ကစ်ကစ် နာရေးမှာ အနုပညာရှင် အချို့ ရဲ့ အလှူငွေ စာရင်းကို ကြော်ငြာလိုက်တဲ့ ခင်သဇင်

ဟာသသရုပ်ဆောင် ကစ်ကစ်တစ်ယောက်ဟာ ပြီးခဲ့တဲ့လ ၂၆ ရက်နေ့က သူမချစ်တဲ့အနုပညာလောက နဲ့ ပရိသတ်ကြီးကို နှုတ်ဆက်ထွက်ခွာခဲ့ပြီဖြစ်ပါတယ်..။

သူမနာမကျန်းဖြစ်နေစဉ်အတောအတွင်းမှာတော့ သရုပ်ဆောင် ခင်သဇင်ကပဲ လိုအပ်တဲ့ဆေးဖိုးနဲ့အလှူရှင်တွေကို ရှာဖွေပေးခဲ့သလို ၊ အနီးကပ် ပြုစုကူညီပေးခဲ့တာလည်း ပရိသတ်အသိပဲဖြစ်ပါတယ်နော်..

ကစ်ကစ် ဆုံးပါးသွားပြီးနောက်မှာလည်း ကစ်ကစ်ရဲ့ နာရေးအတွက် သိုက်သိုက်ဝန်းဝန်းလေးဖြစ်အောင် သရုပ်ဆောင် ခင်သဇင်ကပဲ ဦးဆောင်ပြီး ဆောင်ရွက်ပေးခဲ့ပါတယ်..။

ကစ်ကစ်တစ်ယောက် ဆေးရုံကို ကျောက်ကပ်ရောဂါနဲ့ နာတာရှည်ခံစားပြီးတက်ရောက်ကုသနေစဉ်မှာ သူ့ရဲ့ဆေးဖိုးအတွက် တစ်နိုင်ငံလုံးက အနယ်နယ်အရပ်ရပ်မှ စေတနာရှင်များက ကုသိုလ်ဖြစ် ပါဝင်လှူဒါန်းခဲ့ကြပါတယ်..။

ဒီဆေးဖိုး အလှူငွေတွေကိုလည်း သရုပ်ဆောင် ခင်သဇင်ကပဲ ကူညီထိန်းသိမ်းပေးခဲ့ပါတယ်။

ကစ်ကစ်ဆုံးပါးသွားတဲ့နောက်မှာတော့ ဒီအလှူငွေတွေကို မူလအလှူရှင်တွေဆီ ပြန်ပေးဖို့ ဆက်သွယ်ခဲ့ပေမယ့် သူတို့က အပြတ်လှူထားတာမို့ ကစ်ကစ်နာရေးမှာ ထည့်သွင်းသုံးဖို့ ခွင့်ပြုပေးခဲ့ပါတယ်..။

ဒီအတွက်လည်း ခင်သဇင်က ကျေးဇူးအများကြီး တင်မိခဲ့တယ်လို့ဆိုပါတယ်နော်..

ဒီနေ့တော့ သရုပ်ဆောင် ကစ်ကစ်ရဲ့ ဈာပန ပြီးစီးလို့ ရက်လည်ဆွမ်းကျွေးပြီးတာမို့ အနုပညာရှင် ညီအစ်ကို မောင်နှမနဲ့ ကူညီပေးသူများ ငွေစာရင်း ကို ထုတ်ဖော်ရှင်းပြခဲ့ပြီးတော့ နာရေးတလျောက်ကုန်ကျခဲ့တဲ့ စာရင်းဇယားများကိုလည်း အများက သံသယကင်းအောင် ပွင့်လင်းမြင်သာစွာထုတ်ပြန်ပေးလိုက်တာကိုတွေ့ရပါတယ်..။

အခုလို သံသယရှင်းရှင်းနဲ့ ကူညီပြီး ပွင့်ပွင့်လင်းလင်း လုပ်ကိုင်ဆောင်ရွက်ပေးခဲ့တဲ့ သရုပ်ဆောင် ခင်သဇင်ကိုလည်း ပရိသတ်က ယခင်ကထက် ပိုမိုချစ်ခင်လေးစားနေကြတယ်လို့လည်း သိရပါတယ်နော်..

Writer – SMT( Shwe Yaung Lan)

Unicode

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top