အခုအချိန်မှာ Joker ရုပ်ရှင်နဲ့ ရုပ်ရှင်ထူးချွန်ဆုပေါင်းများစွာကို သိမ်းပိုက်နေတဲ့ Joaquin Phoenix ကို သိပ်မကြာခင် ရိုက်ကူးတော့မယ့် Peter Pan ရုပ်ရှင် Live-Action အတွက် ဗီလိန်နေရာမှာ သရုပ်ဆောင်ဖို့ Disney ကုမ္ပဏီက စိတ်ဝင်စားနေပါတယ်။
၁၉၅၃ ခုနှစ်က ကာတွန်းကားအနေနဲ့ ထွက်ရှိခဲ့တဲ့ ပီတာပန်ရုပ်ရှင်ကို Live-Action ရုပ်ရှင်အဖြစ် ရိုက်ကူးမယ်ဆိုတာကို Disney ကုမ္ပဏီက အတည်ပြုပြောကြားထားခဲ့တာပါ။ အခုအချိန်မှာတော့ ပီတာပန်ရုပ်ရှင်အတွက် သရုပ်ဆောင်ဖို့ ရွေးနေစဉ်ကာလပါပဲ။ ရုပ်ရှင်နာမည်ကိုတော့Peter Pan and Wendy လို့ ယာယီပေးထားပါတယ်။ တိကျသေချာတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေကို အခုအချိန်မှာ အတည်မပြုပေးနိုင်သေးပေမယ့် Margot Robbieဟာ Tinker Bell နေရာမှာ သရုပ်ဆောင်မယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။

Disney ကုမ္ပဏီဟာ အခုနောက်ပိုင်းမှာတော့ Live-Action ရုပ်ရှင်တွေကို ရိုက်ကူးဖို့ကို ဦးစားပေးလုပ်ဆောင်နေပါတယ်။ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ ကာတွန်းကားတွေကို အခုအချိန်မှာတော့ Live-Action အဖြစ် ရိုက်ကူးဖို့ တစ်ကားပြီး တစ်ကားလုပ်ဆောင်နေပါတယ်။ ရိုက်ကူးခဲ့တဲ့ Live-Action တွေထဲမှာတော့ Cinderella၊ Beauty and the Beast နဲ့ The Lion King တို့ ပါဝင်ပါတယ်။ နောက်ဆုံး Disney ရဲ့ Live-Action ကားကတော့ Mulan ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ Mulan ရုပ်ရှင်ကားဟာ လာမယ့် မတ်လအတွင်းမှာ ရုံတင်ပြသသွားမှာပါ။
[embedded content]
အခုလည်း Disney ရဲ့ ခြေလှမ်းတစ်ခုကတော့ Peter Pan ကို Live-Action အဖြစ် ရိုက်ကူးသွားဖို့ရှိနေပါတယ်။ သတင်းတွေအရတော့ Joaquin Phoenix ကို Peter Pan ရဲ့ အဓိကဗီလန် Captain Hook နေရာမှာ သရုပ်ဆောင်ဖို့ မျက်စိကျနေတယ်လို့ ScreenRant ဝက်ဘ်ဆိုဒ်က ဖော်ပြခဲ့ပါတယ်။
[embedded content]
Joaquin Phoeni က လက်ခံ၊မခံကလည်း ရှိပါသေးတယ်။ တကယ်လို့ သူဟာ လက်ခံခဲ့ရင်တော့ ပီတာပန်ရုပ်ရှင်ဟာ အကောင်းဆုံးဗီလိန်သရုပ်ဆောင်တစ်ယောက်နဲ့ ထွက်လာမှာ အသေအချာပါပဲ။ လာမယ့် ပီတာပန်ရုပ်ရှင်ကို Disney+ မှာ ပြသသွားမလား (ဒါမှမဟုတ်) ရုံတင်မလားဆိုတာတော့ အခုတော့ မသိရှိရသေးပါဘူး။
Joaquin Phoenix ဟာ Joker ရုပ်ရှင်နဲ့ ပရိသတ်အမြောက်အများ အားပေးလာခဲ့ကြတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး Joker ရုပ်ရှင်ဟာ အော်စကာဆုအတွက် ဇကာတင် ၁၁ အထိ ရရှိခဲ့တာပါ။ ပြီးခဲ့တဲ့ စနေနေ့ BAFTA ဆုရဲ့ အကောင်းဆုံးသရုပ်ဆောင်ဆုအမျိုးသားဆုကိုတော့Joker ဇာတ်ရုပ်နဲ့ Joaquin Phoenixက ရရှိခဲ့ပါတယ်။
Ye Yint Kyaw