နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲတပ်ဖွဲ့ကို သတိပေးပြီး

Zawgyi Font ဖြင့်ဖတ်ရန်

ပြည်သူများက ရဲတပ်ဖွဲ့ကို ကြောက်နေခြင်းမဟုတ်ဘဲ အားကိုးတန်ဖိုးထားအောင် လုပ်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ရဲချုပ်နှင့်ရဲတပ်ဖွဲ့ကို ယနေ့ခေါ်ယူတွေ့ဆုံ၍ ပြောကြားခဲ့သည်။နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်နှင့် ရဲအရာရှိကြီး များအား ယနေ့နံနက် ( ၉ ) နာရီတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန စုစည်းခန်းမ၌ တွေ့ဆုံ၍ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများသည် ရဲများကိုကြောက်ရွံ့နေခြင်းမျိုး မဟုတ်ဘဲ အားကိုးတန်ဖိုးထားခြင်းမျိုး ဖြစ်အောင်လုပ်ရမည်ဖြစ်ကြောင်း၊ မေတ္တာ၊ စေတနာ၊ ကရုဏာနှင့် ပြည်သူလူထု၏လုံခြုံရေးကို ဆောင်ရွက်နေခြင်းကို ပြည်သူကမြင်ပါက ကျေးဇူးတင်တန်ဖိုးထားကြမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းတာဝန်များဆောင်ရွက်သည့်အခါ လိုအပ်သည့်အင်အားကိုပဲသုံးပြီး ကိုယ့်အလုပ်ကိုယ့်တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်နိုင်ခြင်းသည် တစ်ကမ္ဘာလုံးက လက်ခံထားသည့်စံနှုန်းတစ်ခုဖြစ်ပါကြောင်း၊ လိုအပ်သည် ထက် ပိုသည့်အင်အားသုံးခဲ့ပါက ပြဿနာရှိပါကြောင်း၊ ပြည်သူလူထု၏ လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်ကြောင်း ဆိုသည်။

ရဲတပ်ဖွဲ့ဝင်များ ရွေးချယ်သည့်နေရာတွင် စိတ်ပိုင်းဆိုင်ရာစိစစ်သည့်အခါ ဩဇာအာဏာရှိသည့်လူတစ်ယောက် ဖြစ်သင့်သည့်စိတ်ဓာတ်လား ၊ လုပ်ပိုင်ခွင့်ရှိသည့်အတွက် အလွဲစဉ်းစားလုပ်မည့်လူမျိုးလား ဆိုသည်ကို အဓိကစစ်ဆေးရမည်ဖြစ်ကြောင်း၊ စိတ်ဓာတ်ခိုင်မာရန်အတွက် အန္တရာယ်များရင်ဆိုင်ရာတွင် ခံနိုင်ရည်ရှိ/မရှိ စိစစ်ရန်ဖြစ်ကြောင်း၊ ခံနိုင်ရည်ဆို သည်မှာ ဆင်းရဲဒဏ်ခံနိုင်သည့်အရည်အချင်းအပြင် ချမ်းသာဒဏ်ခံနိုင်သည့် အရည်အချင်းရှိရဲ့လား၊ ချမ်းသာဒဏ် ဆိုသည်မှာ လာဘ်ပေးလာဘ်ယူတင်မက ၎င်း၏ရာထူး၊ ၎င်း၏လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခြင်း၊ ရာထူးအပေါ် မွေ့လျော်သွားခြင်းသည်လည်း ချမ်းသာဒဏ် မခံနိုင်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်၊ နိုင်ငံ့ဝန်ထမ်းများ ဆင်းရဲ၊ ချမ်းသာဒဏ်နှစ်ခုကိုခံနိုင်ရန် အထူးအရေးကြီးကြောင်းလည်း ပြောသည်။

ယခုအချိန်တွင် ပြည်တွင်းလုံခြုံရေး၊ ပြည်ပလုံခြုံရေးဆိုသည်မှာ ခွဲခြား၍ ရသည့်အခြေအနေ မရှိတော့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်တိုင်းသည် ကိုယ့်အလုပ်ကို ဂုဏ်ယူစေချင်ကြောင်းနှင့် တာဝန်ကျေကျေဆောင်ရွက်စေချင်ပါကြောင်း၊ ကမ္ဘာပေါ်တွင် အင်မတန်ဖွံ့ဖြိုးတိုးတက်တည်ငြိမ်သည့် နိုင်ငံများ၏ ရဲတပ်ဖွဲ့များ ဆိုလျှင် ၎င်းတို့၏ပြည်သူများက ယုံကြည်စိတ်ချအားကိုးကြသည့် ရဲတပ်ဖွဲ့များ ဖြစ်နေသည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ ယင်းရဲတပ်ဖွဲ့များရှိလျှင် သူတို့အပေါ် မည်သည့်အန္တရာယ်မှ မကျရောက်နိုင်ဘူးဆိုသည်အထိ စိတ်ချလုံခြုံမှုပေးနိုင်သည့် နိုင်ငံများသည် အင်မတန်ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများဖြစ်နေသည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း ပြောသည်။

