စိတ်ရင်းစေတနာကောင်းပြီး ပွင့်လင်းဖြူစင်တဲ့ ကြာသပတေးသားသမီးတွေအကြောင်း

ကြာသပတေး သားသမီးများသည် စိတ်ရင်းစေတနာကောင်းပြီး ပွင့်လင်းဖြူစင်သောစိတ်ရှိသည်။လူတိုင်းကိုခင်မင်တတ်သည်။ အကူအညီတောင်းခဲလျှင်လည်း မည်သူ့ကိုမဆို အကူအညီပေးရန်အသင့်ရှိနေတတ်သူဖြစ်သည်။လူအများနှင့် စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နေချင်စိတ်ရှိသူဖြစ်မည်။

မိသားစုဆွေမျိုးသားချင်းများအပေါ် အလွန်သံယောဇဉ်ကြီးတတ်များဖြစ်ကြသည်။တည်တည်ကြည်ကြည်နေတတ်ပြီး စိတ်သဘောထားကောင်းမည်။ဖြစ်လေရာဘဝ၊ ရောက်ရာအခြေအနေတွင် ပျော်သလိုနေတတ်မည်။စိတ်ဓာတ်ထက်မြက်ပြီး မတရားမှုကိုဆန်ကျင့်သူများဖြစ်သည်။

စိမ်းစိုနေတဲ့ နေရာတွေကို နှစ်သက်တတ်ကြတယ်။လုပ်ရည်ကိုင်ရည်ရှိတယ်၊ အဖွဲ့အစည်းနဲ့အလုပ်လုပ်တဲ့အခါမှာ ခေါင်းဆောင်ပိုင်းကိုမှ နေရာယူတတ်ကြတယ်။

ပြောစရာရှိလျှင်ဗြောင်ပြောလွန်းသောကြောင့် လူများစုကတခါတလေ အမြင်ကပ်ကြသည်။သင်သည်ခံစားချက်များကိုရင်ဖွင့်တတ်သော်လည်း လုပ်ရမည့်အလုပ်နှင့်ပတ်သက်လာလျှင်အလွန်လျို့ဝှက်တတ်မည်။သင်ဘာလုပ်မည်ဆိုတာကိုမည်သူမျှ မသိနိုင်ပါ။ အလုပ်ကို အပင်ပန်းခံလုပ်နိုင်မည်၊ ကြိုးစားသည်။

ကြိုးစားသလောက် အရာမထင်ဖြစ်တတ်သည့် ကံမျိုးကြုံရတတ်ပါသည်။ လူအများက ပေါ့သည်ပျင်းသည်ဟု ထင်နေကြသည်။အလုပ်ကို ပြတ်ပြတ်သားသားမလုပ်ခြင်းကြောင့်လည်း ဒုက္ခကြုံရတတ်ပါသည်။ ဒုက္ခကြုံလျှင်ဖြစ်စေ၊ပျော်စရာကြုံသည်ဖြစ်စေ ကံကိုပုံချတတ်သောစိတ်မျိုးရှိသည်။

မနက်ဖြန်အတွက်ကိုတွေးပူနေတက်သူမဟုတ်ပါ။ လက်ထဲငွေရောက်လျှင်လည်း ဘာမှမည်မည်ရရမဟုတ်ဘဲ ကုန်နေတတ်မည်၊လက်ထဲငွေအနည်းငယ်ရှိနေလျှင် အလုပ်လုပ်ချင်စိတ်ရှိမည် မဟုတ်ပါ။

ငွေထက်ပစ္စည်းကိုပိုစုဆောင်းတတ်မည်။ စကားပြောရာတွင် နူးညံ့သိမ်မွေ့မည်။ကြည့်လိုက်လျှင် မပြောတတ်သလိုနဲ့ တကယ်တမ်းပြောလျှင် အကွက်ကျကျ ပြောတတ်ဆိုတတ်ကြသည်။စိတ်ဆိုးစိတ်ကောက်လွယ်တယ်။ နောက်ပြောင်ကျီစယ်လိုစိတ်အပြည့်အဝ ရှိကြတယ်။ သစ္စာတရားကို တန်ဖိုးထားတယ်။

အတတ်ပညာပိုင်းဆိုင်ရာတွေမှာဝါသနာကြီးပြီးသင်ယူလိုစိတ်ထက်သန်ကြတယ်။ စိတ်ထားနူးညံ့ပြီး အယုံလွယ်တယ်။သနားတတ်ကြတယ်။စိတ်ညစ်ရတာတွေကို မကြိုက်ကြဘူး။ အကူအညီ ပေးတဲ့ အလုပ်တွေလုပ်ရတာဝါသနာပါကြတယ်။မာနမကြီးဘူး။စိတ်ကတော့ မရှည်ဘူး ။

အားနည်းချက်က အယုံအကြည်လွယ်တယ်။ခေတ်မီပြီး စတိုင်မိတဲ့ သူတွေကို သဘောကျတတ်လေ့ရှိကြတယ်။ဒေါသထွက်လာရင် ဖျက်စီးတတ်ကြတယ်။ မိသားစုကို ချစ်တတ်ပြီး သိတတ်တယ်။ အပေါင်းအသင်းလဲ ပေါများတယ်။

အချစ်ရေးမှာအများစုက ကံကောင်းတယ်။ ကြာသပတေး သားသမီးတွေ ဆောင်ရမယ့် အဆောင်ကျောက် ရတနာကတော့ ဥဿဖရားကျောက် ဖြစ်ပါတယ်။

မှန်ရင် Shareလိုက်တော့ ကြာသပတေးသားသမီးတွေ

unicode

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top