အသက် (၄၀)ရောက်ရင် အပြတ်ကဲဖို့ဆိုပြီး (၅)နှစ်ကြာပိုက်ဆံစုခဲ့တဲ့သူငယ်ချင်းအဖွဲ့

thumbnail
Instagram

အိုင်ယာလန်နိုင်ငံမှာနေထိုင်ကြတဲ့ သူငယ်ချင်း(၁၀)ယောက်ပါ အဖွဲ့တစ်ဖွဲ့ဟာ သူတို့အသက် (၄၀)ပြည့်တဲ့နှစ်မှာ အပြတ်ကဲကြဖို့ဆိုပြီး လစဉ် တစ်လကို ယူရို (၅၀) စုခဲ့ကြပါတယ်။ သူတို့က သက်တူရွယ်တူ သူငယ်ချင်းတွေ ဖြစ်ကြပြီး သူတို့အသက် (၃၅)နှစ်မှာ အဲဒီလို ပိုက်ဆံစုတဲ့ အစီအစဉ်ကို စခဲ့ကြတာပါ။

သူတို့က ဘဏ်အကောင့်တစ်ခု ဖွင့်ခဲ့ကြပြီး သူငယ်ချင်း(၁၀)ယောက်စလုံးက အဲဒီ ဘဏ်အကောင့်ထဲကို လတိုင်း တစ်ယောက် ယူရို(၅၀)စီ မပျက်မကွက်ထည့်ခဲ့ကြတာပါ။

(၂၀၁၅)ဇန်နဝါရီကနေ စခဲ့တဲ့ သူတို့ရဲ့စီမံကိန်းက (၂၀၁၉)ဒီဇင်ဘာ မှာ အဆုံးသတ်ခဲ့ပြီး စုစုပေါင်း ယူရို(၃၀၀၀၀)တောင် ရခဲ့တာပါ။

Instagram

သူတို့က ဘယ်လိုအကြောင်းနဲ့မှ ဒီပိုက်ဆံကို ပြန်မထုတ်ရဘူးလို့ ကတိထားခဲ့ကြပြီး (၂၀၁၉)ခုနှစ် အားလပ်ရက်မှာ ပျော်ပျော်ကြီး အသုံးချကြဖို့ စီစဉ်ခဲ့တာပါ။

သူတို့ရဲ့ အစီအစဉ်ထဲမှာ ဖလော်ရီဒါနိုင်ငံထဲက အကောင်းစားဟိုတယ်တစ်ခုမှာ (၃)ညနေဖို့၊ ကမ်းခြေမှာ ပျော်ရွှင်ဖို့၊ အဲဒီနောက် မီယာမီကို (၃)ရက်ထပ်သွားနေဖို့နဲ့ နယူးအော်လင်းမှာလည်း (၃)ရက်လောက်နေထိုင်ဖို့ပါပဲ။ ဒါ့အပြင် မြစ်ထဲမှာ လှေလှော်တာတွေ၊ ဂျက်ဇ်ဘားတွေမှာ သွားပြီးသောက်တာတွေ၊ ရေနွေးစိမ်ကန်တွေဆီသွားတာတွေနဲ့ ညနေခင်း လှေစီးတာတွေကိုပါ သူတို့  ပြုလုပ်မယ့်စာရင်းထဲမှာ ထည့်ထားခဲ့တာပါ။

ဒါ့အပြင် အချိန်တွေပိုခဲ့ရင် ရေခဲပြင်ဟော်ကီကစားမယ်ဆိုတဲ့ အစီအစဉ်ကိုလည်း အရန်အနေနဲ့ ထည့်သွင်းထားခဲ့ပါသေးတယ်။

“ဒီလိုမျိုး သက်တူရွယ်တူနဲ့ နှစ်ရှည်သူငယ်ချင်းအဖွဲ့ကြီး ဖြစ်နေဖို့ဆိုတာ တကယ့်ကို မလွယ်ပါဘူး။ ကျွန်တော်တို့ အတူတကွ ကြီးပြင်းလာခဲ့ကြပြီး အရာရာပြောင်းလဲသွားခဲ့ကြပေမယ့် ကျွန်တော်တို့အားလုံး အတူတကွ အမြဲရှိနေတာ ကံကောင်းမှုတစ်ခုပါပဲ” လို့ ဒီအစီအစဉ်ကို ဦးစီးခဲ့တဲ့ အီယန် က ဆိုပါတယ်။

ဒီ သူငယ်ချင်းတွေရဲ့ အစီအစဉ်က ဖတ်လိုက်ရတာနဲ့တင် ပျော်ဖို့ကောင်းခဲ့ပြီး ဒီလောက်နှစ်အကြာကြီး ဇွဲကောင်းကောင်းနဲ့ ပိုက်ဆံစုနိုင်ခဲ့ကြသူတွေကို ချီးကျူးရမှာ အမှန်ပါပဲ။

Linn

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top