၆-၂-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

thumbnail
Goal / Twitter

ဟန်နီဘယ် ။    ။ မန်ယူ ယူ(၂၃)နည်းပြ နစ်ကီဘတ် က မိုနာကိုအသင်းကနေ ခေါ်ယူထားတဲ့ အသက် (၁၇)နှစ်အရွယ် ကွင်းလယ်ကစားသမားလေး ဟန်နီဘယ် ဟာ မန်ယူအသင်းရဲ့ ကြယ်ပွင့်ကစားသမား ဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ မိုနာကိုအသင်းကနေ ပေါင်(၉)သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ လူငယ်လေးဟာ မန်ယူ ယူ(၂၃)အသင်းမှာ ခြေစွမ်းပြနေခဲ့ပြီး ပေါ့ဂ်ဘာနဲ့တိုမီနေး တို့ ဒဏ်ရာရနေချိန်မှာ မန်ယူရဲ့ ကွင်းလယ်လိုအပ်ချက်ကို ကူညီပေးနိုင်မယ်လို့ နစ်ကီဘတ်က ချီးကျူးထားပါတယ်။

[embedded content]

ဆမ်အလာဒွိုက်စ် ။       ။ ပရီးမီးယားလိဂ်ရဲ့နည်းပြဟောင်းကြီး ဆမ်အလာဒွိုက်စ် က ပရီးမီးယားလိဂ်မှာ Long-Ball ကစားမှုအကောင်းဆုံးအသင်းနှစ်သင်းဟာ လီဗာပူးလ်နဲ့ မန်စီးတီးတို့ဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ မန်စီးတီးအသင်းဟာ အဝေးဘောပေးပို့မှုတွေမှာ မထင်မှတ်ပဲ အားကောင်းနေသလို၊ လီဗာပူးလ်ကတော့ သူတို့ရဲ့အဝေးဘောပေးပို့မှုတွေကို တိတိကျကျစွမ်းဆောင်နိုင်တဲ့အသင်း ဖြစ်တယ်လို့ အသက် (၆၅)နှစ်အရွယ် နည်းပြဟောင်းကြီးက သုံးသပ်လိုက်တာပါ။

ဒမ်ဘီလီ ။       ။ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ မန်ယူနဲ့ ချယ်လ်ဆီးဟာ တိုက်စစ်မှူးတစ်ဦးကို အပြိုင်ကြိုးစားပြီး ခေါ်ယူသွားဖို့ရှိနေပြီး အဲဒီ တိုက်စစ်မှူးကတော့ လိုင်ယွန်ရဲ့ ဒမ်ဘီလီ ဖြစ်တယ်လို့ သတင်းတွေကဖော်ပြနေကြပါတယ်။ ဒီရာသီအပြောင်းအရွှေ့မှာ တိုက်စစ်မှူးသစ်မခေါ်ယူနိုင်ခဲ့တဲ့ ချယ်လ်ဆီးနဲ့ အစ်ဂါလို ကိုသာ ခေါ်ယူနိုင်ခဲ့တဲ့ မန်ယူအနေနဲ့ ဒမ်ဘီလီ ကို ကြိုတင်ချိတ်ဆက်မှုတွေ ပြုလုပ်နေကြပြီး ပေါင်သန်း(၆၀)လောက်နဲ့ ခေါ်ယူရဖွယ်ရှိနေတယ်လို့ Mirror က ဖော်ပြပါတယ်။

မန်စီးတီး ။       ။ ဘာစီလိုနာအသင်းနဲ့မပြေမလည်ဖြစ်နေတဲ့ တိုက်စစ်မှူး မက်ဆီ ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ မန်စီးတီးအသင်းက ပစ်မှတ်ထားနေပါပြီ။ မက်ဆီနဲ့အတူ လက်တွဲခဲ့ဖူးတဲ့ နည်းပြ ဂွာဒီယိုလာရဲ့ အကူအညီနဲ့ မက်ဆီကို ခေါ်ယူသွားဖို့ ကြိုးစားမှာဖြစ်ပြီး ရာသီကုန်တိုင်းမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရှိတယ်ဆိုတဲ့ မက်ဆီရဲ့ လက်ရှိစာချုပ်ကြောင့် မက်ဆီတစ်ယောက် မန်စီးတီးအသင်းဆီ ရောက်လာနိုင်ဖို့ အခြေအနေတွေ ရှိလာခဲ့တာပါ။

တိုမီနေး ။        ။ မန်ယူအသင်းကွင်းလယ်ကစားသမား တိုမီနေး က ဖာနန်ဒက်စ်နဲ့ အီဂါလို တို့ကို ဒီအပြောင်းအရွှေ့မှာ ခေါ်ယူခဲ့ရခြင်းဟာ ထိပ်ဆုံး(၄)သင်းစာရင်းထဲကို ဝင်ရောက်နိုင်ဖို့ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ တိုမီနေး က ဒီကစားသမား နှစ်ယောက်စလုံးဟာ မန်ယူအသင်းအတွက် အကူအညီပေးနိုင်မယ့် ကစားသမားတွေဖြစ်ပြီး သူတို့ကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် စိန်ခေါ်နိုင်လိမ့်မယ်လို့ တိုမီနေး က ယုံကြည်နေပါတယ်။

Linn

Source : TheSun , Mirror , Goal

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top