ဂိမ်းဆော့လို့ သန်းကြွယ်သူဌေး ဖြစ်သွားတဲ့ ၁၆ နှစ်အရွယ် ကောင်လေး

ကွန်ပျူတာဂိမ်း ၊ မိုဘိုင်းဖုန်း ဂိမ်း ကစားတာတွေဟာ အချိန်ဖြုန်းနေတဲ့သူတွေ အဖြစ်ထင်မြင်ယူဆချက်တွေကို တဖြေးဖြေးနဲ့ ပြောင်းလဲရတော့မည့် အခြေအနေဖြစ်ပါတယ်..။
ဘာကြောင့်လဲ ဆိုတော့ နိုင်ငံတော်တော်များများ ဂိမ်းဟာ Esport အဖြစ် ပါဝင်လာပြီးတော့ ပြိုင်ပွဲတွေလည်း ကျင်းပ ပေးနေခဲ့တာကြောင့် ဖြစ်ပါတယ်။

ဂိမ်းတွေဟာလူမှု ဘဝတွေနဲ့ ပတ်သတ်ဆက်နွယ်နေတတ်ပြီးတော့ အထူးသဖြင့် ဂိမ်းကစားတဲ့ အသက်အရွယ်ကတော့ လူငယ်လူလတ်ပိုင်းတွေပဲဖြစ်ပါတယ်..။

ဂိမ်း ကုမ္မဏီတွေဟာ သူတို့ရဲ့ ထုတ်ကုန်ဖြစ်တဲ့ ဂိမ်းတွေကို လူတွေ ပိုမိုစိတ်ဝင်စားလာဖို့ ၊ ပိုမို သုံးစွဲလာပြီးတော့ စီးပွားရေးတွေ အောင်မြင်ဖို့အတွက် ဈေးကွက်စီးပွားရေးစနစ်အရ ယခုကဲ့သို့ ပြိုင်ပွဲများကျင်းပခြင်း ၊ ဆုများပေးခြင်း ၊ Promotion များ ချပေးခြင်း အပါအဝင် နည်းလမ်းမျိုးစုံကို အသုံးပြုနေကြတာပဲဖြစ်ပါတယ်..။

ဒီအပေါ်မှာ တကယ်ကို စွဲလမ်းယစ်မူးစွာ ကစားနေကြတာဟာ လူငယ်လူလတ်သာမက မြန်မာနိုင်ငံမှာဆိုရင် သက်ကြီးပိုင်းတွေပါဆော့ကစားကြတာကိုတွေ့ရပါတယ်။အမေရိကန် နိုင်ငံက အသက် (၁၆) နှစ်အရွယ် ရှိတဲ့ Kyle Gierdorf ကတော့ ဗီဒီယို ဂိမ်း ပြိုင်ပွဲမှာ အမေရိကန် ဒေါ်လာ ၃ သန်းကျော် အနိုင်ရရှိခဲ့တဲ့ လောလောလတ်လတ်အောင်နိုင်သူ gamer တစ်ယောက်ပဲ ဖြစ်ပါတယ်..။

သူဟာဆိုရင် Fornite ဂိမ်းကို အမြဲတမ်း ဆော့နေခဲ့ပြီးတော့ အခုလို ပြိုင်ပွဲဝင်ခဲ့ရာကနေ အခုလို Winner လူငယ် ဘီလီယံနာ တစ်ဦးဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ အမြဲတမ်းကစားခဲ့တဲ့ အကျိုးကျေးဇူးပြန်ခံစားရတာဖြစ်တယ်လို့လည်း Kyle က ဆိုပါတယ်။သူ့ ရဲ့ IGN(In Game Name) ကတော့ Bugha ဖြစ်ပြီးတော့ ပြိုင်ဘက်ဖြစ်သူ Psalm ထက် ၂၆ မှတ်အသာနဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့တာလို့လည်း သိရပါတယ်..။

Writer SMT( Shwe Yaung Lan)

