”ကလေးတွေရဲ့ လည်ချောင်းထဲမှာ ပစ္စည်းတစ်ခုခု ပိတ်ဆို့သွားခဲ့ရင်” အရေးပေါ် လုပ်သင့်သော ”နည်းလမ်း”……

ကလေးတွေရဲ့လည် ချောင်းထဲမှာ ပစ္စည်းတစ်ခုခု ပိတ်ဆို့သွားခဲ့ရင် ကလေးအသက်ဆုံးရှုံးမှု မဖြစ်ရလေအောင် မိဘတွေအနေနဲ့ အချိန် ငါးမိနစ်အတွင်း အရေးပေါ်ဘာတွေလုပ်သင့်လဲဆို တာကို ဖော်ပြလိုက်ပါတယ်။

ရန်ကုန်ဆေးတက္ကသိုလ်(၁) ကလေး ကျန်းမာ ပညာဌာနမှကထိက ဒေါက်တာ သက်ထားရွှေစင်ဝင်းက ‘ကလေးတစ် ယောက် choking ရပြီး ငါးမိနစ်အတွင်း ပစ္စည်းထွက်အောင် မကူညီနိုင်ဘူးဆိုရင် ကလေးကို လက်လွှတ်ဆုံးရှုံးလိုက်ရဖို့ များ ပါတယ်’ လို့ ပြောပါတယ်။

ကလေးတွေရဲ့လေပြွန်ထဲကို တစ်ခုခု ပိတ်ဆို့သွားခဲ့မယ်ဆိုရင် အောက်ဆီဂျင် က လုံးဝပြတ်သွားပါမယ်။ သည်လိုပြတ်တဲ့အချိန်က ငါးမိနစ်ကျော်သွားခဲ့ရင် ဦးနှောက်မှာရှိတဲ့ဆဲလ်တွေက သေဆုံးသွားပါတယ်။

ဒါကြောင့် ကလေးတွေ လည်ချောင်းထဲမှာ တစ်ခုခုပိတ်ဆို့နေပြီ ဆိုရင် အကူအညီကို လှမ်းခေါ်ရပါမယ်။ဘယ်လောက်ဖွံ့ဖြိုးတဲ့နိုင်ငံမှာပဲဖြစ် ဖြစ် ကူညီမယ့်သူက ငါးမိနစ်အတွင်း ရောက်လာဖို့ သွားနိုင်ဖို့ဆိုတာ ခဲယဉ်းပါ တယ်။

-အရမ်းမနှိုက်နဲ့

အရေးအကြီးဆုံးအချက်က ဝင်သွားတဲ့ပစ္စည်းကိုမမြင်ဘဲနဲ့ လူကြီးကနေ ပါး စပ်ထဲကို ရမ်းပြီးတော့  နှိုက်ထုတ်ဖို့ မကြိုးစားသင့်ပါဘူး။

ဘာကြောင့်လဲဆို တော့ ပါးစပ်ရဲ့ခန္ဓာဗေဒဖွဲ့စည်းပုံအရ ပစ္စည်းတစ်ခုကို လက်နဲ့နှိုက်ထုတ်ရင် ထွက်လာဖို့ထက် တွန်းထည့်သလိုဖြစ်ပြီး တော့ အထဲကို ပိုဝင်ဖို့များပါတယ်။

ဒါ ကြောင့် မမြင်ရဘဲနဲ့ သူ့ကိုဆွထုတ်ဖို့ သင့်တော်တဲ့ကိရိယာမပါဘဲနဲ့ လက်နဲ့မနှိုက်ဖို့ သတိထားရမှာဖြစ်ပါတယ်။

ပထမဆုံးကြည့်ရမှာကတော့ ကလေးက ချောင်းဆိုးနိုင်သလား။ လေ ပြွန်ထဲကို ပစ္စည်းတစ်ခုခုဝင်တာနဲ့ လေပြွန်မှာရှိတဲ့နံရံတွေရဲ့ သဘာဝက တွန်းထုတ်ဖို့ ကြိုးစားပါတယ်။သည်အခါမျိုးမှာ ကလေးက အားကောင်းကောင်းနဲ့ ချောင်း ဆိုးပါတယ်။

သည်လိုချောင်းကောင်း ကောင်းဆိုးနိုင်ရင် မိဘတွေအနေနဲ့ အ နှောင့်အယှက်မပေးသင့်ပါဘူး။ ဒါကို စောင့်ကြည့်ဖို့ လိုပါတယ်။

