Author: Admin

သူမတူအောင် အပျင်းကြီးလွန်းတဲ့ ကြောင်လေးတွေရဲ့ ချစ်စဖွယ်ပုံရိပ်များ

သာမန်ကြောင်တွေဟာ ပျှမ်းမျှ ခေါင်းကနေ အမြီးမရောက်ခင်အထိ ၁ပေ သာသာပဲရှိပါတယ်။ အမြီးအပါအဝင်ဆိုရင်တော့ ခေါင်းအစအမြီးအဆုံး ၁ပေခွဲကျော်လောက်သာရှိပါတယ်။ အခုအောက်မှာ သင်တို့မြင်တွေ့ရမယ့် ကြောင်တွေကတော့ ပျှမ်းမျှ ခေါင်းအစအမြီးအဆုံး ၃ပေနီးပါးလောက်ရှိပါတယ်။  စာဖတ်ပရိသတ်တွေတွက် ချစ်စဖွယ်ကောင်းလွန်တဲ့ ကြောင်လေးတွေ အပျင်းကြောဆန့်ပြီး အိပ်နေပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ အိပ်နေတာလား ယောဂကျင့်နေတာလားမသဲကွဲဘူး Larka7 ၂။ မျက်နှာလာပြောင် ပြနေသေးတယ် ndf99 ၃။ ရေချိုးပေးတော့လေ စောင့်ရတာပျင်းနေပြီ Janeiskla ၄။ အပျင်းဆန့်နေတာတောင် ဓာတ်ပုံရိုက်နေမှန်းသိလို့ ချေမိုးနေသော ကြောင်ဆိုးလေး ryan4637 ၅။ ခ်စ္စရာၾကီးကြာ mttkmsan ၆။ ဒိုင်ဗင်ထိုးဖို့ ချောင်းနေတာလေ Auridion ၇။ အရင်ဘဝက တိုင်ပတ်အကမယ်သေပြီး ဝင်စားခဲ့လားမသိဘူး dead_marine ၈။ အံမယ်….သူလဲ လေ့ကျင့်ခန်းလုပ်ချင်တယ်ပေါ့ fahdmansa ၉။ လိုချင်လိုက်တာ […]

“ဆရာဝန်တွေ လူနာတွေကို ခေတ်အဆက်ဆက် ဂျင်းထည့်ခဲ့တဲ့ စာရေးဆရာကြီး (၃) ယောက်”

“ဆရာဝန်တွေ လူနာတွေကို ခေတ်အဆက်ဆက် ဂျင်းထည့်ခဲ့တဲ့ စာရေးဆရာကြီး (၃) ယောက်” ဆရာဝန်တွေ လူနာတွေကို ခေတ်အဆက်ဆက် ဂျင်းထည့်ခဲ့ကြတဲ့ စာရေးဆရာကြီး ၃ယောက်ရှိပါတယ်။ ဆရာ တက္ကသိုလ်ဘုန်းနိုင်ရယ် ဆရာမ လွန်းထားထား ဆေးတက္ကသိုလ်ရယ် ဆရာ ဦးရဲမြင့်ကျော် (လင်္ကာရည်ကျော်) ရယ်ပါ။ အရင်ဆုံးပြောရရင် ဆရာဘုန်းနိုင်။ ဆရာဘုန်းနိုင်ရဲ့ ဆရာဝန်တွေဟာ ဝတ္ထု သိပ်ဆန်ပါတယ်။ အရမ်းကောင်း အရမ်းမွန်မြတ် အရမ်း ပြောစရာ မရှိ စသဖြင့် အရမ်းတွေကို ပိုင်ဆိုင်ထားတဲ့ အရမ်းကြီးတွေ ဖြစ်ပါတယ်။ ဆရာ ဘုန်းနိုင်ရဲ့ ဆရာဝန်တွေဟာ အစိုးရအလုပ်ဝင်ကြပါတယ်။ အပြင်ဆေးခန်း မထိုင်ကြပါဘူး။ အပြင် ဆေးခန်းဖွင့်ထားလားလို့ ဆေးရုံမှာ လာမေးတဲ့ လူနာကို ဆရာဝန်က စိတ်တွေ ဆိုးပါတယ်… အယ်လယ်… ဒါပေမယ့် ဆရာဘုန်းနိုင်ရဲ့ […]

ဖုန်း(၉၉)လုံး သုံးပြီး ဘာလင်မြို့မှာ ကားလမ်းတွေပိတ်အောင် ဖန်တီးပြခဲ့တဲ့ အမျိုးသား