UNICODE

ဂိမ်းနေ့တိုင်း ဆော့လို့ သန်းကြွယ်သူဌေးကြီး ဖြစ်သွားတဲ့ ၁၆ နှစ်အရွယ် ကောင်လေး အကြောင်း

ကွန်ပျူတာဂိမ်း ၊ မိုဘိုင်းဖုန်း ဂိမ်း ကစားတာတွေဟာ အချိန်ဖြုန်းနေတဲ့သူတွေ အဖြစ်ထင်မြင်ယူဆချက်တွေကို တဖြေးဖြေးနဲ့ ပြောင်းလဲရတော့မည့် အခြေအနေဖြစ်ပါတယ်..။
ဘာကြောင့်လဲ ဆိုတော့ နိုင်ငံတော်တော်များများ ဂိမ်းဟာ Esport အဖြစ် ပါဝင်လာပြီးတော့ ပြိုင်ပွဲတွေလည်း ကျင်းပ ပေးနေခဲ့တာကြောင့် ဖြစ်ပါတယ်။

ဂိမ်းတွေဟာလူမှု ဘဝတွေနဲ့ ပတ်သတ်ဆက်နွယ်နေတတ်ပြီးတော့ အထူးသဖြင့် ဂိမ်းကစားတဲ့ အသက်အရွယ်ကတော့ လူငယ်လူလတ်ပိုင်းတွေပဲဖြစ်ပါတယ်..။

ဂိမ်း ကုမ္မဏီတွေဟာ သူတို့ရဲ့ ထုတ်ကုန်ဖြစ်တဲ့ ဂိမ်းတွေကို လူတွေ ပိုမိုစိတ်ဝင်စားလာဖို့ ၊ ပိုမို သုံးစွဲလာပြီးတော့ စီးပွားရေးတွေ အောင်မြင်ဖို့အတွက် ဈေးကွက်စီးပွားရေးစနစ်အရ ယခုကဲ့သို့ ပြိုင်ပွဲများကျင်းပခြင်း ၊ ဆုများပေးခြင်း ၊ Promotion များ ချပေးခြင်း အပါအဝင် နည်းလမ်းမျိုးစုံကို အသုံးပြုနေကြတာပဲဖြစ်ပါတယ်..။

ဒီအပေါ်မှာ တကယ်ကို စွဲလမ်းယစ်မူးစွာ ကစားနေကြတာဟာ လူငယ်လူလတ်သာမက မြန်မာနိုင်ငံမှာဆိုရင် သက်ကြီးပိုင်းတွေပါဆော့ကစားကြတာကိုတွေ့ရပါတယ်။အမေရိကန် နိုင်ငံက အသက် (၁၆) နှစ်အရွယ် ရှိတဲ့ Kyle Gierdorf ကတော့ ဗီဒီယို ဂိမ်း ပြိုင်ပွဲမှာ အမေရိကန် ဒေါ်လာ ၃ သန်းကျော် အနိုင်ရရှိခဲ့တဲ့ လောလောလတ်လတ်အောင်နိုင်သူ gamer တစ်ယောက်ပဲ ဖြစ်ပါတယ်..။

သူဟာဆိုရင် Fornite ဂိမ်းကို အမြဲတမ်း ဆော့နေခဲ့ပြီးတော့ အခုလို ပြိုင်ပွဲဝင်ခဲ့ရာကနေ အခုလို Winner လူငယ် ဘီလီယံနာ တစ်ဦးဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ အမြဲတမ်းကစားခဲ့တဲ့ အကျိုးကျေးဇူးပြန်ခံစားရတာဖြစ်တယ်လို့လည်း Kyle က ဆိုပါတယ်။သူ့ ရဲ့ IGN(In Game Name) ကတော့ Bugha ဖြစ်ပြီးတော့ ပြိုင်ဘက်ဖြစ်သူ Psalm ထက် ၂၆ မှတ်အသာနဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့တာလို့လည်း သိရပါတယ်..။ Writer SMT( Shwe Yaung Lan)

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top