ငံသား ၄ဦးကို အမှန်တစ်ကယ်တွေ့ရပြီး ဝူဟန်မြို့မှရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်ဟု ၎င်း ကပြောပြသည်။

“သူတို့ (၄)ဦးစလုံးကို နမ့်ခမ်းမြို့နဲ့ မျက်နှာချင်းဆိုင် တရုတ်ပြည်ဘက်မှာရှိတဲ့ နောင်တောင်းမြို့ရဲတပ်ဖွဲ့ထံလွှဲပေးလိုက်ပါတယ်” ဟု ဦးစိုင်းမောက်ဆိုင် ကပြောသည်။ တရုတ်နိုင်ငံသား (၄) ဦးမှာ အသက် ၃၀ အရွယ် ၂ ဦးနှင့် ကလေး ၂ ဦးတို့ဖြစ်ကြောင်းသိရသည်။ အဆိုပါတရုတ် ၄ ဦးမှာ နေမကောင်းတစ်စုံတစ်ရာဖြစ်ခြင်း မရှိကြောင်း ဦးစိုင်းမောက်ဆိုင်က ဆိုသည်။

၎င်းတရုတ်နိုင်ငံသားများမှာ နမ့်ခမ်းမြို့နယ်၌ရှိသော အမျိုးအဆွေများအိမ်သို့လာရောက်လည်ပတ်ခြင်းဖြစ်သည်ဟုသိရပြီး ဒေသခံများက မူ ဝူဟန်မြို့တွင်ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်အတွက် လာရောက်ရှောင်တိမ်းခြင်းဖြစ်သည်ဟု ဝေဖန်ပြောဆိုနေကြသည်။

ဝူဟန်မြို့သည် တရုတ်နိုင်ငံဟူပေပြည်နယ်အတွင်းရှိ မြို့ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ ဗဟိုချက်လည်းဖြစ်သည်။ ယနေ့ထုတ်ပြန်ချက်အရ ဝူဟန်ဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်တွင် ၇၃ ဦး ထပ်မံသေဆုံးပြီး စုစုပေါင်း သေဆုံးသူ ၅၆၃ ဦးနှင့် ကူးစက်ခံရသူ ၂၈၀၀၀ ကျော်ရှိလာပြီဖြစ်သည်။

Credit-Blacker

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top