ကမ္ဘာကသတ်မှတ်ထားသည့် စံနှုန်းအရ ရဲတစ်ဦးသည် ပြည်သူလူထု လူ( ၄၅၀ )ခန့်ကို စောင့်ရှောက် နိုင်ခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ရဲတစ်ဦးကို လူ ( ၁၀၀၀ ) ကျော်အထိ စောင့်ရှောက်နေရပြီး လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ အပြည့်အဝမထားနိုင်သည့် ပြဿနာရှိပါကြောင်း၊ ထို့ကြောင့် ဇွဲ၊ လုံ့လ၊ ဝီရိယ ပိုမိုစိုက်ထုတ်လုပ်ကိုင်နေရမည်ဖြစ်ပါကြောင်း၊ ဒီကြားထဲတွင် ရခိုင်ပြည်နယ်ကို ပိုပြီးလုံခြုံရေး လိုအပ်ချက်အရ ပို့ထားရကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာသည်ဆိုသည့် အမြင်ပြောင်းလာသည်အထိ ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ဆက်ပြောသည်။

ရဲတပ်ဖွဲ့သည် တပ်မတော်နှင့်သဘောသဘာဝမတူဘဲ ပြည်သူနှင့် အနီးကပ်ဆက်ဆံသည့်နေရာတွင် နေ့တဓူဝ ပြည်သူ့၏ လုံခြုံရေး၊ အေးချမ်းသာယာရေးကို အဓိကလုပ်ရမည်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပင်ဖြစ်ပါကြောင်း၊ မိမိ၏တာဝန်သည် မည်မျှကြီးမားသည်ဆိုသည်ကို နှလုံးသွင်းပြီး တာဝန်ကို ကျေကျေပွန်ပွန် လုပ်ဆောင်စေလိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ရဲတပ်ဖွဲ့ကို ပံ့ပိုးပေးနေပါကြောင်း၊ နိုင်ငံတော်၏လိုအပ်ချက်၊ ပြည်သူ၏လိုအပ်ချက်အတွက် နိုင်ငံတော်ဘဏ္ဍာငွေမှ တတ်နိုင်သမျှ ရဲတပ်ဖွဲ့ကိုပေးပါ ကြောင်း၊ အမှန်တကယ်လိုအပ်ချက်နှင့် မလုံလောက်သော်လည်း တတ်နိုင်သမျှပေးပါကြောင်း၊ နောက်လည်း ထပ်ပေးသွားရန်ရှိပါကြောင်း၊ သို့သော်လည်း နိုင်ငံတော်ဘဏ္ဍာငွေဆိုသည်မှာ ပြည်သူကပေးထားသည့် ဘဏ္ဍာငွေ ဖြစ်ခြင်းကြောင့် ခွဲဝေရရှိသည့် ဘဏ္ဍာငွေများကို စိစစ်ပြီး ထိုက်ထိုက်တန်တန်သုံးစွဲရန်လိုအပ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အစိုးရဘက်မှ တတ်နိုင်သမျှ ပံ့ပိုးပေးရန်အတွက် ရဲတပ်ဖွဲ့၏အခက်အခဲကို သိရန်လိုအပ်ကြောင်း၊ ယခုဆိုလျှင် ပြည်တွင်းငြိမ်းချမ်းရေးမရှိသည့်နေရာများတွင်၊ ရခိုင်ဘက်တွင် ရဲတပ်ဖွဲ့ဝင်များကျဆုံးမှု၊ ထိခိုက်မှုများ ရှိကြောင်း၊ ကျဆုံးထိခိုက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များကိုလည်း ပံ့ပိုးတာဝန်ယူပေးရမည် ဖြစ်ကြောင်း ဆက်ပြောသည်။

ရဲတပ်ဖွဲ့၏လိုအပ်ချက်များကို ရဲတပ်ဖွဲ့ဝင်များ အသိဆုံးဖြစ်သဖြင့် အစိုးရက မည်သည့်အရာများပံ့ပိုးပေးရမည်ဆိုသည်ကို တင်ပြစေလိုချင်ကြောင်း၊ လက်အောက်ငယ်သားများက ကိုယ့်ကို မှန်မှန်ကန်ကန်တင်ပြရဲအောင် ရဲတပ်ဖွဲ့ဝင်များနှင့် တစ်သားတည်းရှိနေစေလိုပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံအပေါ် သစ္စာစောင့်သိရာတွင် ပြည်သူ၊ ပြည်သူလူထုက ရွေးကောက် တင်မြှောက်ထားသည့်အစိုးရ၊ မိမိ၏အဖွဲ့အစည်းတို့ကို သစ္စာစောင့်သိခြင်းတို့ဖြင့် မိမိတို့တာဝန်များကို ကျေပွန် ကြစေလိုပါကြောင်း ပြောကြားခဲ့သည် ဟု သိရသည်။ www.everytimestory.com | Every Time Story | E.T.S

Facebook Comments #wpdevar_comment_3 span,#wpdevar_comment_3 iframe{width:100% !important;}TweetShare0 Shares

Unicode Font ဖြင့်ဖတ်ရန်

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top