Simon Weckert Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာလင်မြို့က လူတစ်ဦးဟာ Google Map ထဲမှာ ကားပိတ်တဲ့သင်္ကတေတစ်ခုကို တကယ်ကားမပိတ်ပဲ ဖန်တီးနိုင်ခဲ့ပါတယ်။ သူသွားတဲ့ လမ်းတစ်လျှောက်ဟာ Google Map ပါ်မှာ အနီတန်းကြီးဖြစ်ပြီး ကားအရမ်းပိတ်နေတဲ့ပုံစံဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနေရာကို တကယ်သွားကြည့်မယ်ဆိုရင် ကားလမ်းပိတ်တာတို့၊ အခမ်းအနားတစ်ခုခုရှိလို့ ကားပိတ်နေတာတို့ ဘာမှမရှိဘဲ လေးဘီးလှည်းလေးတစ်ခုကို ဆွဲပြီးသွားနေတဲ့လူတစ်ယောက်ကိုသာ ရှင်းရှင်းလင်းလင်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Youtube/Simon Weckert Youtube/Simon Weckert ထိုလူရဲ့ နာမည်ကတော့ Simon Weckert ဖြစ်ပြီး အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ Simon ဟာ စမတ်ဖုန်း (၉၉) လုံးနဲ့ ဆင်းကဒ် (၉၉) ခုကို ဝယ်ယူခဲ့ပါတယ်။ ထို့နောက် ဆင်းကဒ် […]

YBS ၄ ဖြစ်စဉ်ကိုအကြောင်းပြု၍ YBS ယာဉ်လိုင်းကုမ္ပဏီများအားစည်းကမ်းပိုင်းဆိုင်ရာထိန်းသိမ်းမည်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် YBS ၄ ဖြစ်စဉ်ကို အကြောင်းပြု၍ YBS ယာဉ်လိုင်းကုမ္ပဏီများကို စည်းကမ်းပိုင်းဆိုင်ရာထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) ထံမှ သိရသည်။ရန်ကုန်မြို့ကျိုက္ကဆံလမ်းပေါ်ရှိ YRTA ရုံးချုပ်တွင် ဖေဖော်ဝါရီလ ၅ ရက်ကကျင်းပသည့် အပတ်စဉ်သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ “YBS ၄ ဖြစ်စဉ်မှာဖြစ်ပွားခဲ့တဲ့ယာဉ်မောင်းဟာ YBS ယာဉ်မောင်းမဟုတ်ပါဘူး။ ကားကတော့ YUPT ကကားပါ။ ပုဂ္ဂလိကပိုင်ကားဖြစ်ပါတယ်။ ဒါပေမဲ့ကနဦးမောင်းတဲ့ယာဉ်မောင်းဟာ သူ့အိမ်ကအရေးကြီးကိစ္စနဲ့ဖုန်းဆက်လို့ သူကကားပေါ်မှာပါတဲ့သူ့အပေါင်းအသင်းကိုလွှဲပေးခဲ့တာဖြစ်ပါတယ်။ သူ့ယာဉ်လိုင်းကတော့ သူ့ကို တစ်လပိတ်ထားတယ်လို့ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကလက်မခံပါဘူး။ သူ့ကိုပြင်းထန်တဲ့ပြစ်ဒဏ်ပေးဖို့ လုပ်နေပါတယ်။ သူသည်အခွင့်အာဏာမရှိဘဲနဲ့လွှဲပြောင်းပေးခဲ့တဲ့အတွက်ကြောင့်ပါ။ ဒါကြောင့် ဒီဖြစ်စဉ်ကို အကြောင်းပြုပြီး နောက်ထပ်မဖြစ်အောင် YBS ယာဉ်လိုင်းကုမ္ပဏီတွေကို စည်းကမ်းပိုင်းဆိုင်ရာ ထိန်းသိမ်းသွားမယ်”ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။ အမှုဖြစ်စဉ်မှာ […]

Peter Pan ရုပ်ရှင်အတွက် Joaquin Phoenix ကို ကမ်းလှမ်းဖို့ စဉ်းစားနေတဲ့ Disney

Imdb_Joker/Imdb_PeterPan အခုအချိန်မှာ Joker ရုပ်ရှင်နဲ့ ရုပ်ရှင်ထူးချွန်ဆုပေါင်းများစွာကို သိမ်းပိုက်နေတဲ့ Joaquin Phoenix ကို သိပ်မကြာခင် ရိုက်ကူးတော့မယ့် Peter Pan ရုပ်ရှင် Live-Action အတွက် ဗီလိန်နေရာမှာ သရုပ်ဆောင်ဖို့ Disney ကုမ္ပဏီက စိတ်ဝင်စားနေပါတယ်။ ၁၉၅၃ ခုနှစ်က ကာတွန်းကားအနေနဲ့ ထွက်ရှိခဲ့တဲ့ ပီတာပန်ရုပ်ရှင်ကို Live-Action ရုပ်ရှင်အဖြစ် ရိုက်ကူးမယ်ဆိုတာကို Disney ကုမ္ပဏီက အတည်ပြုပြောကြားထားခဲ့တာပါ။ အခုအချိန်မှာတော့ ပီတာပန်ရုပ်ရှင်အတွက် သရုပ်ဆောင်ဖို့ ရွေးနေစဉ်ကာလပါပဲ။ ရုပ်ရှင်နာမည်ကိုတော့Peter Pan and Wendy  လို့ ယာယီပေးထားပါတယ်။ တိကျသေချာတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေကို အခုအချိန်မှာ အတည်မပြုပေးနိုင်သေးပေမယ့် Margot Robbieဟာ Tinker Bell နေရာမှာ သရုပ်ဆောင်မယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ Imdb […]

