Author: Admin

မိသားစုထဲမှာ အငယ်ဆုံးတွေဟာ အပျော်တတ်ဆုံးသူတွေဖြစ်ကြောင်း သိရ

instagram/kyliejenner,instagram/kensingtonroyal လူတွေဟာ တူညီတဲ့မိဘ၊ တူညီတဲ့အသိုင်းအဝိုင်းကနေ ကြီးပြင်းလာခဲ့ရင်တောင် စရိုက်ချင်းကွာခြားပါတယ်။ အထူးသဖြင့် မောင်နှမသားချင်းတွေမှာ ရှေ့နောက်မွေးတဲ့ နံပတ်စဉ်ကိုလိုက်ပြီး တစ်ဦးချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ကွာသွားတတ်ပါတယ်။ စိတ်ပညာရှင်တွေရဲ့ အဆိုအရ မိသားစုတစ်စုမှာ အငယ်ဆုံးတွေဟာ အိမ်ရဲ့ဆည်းလည်းတွေလို့ ဆိုကြပါတယ်။ ဒီသီအိုရီနဲ့ ပတ်သက်လို့ ပညာရှင်ပေါင်းများစွာဟာ ယနေ့တိုင် သုတေသနပြုနေကြဆဲပါပဲ။ ဗြိတိသျှဈေးကွက်သုတေသနကုမ္ပဏီတစ်ခုဖြစ်တဲ့ YouGov က မကြာသေးခင်ကပဲ သုတေသနတစ်ခု ပြုလုပ်ခဲ့ပါတယ်။ သုတေသနထဲမှာ အသက် (၁၈) နှစ်နဲ့အထက် လူအယောက် (၁,၇၈၂) ယောက် ပါဝင်ပါတယ်။ ပါဝင်သူတွေကို တာဝန်ယူမှုပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေးနဲ့ စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိ မရှိဆိုတာနဲ့ ပတ်သက်ပြီး ၎င်းတို့ရဲ့ မွေးချင်းတွေနဲ့ နှိုင်းယှဉ်စေခဲ့ပါတယ်။ သုတေသနမှာ တွေ့ရတာက အငယ်ဆုံးကလေးတွေဟာ မိသားစုထဲမှာ အပျော်တတ်ဆုံးသူတွေဆိုပြီး အဖြေထွက်လာပါတယ်။ အငယ်ဆုံးကလေးတွေဟာ […]

ဝူဟန် မှ လာပြီး ရှမ်းပြ ည် နမ့်ခ မ်းတွင်နေ သည့် တ ရုတ် (၄)ဦး ကို တရုတ်ပြည်ပြန်ပို့

နမ့် ခမ်း၊ ဖေဖော်ဝါရီ (၆) ရှ မ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်တစ်ခုတွင် ဝူဟန်မှလာသော တရုတ်နိုင်ငံသား (၄)ဦး နေထိုင်နေကြောင်းတွေ့ရှိစစ်ဆေးရသဖြင့် တရုတ်ပြည်ရဲတပ်ဖွဲ့သို့ ပြန်လည်လွှဲပြောင်းပေးလိုက်ကြောင်း ဒေသခံများထံမှသိရသည်။ အဆိုပါ တရုတ်နိုင်ငံသား (၄) ဦးမှာ နမ့်ခမ်းမြို့ရှိ အောင်မေတ္တာရပ်ကွက်တွင် နေထိုင်နေခြင်းဖြစ်ပြီး ၎င်းကို ရပ်ကွက်အတွင်းရေးမှူးဖြစ်သူက စတင်သိရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံမြို့မိမြို့ဖ ဦးစိုင်းမောက်ဆိုင်က ပြောသည်။ ရပ်ကွက်အတွင်းရေးမှူးက ဖေဖော်ဝါရီ ၄ ရက်နေ့တွင်ပြုလုပ်သော ပုံမှန်အစည်းအဝေး၌ အထက်ပါအကြောင်းအရာကိုတင်ပြခဲ့ကြောင်း၊ ယင်းအတွက် အစည်းအဝေးပြီးချင်း အုပ်ချုပ်ရေးအဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ သွားရောက်စစ်ဆေးရာ တရုတ်နိုင်ငံသား ၄ဦးကို အမှန်တစ်ကယ်တွေ့ရပြီး ဝူဟန်မြို့မှရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်ဟု ၎င်း ကပြောပြသည်။ “သူတို့ (၄)ဦးစလုံးကို နမ့်ခမ်းမြို့နဲ့ မျက်နှာချင်းဆိုင် တရုတ်ပြည်ဘက်မှာရှိတဲ့ နောင်တောင်းမြို့ရဲတပ်ဖွဲ့ထံလွှဲပေးလိုက်ပါတယ်” ဟု ဦးစိုင်းမောက်ဆိုင် […]

