မျက်နှာအသားအရည်လေးတင်းရင်းလှပစေဖို့အတွက် သဘာဝအတိုင်းမျက်နှာပေါင်းတင်နည်း ၃ မျိုး

[Zawgyi]

လေထုညစ်ညမ်းမှု၊ ဖုန်မှုန့်အညစ်အကြေးတွေနဲ့ စိတ်ဖိစီးမှုတွေက အသားအရည်တင်းရင်းမှုမရှိဘဲ လျော့တိလျော့ရဲဖြစ်စေပါတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်နေတဲ့ပုံပေါက်ခြင်းက မိန်းကလေးတိုင်းရဲ့ အိပ်မက်ဆိုးပါပဲ။ ဒါဆိုရင် အဲ့ဒီအိပ်မက်ဆိုးထဲက ဘယ်လိုရုန်းထွက်ပြီးတော့ ဘယ်လိုကြိုတင်ကာကွယ်မလဲဆိုတာကို ဆက်လက်ဖတ်ကြည့်ရအောင်နော်။

၁။ ကြက်ဥအကာနဲ့ ပေါင်းတင်မယ်

ကြက်ဥတစ်လုံးကို ယူပြီး အနှစ်နဲ့ အကာကိုခွဲလိုက်ပါ။ ပြီးတဲ့အခါ ကြက်ဥအကာကို မျက်နှာပေါ် အသာအယာသုတ်လိမ်းလိုက်ပါ။ မိနစ် ၂၀ ခန့်ကြာပြီး ခြောက်သွားတဲ့အခါ ကြက်သီးနွေး ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ ကြက်ဥအကာက သဘာဝအတိုင်းအသားအရည်လေးတင်းရင်းပြီး တောက်ပြောင်သွားအောင် ပြုလုပ်နိုင်စွမ်းရှိပါတယ်။ ပြီးတော့ ပြုလုပ်ရတာလည်း လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးပါပဲ။

၂။ သကြား၊ ဒိန်ချဉ်နဲ့ပေါင်းတင်မယ်

Photo source: peaceloveshea.com

ပန်းကန်လုံးတစ်ခုထဲကို ကြက်ဥအကာ၊ သကြား၊ ဒိန်ချဉ်တို့ ထည့်ပြီး သမအောင် ရောမွှေလိုက်ပါ။ ပြီးရင် မျက်နှာပေါ် သုတ်လိမ်းပေးပြီး ခြောက်သွားပြီဆိုရင်တော့ ကြက်သီးနွေးရေနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။ ဒိန်ချဉ်က မျက်နှာပေါ်က အမဲစက်တွေ နေလောင်ဒဏ်တွေကြောင့် ခံစားထားရတဲ့ အသားအရည်လေးကို တင်းရင်းအောင် ပြုလုပ်ပေးပါတယ်။ သကြားကတော့ မျက်နှာပေါ်ကအညစ်အကြေးတွေကို သဘာဝအတိုင်း ဖယ်ရှားပေးပါတယ်။ ဒီနည်းလေးနဲ့ မှန်မှန်ပေါင်းတင်ပေးမယ်ဆိုရင် ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရည်ကို စိုပြေစေကာ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးပါတယ်။

၃။ ငှက်ပျောသီးနဲ့ ပေါင်းတင်မယ်

Photo Source: www.videoblocks.com

ငှက်ပျောသီးက သင့်အသားအရည်ကို အစိုဓာတ်ထိန်းပေးတဲ့အပြင် အသားအရည်တင်းရင်းပြီး တောက်ပနေအောင် ပြုလုပ်ပေးပါလိမ့်မယ်။ ငှက်ပျောသီးတစ်လုံးကို အနှစ်လေးတွေရအောင် ကြိတ်ချေပြီး မျက်နှာပေါ်ကို အသာအယာလိမ်းပေးလိုက်ပါ။ ၁၅ မိနစ်ခန့်ကြာမှ ရေအေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။ အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး မျက်နှာပေါင်းတင်နည်းလေးပါပဲ။

ပျိုမေလေးတို့ရေ မျက်နှာအသားအရည်တင်းရင်းနေအောင် အကုန်အကျမများဘဲနဲ့ အိမ်မှာပဲ ဘယ်လိုပေါင်းတင်ပေးရမလဲဆိုတာ သိပြီဆိုတော့ ဘာကိုစောင့်နေမှာလဲ အခုချက်ချင်းပဲ မျက်နှာပေါင်းတင်ကြည့်ရအောင်နော်။

[Unicode]

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top