ဘာကြောင့်လဲ ဆိုတော့ သဘာဝကတွန်းထုတ်တဲ့အား က လူကကူတာထက်ပိုပြီးတော့ အား ကောင်းလို့ပါ။ အဲသည်လိုချောင်းဆိုးရင်းနဲ့ ပစ္စည်းထွက်သွားတဲ့သာဓကတွေလည်း အများကြီးရှိပါတယ်။

-အသံအားကောင်းရမယ်

ချောင်းကောင်းကောင်းဆိုးတယ်ဆို တာ ဘယ်လိုလဲဆိုတော့  ကလေးက သတိ ကောင်းကောင်းရှိရမယ်။ နောက်အသံ ထွက်ရမယ်၊ မျက်လုံးဖွင့်နေရမယ်။

သူ ချောင်းဆိုးတဲ့အသံက အားကောင်းရ မယ်။ အဲသည်လို မဟုတ်ဘဲနဲ့ ချောင်းဆိုး တဲ့အသံက တိမ်နေမယ်။တအုအုနဲ့ဖြစ် နေမယ်၊နှုတ်ခမ်းတွေ ပြာလာမယ်။

သတိ လစ်ချင်သလိုဖြစ်လာမယ်။ ဒါမျိုးဆိုရင် အားကောင်းတဲ့ချောင်းဆိုးခြင်းမဟုတ်ပါ ဘူး။ ဒါဆိုရင်တော့ လူကြီးက ကူညီဖို့ လိုလာပါပြီ

-ဘယ္လိုကူညီမလဲ

တချို့ကလေးတွေက ချောင်းကောင်း ကောင်းဆိုးနေပါလျက် ပစ္စည်းက ထွက် မလာဘဲ တိမ်ဝင်သွားမယ်ဆိုရင်တော့ ကူညီရပါမယ်။

ဘယ်လိုကူညီမလဲဆို တော့ အသက်တစ်နှစ်အောက်က တစ်မျိုး ဖြစ်ပြီး အသက်တစ်နှစ်အထက် ကလေး ကြီးတွေမှာ ကူညီတာကတော့ တစ်မျိုး ဖြစ်ပါတယ်။

အသက်တစ်နှစ်အောက်ကလေးတွေ ပစ္စည်းထွက်အောင်ဆိုရင် နောက်ကျော ကို လှန်ပြီး ပုတ်ပေးလို့ရတယ်။ နောက် တစ်ခုက ပက်လက်လှန်ပြီးတော့ ရင်ဘတ် ကို နှိပ်ပြီးတော့လည်း ကူညီလို့ ရပါတယ်။

-နောက်ကျောနှိပ်နည်း

ကလေးကို လက်ပေါ်မှာ ပွေ့လိုက်ပါ။ နောက်ကျောတစ်လျှောက်ကို ထိန်းထားရ မယ်။ ကလေးကို အောက်ကလေး အနည်း ငယ်ကို စိုက်ပြီးတော့ မှောက်ပါမယ်။

အဲ သည်အချိန်မှာ ကလေးရဲ့မေးရိုးကို ထိန်း ထားဖို့ လိုပါတယ်။ မေးရိုးကိုထိန်းပြီး မှောက်လျားထိုးအနေအထားနဲ့ အောက် ကိုစိုက်စိုက်လေးချထားပါမယ်ပြီးရင်ကလေးရဲ့နောက်ကျောမှာရှိတဲ့ တောင်ပံ ရိုးနှစ်ခုနေရာရဲ့အလယ်ကို ပုတ်ရပါမယ်။ ပုတ်တဲ့အခါ လက်ဖနောင့်ကို သုံးရပါမယ်။

လက်ဖနောင့်နဲ့ ရှေ့ကိုသွားတဲ့ ဒါရိုက်ရှင် အတိုင်း ပုတ်ရပါမယ်။ ပုတ်တဲ့အခါမှာ အားအတန်အသင့်ထည့်ဖို့ လိုပါတယ်။

ငါး ချက်ခပ်ဆဆလေး တစ်စက္ကန့်ကို တစ် ချက်နှုန်းနဲ့ ငါးချက်ပုတ်ပါမယ်။အဲ သည် အခါမှာ ကလေးကိုကြည့်ပါ။

ပစ္စည်းထွက် သွားရင် ရပ်လို့ရပါပြီ။ မထွက်ဘူးဆိုရင် တော့ ကလေးကို ပက်လက်ပြန်လှန်ပါ မယ်။