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် မင်္ဂလာဧည့်ခံ ပွဲ ကို Live လွှင့် ကာ အွန်လိုင်း ကနေ ကျင်းပခဲ့ရတဲ့ မင်္ဂလာစုံတွဲ

တ ရုတ်နိုင်ငံဝူဟန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံဟာ စီးပွားရေးအရအတော်လေးထိခိုက်ခဲ့သလို ၊ လူနေမှုစနစ်တွေလည်း အခိုက်တန့် ရပ်တန့်သွားခဲ့ပါတယ်။ ကျောင်းသားတွေဟာဆိုလည်း ပညာရေးတွေကို ရပ်တန့်ထားရပါတယ်နော်။ဒီအထဲမှာ အိမ်ထောင်ပြုကြမယ့် စုံတွဲတွေလဲ ပါပါတယ်။ အခုလောလောဆယ် ရောဂါပိုးကူးစက်ပျံ့ပွားနေတဲ့ အချိန်ဆိုတော့ လူအစုအဝေးရှိရာကို မသွားတာကောင်းတယ်။ တ ရုတ်အစိုးရ ကိုယ်တိုင်ကလည်း နိုင်ငံသားတွေကို အိမ်ထဲမှာ နေဖို့ပဲ အကြံပြုတားမြစ်ထားပါတယ်နော်။ဒီအချိန်မှာတော့ မင်္ဂလာဆောင်ဖို့ စီစဉ်ထားတဲ့ စုံတွဲအတွက်တော့ အခက်ပွေရပါတယ်။ ဒါပေမယ့် သူတို့ကတော့ နည်းပညာကို အသုံးပြုပြီး မင်္ဂလာဆောင်ခဲ့ပါတယ်။ သူတို့မင်္ဂလာဆောင်ကို မိတ်ဆွေများဖိတ်ကျွေးပြီးတော့ သူတို့ကတော့ အခမ်းအနားကိုမတက်ရောက်တော့ပဲ Live သာ လွှင့်ခဲ့တာဖြစ်ပါတယ်။ ဘာကြောင့်မတက်တာလဲဆိုတော့ သူတို့ဟာ မင်္ဂလာမဆောင်ခင် ဝူဟန်ဖြစ်ပွားရာ ဟူပေ ပြည်နယ်ဘက်ကနေ ပြန်လာခဲ့တာဖြစ်ပြီးတော့ သူတို့မှာ ကူးစက်ရောဂါပိုး ရှိမရှိဆိုတာ မသေချာတာကြောင့် […]

လပွတ္တာ က ကိုရို နာဗိုင်းရပ်စ်သံသယ ရှိသူ အမျိုးသမီးလေး ဆေး ရုံကဆင်းခွင့်ပြုသော်လဲ ရွာထဲဝင်ခွင့်မပြု

က ချင်ပြည်နယ်၊ လွယ် ဂျယ်ဆေးရုံမှာ ဆေးကုသမှုခံယူပြီး ဇာတိကျေးရွာကို ပြန်လာတဲ့ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတဦးကို တာဝန်ရှိသူတွေက လပွတ္တာမြို့နယ်ဆေးရုံကြီး ကိုခေါ်ယူကာ စောင့်ကြည့်နေပါတယ် ။ဆေးရုံကိုခေါ်ယူစောင့်နေတဲ့ အမျိုးသမီးဟာ ကချင်ပြည်နယ်၊ မိုးမောက်မြို့ကို အလုပ်သွားရောက် လုပ်ကိုင်စဉ် အခြားရောဂါတခုကြောင့် ဖျားနာချောင်းဆိုပြီး ဇန်နဝါရီ ၂၁ ရက်နေ့က လွယ်ဂျယ် ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်မှာ ဆေးရုံက သူ့ရဲ့ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်တွေရယူကာ ဆင်းခွင့်ပြုလိုက်လို့ ဇာတိကိုပြန်လာခဲ့တာပါ။ ဒါပေမယ့်ရွာသူရွာသားတွေက ရွာထဲအဝင်မခံတာကြောင့် ဆေးရုံကြီးမှာ ခေါ်ယူစောင့်ကြည့် ထားရတယ်လို့ လပွတ္တာ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ နှစ်ဆန်းဦးက ဒီဗွီဘီကိုပြောပါတယ်။“အဲဒီအမျိုးသမီးက တခြားရောဂါနဲ့ ဆေးရုံတက်ရတာ၊ သူဖြစ်တဲ့ပုံစံက ကိုရိုနာဗိုင်းရပ်စ်ပုံစံဖြစ်နေတော့ သံသယစာရင်းထဲကိုအထည့်ခံရပြီး စစ်ဆေးခံရတာ၊ ခုဆို […]