အသက် (၄၀)ရောက်ရင် အပြတ်ကဲဖို့ဆိုပြီး (၅)နှစ်ကြာပိုက်ဆံစုခဲ့တဲ့သူငယ်ချင်းအဖွဲ့

Instagram အိုင်ယာလန်နိုင်ငံမှာနေထိုင်ကြတဲ့ သူငယ်ချင်း(၁၀)ယောက်ပါ အဖွဲ့တစ်ဖွဲ့ဟာ သူတို့အသက် (၄၀)ပြည့်တဲ့နှစ်မှာ အပြတ်ကဲကြဖို့ဆိုပြီး လစဉ် တစ်လကို ယူရို (၅၀) စုခဲ့ကြပါတယ်။ သူတို့က သက်တူရွယ်တူ သူငယ်ချင်းတွေ ဖြစ်ကြပြီး သူတို့အသက် (၃၅)နှစ်မှာ အဲဒီလို ပိုက်ဆံစုတဲ့ အစီအစဉ်ကို စခဲ့ကြတာပါ။ သူတို့က ဘဏ်အကောင့်တစ်ခု ဖွင့်ခဲ့ကြပြီး သူငယ်ချင်း(၁၀)ယောက်စလုံးက အဲဒီ ဘဏ်အကောင့်ထဲကို လတိုင်း တစ်ယောက် ယူရို(၅၀)စီ မပျက်မကွက်ထည့်ခဲ့ကြတာပါ။ (၂၀၁၅)ဇန်နဝါရီကနေ စခဲ့တဲ့ သူတို့ရဲ့စီမံကိန်းက (၂၀၁၉)ဒီဇင်ဘာ မှာ အဆုံးသတ်ခဲ့ပြီး စုစုပေါင်း ယူရို(၃၀၀၀၀)တောင် ရခဲ့တာပါ။ Instagram သူတို့က ဘယ်လိုအကြောင်းနဲ့မှ ဒီပိုက်ဆံကို ပြန်မထုတ်ရဘူးလို့ ကတိထားခဲ့ကြပြီး (၂၀၁၉)ခုနှစ် အားလပ်ရက်မှာ ပျော်ပျော်ကြီး အသုံးချကြဖို့ စီစဉ်ခဲ့တာပါ။ သူတို့ရဲ့ အစီအစဉ်ထဲမှာ ဖလော်ရီဒါနိုင်ငံထဲက […]

၆-၂-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Goal / Twitter ဟန်နီဘယ် ။    ။ မန်ယူ ယူ(၂၃)နည်းပြ နစ်ကီဘတ် က မိုနာကိုအသင်းကနေ ခေါ်ယူထားတဲ့ အသက် (၁၇)နှစ်အရွယ် ကွင်းလယ်ကစားသမားလေး ဟန်နီဘယ် ဟာ မန်ယူအသင်းရဲ့ ကြယ်ပွင့်ကစားသမား ဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ မိုနာကိုအသင်းကနေ ပေါင်(၉)သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ လူငယ်လေးဟာ မန်ယူ ယူ(၂၃)အသင်းမှာ ခြေစွမ်းပြနေခဲ့ပြီး ပေါ့ဂ်ဘာနဲ့တိုမီနေး တို့ ဒဏ်ရာရနေချိန်မှာ မန်ယူရဲ့ ကွင်းလယ်လိုအပ်ချက်ကို ကူညီပေးနိုင်မယ်လို့ နစ်ကီဘတ်က ချီးကျူးထားပါတယ်။ [embedded content] ဆမ်အလာဒွိုက်စ် ။       ။ ပရီးမီးယားလိဂ်ရဲ့နည်းပြဟောင်းကြီး ဆမ်အလာဒွိုက်စ် က ပရီးမီးယားလိဂ်မှာ Long-Ball ကစားမှုအကောင်းဆုံးအသင်းနှစ်သင်းဟာ လီဗာပူးလ်နဲ့ မန်စီးတီးတို့ဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ မန်စီးတီးအသင်းဟာ အဝေးဘောပေးပို့မှုတွေမှာ မထင်မှတ်ပဲ အားကောင်းနေသလို၊ လီဗာပူးလ်ကတော့ […]

Back To Top