-ပက်လက်နှိပ်နည်း

ပက်လက်လှန်တဲ့အခါမှာလည်း ကလေးရဲ့မေးရိုးလေးကို ထိန်းထားမယ်။ ကလေးရဲ့နောက်စေ့လေးကို ကိုင်ထား မယ်။ ကိုင်ပြီးတော့မှ ကလေးကို လှန်ပါ မယ်။

အဓိကကတော့ ကလေးရဲ့ဇက် ကလေးကို ဒဏ်ရာမရအောင် ညှပ်ပြီး ထိန်းတဲ့သဘောပါပဲ။ ကလေးကို ပက် လက်လှန်ပြီးရင် ရင်ဘတ်ကို ငါးချက်နှိပ်ပါ မယ်။

နှိပ်တဲ့နေရာကတော့ ကလေးရဲ့ရင် ညွန့်ရိုးအလယ်အောက်နားကို နှိပ်ပါမယ်။ (နို့သီးခေါင်းလေးနှစ်ဖက်ကို မျဉ်းဆွဲကြည့်လိုက်ပြီး အလယ်တည့်တည့်ရဲ့ အောက် လက်နှစ်လုံးလောက်အောက်ထားပြီး) အောက်ဘက်ကို အနည်းငယ်စိုက်ကာ ငါး ချက် နှိပ်ပါမယ်။

အားအတန်အသင့်ပဲ ထည့်ပါ။ဒါဆိုရင် ထွက်သွားနိုင်ပါတယ်။ အကယ်၍ မထွက်သေးဘူးဆိုရင်တော့ မှောက်လိုက် ငါးချက်ပုတ်၊ လှန်လိုက် ငါးချက်နှိပ်လိုက် တစ်လှည့်စီ လုပ်လို့ရပါ တယ်။

အရေးကြီးတာတစ်ခုကတော့ သည် လိုလုပ်နေချိန်မှာ ကလေးက သတိ ကောင်းကောင်းရှိနေရပါမယ်။ သတိလစ်သွားမယ်ဆိုရင်တော့ အရေးပေါ်အသက် ကယ်အနေအထားကို ပြောင်းကူညီရမှာ ဖြစ်ပါတယ်။

ဒေါက်တာသက်ထားရွှေစင်ဝင်းက ‘ဒီလိုမှန်ကန်အောင်လုပ်နိုင်မယ်ဆိုရင် ငဟုငကိနဂ ရသွားတဲ့ကလေးရဲ့အသက်ကို ၈၀ ရာခိုင်နှုန်းကယ်နိုင်မယ်လို့ သုသေသန တေ∑က ဆိုထားတယ်’လို့ ဆိုပါတယ်။

-ကလေးကြီးတွေဆိုရင်

ကလေးကြီးတွေမှာတော့ ခန္ဓာကိုယ်က ကြီးသွားပြီဖြစ်လို့ မပွေ့နိုင်တော့ ဘူးဆိုရင် ကလေးရဲ့နောက်ကနေ နေရာယူပါမယ်။ကလေးကို ကိုယ့်ရှေ့မှာ ထားပါ မယ်။

ကလေးကို နောက်ကနေ လက်နဲ့ သိုင်းကိုင်ပါမယ်။ ကလေးငယ်တုန်းက နေရာကိုပဲ ငါးချက်ပုတ်ပါမယ်။ပြီးရင်ဗိုက်ကို ညှစ်ပါတယ်။ ဗိုက်ကို ညှစ်တဲ့အခါ ကလေးရဲ့နောက်ကနေ  နေ ရာယူတယ်။ ကလေးကို လက်နှစ်ဖက်နဲ့ သိုင်းကိုင်ထား ပြီးရင်

လက်တစ်ဖက်ကို လက်သီးဆုပ် ကျန်လက်တစ်ဖက်က လက်သီးဆုပ်ကိုအုပ်ကိုင်ပြီးတော့ ကလေး ရဲ့ရင်ညွန့်မှာ လက်သီးဆုပ်ကို နေရာထား ပြီးတော့ အတွင်းအပေါ်ဘက်ကို မြှောက် ပေးရပါတယ်။

ဒါကို ငါးချက်လုပ်ရပါ တယ်။သည်လိုနည်းနဲ့ ကလေးတွေရဲ့လည် ချောင်းမှာပိတ်ဆို့နေတဲ့အရာဝတ္ထုတွေ ထွက်လာအောင် လုပ်ဆောင်နိုင်ပါတယ်။

Credit to Orginal Uploder

Unicode Font ဖြင့်ဖတ်ရန်

-ဘယ်လိုကူညီမလဲ

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top