ကိုရိုနာဗိုင်းရပ် ကူးစက်ခံ သံသယရှိ သူ ဝူဟန်မြို့သား များ ၅ ဦး ရွှေလီမြို့မှ တဆင့် မြန်မာဘက် မူဆယ်မြို့ ကိုရောက်ရှိနေ

ကို ရိုနာဗိုင်းရပ် ကူးစက်ခံသံသယရှိသူ ဝူဟန်မြို့သားများ ၅ ဦး ရွှေလီမြို့မှတဆင့် မြန်မာဘက် မူဆယ်မြို့ကိုရောက်ရှိနေ ကို ရိုနာဗိုင်းရပ် ကူးစက်ခံသံသယရှိသူ ဝူဟန်မြို့သားများ ၅ ဦး ရွှေလီမြို့မှတဆင့် မြန်မာဘက် မူဆယ်မြို့ကိုရောက်ရှိနေပါသည် အထူးသတိထားကြပါ မြန် မာတွေ သတိသာ ထားပေတော့ကံဆိုးတဲ့မြို့နဲ့ ကံဆိုးတဲ့လူတွေ ဘယ်သူတွေဖြစ်မလဲ မသိသေးဘူး အထက်ပါ(၅)ဦးကို တွေ့ရင်လဲ သက်ဆိုင်ရာကို သတင်းပေးပို့ကြပါ Nay Myo

ဖြတ်ထိုးဉာဏ်အားကိုးနဲ့ အနာဂတ်ကာလကို ကြိုတင်ရောက်နှင့်နေကြသူများ

© psiquex7/ Reddit အခုခေတ်မှာ နည်းပညာဟာ နေရာတကာမှာ ရှိနေပြီး လူတွေဟာ နည်းပညာအပေါ်မှာ အများကြီး မှီခိုနေရပါပြီ။ နည်းပညာရဲ့အကူအညီကြောင့် ယနေ့ခေတ်လူတွေဟာ ဘိုးဘေးတွေ လက်ထက်ကနဲ့ယှဉ်ရင် အတော်ကြီး ကွာခြားသွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့သော ဉာဏ်ကြီးရှင်တီထွင်သူတွေကတော့ ပေါ်ပြူလာဖြစ်သင့်သလောက် မဖြစ်ကြပါဘူး။ အောက်ဘက်မှာတော့ အနာဂတ်ကမ္ဘာကို ရောက်နှင့်နေတဲ့အလား ဖန်တီးမှုအသစ်အဆန်းတွေနဲ့ တွေ့ရတဲ့ ဉာဏ်ကြီးရှင်တွေကို brightside ကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။ ဘဝက သင့်ကို သံပုရာသီးတစ်လုံး ပေးခဲ့ရင်… © psiquex7/ Reddit အရေးကြီးတာက စမ်းကြည့်ဖို့ပဲ… © Pisiquex7/ Reddit ဘာမှားနေလို့လဲ…. © lalafreitasr/ Twitter (၂၀၅၀) က လူသား… © psiquex7/ Reddit မိုက်တော့ […]

ဘယ်ဘက်နံ ရိုး မှာကင် ဆာအစက်ေ လးတွေ ထပ်မံတွေ့ရှိ ရတယ် ဆို တဲ့ မီးမီးခဲ

အ ဆိုတော်မီးမီးခဲဟာ ဖေဖော်ဝါရီလ(၅)ရက်နေ့ဖြစ်တဲ့ မနေ့က ဩစတြေးလျနိုင်ငံမှာ (၃)လ(၁)ကြိမ်ဆေးစစ်မှုခံယူခဲ့တာဖြစ်ပြီး ယနေ့မှာတော့ ဆေးစစ်ချက်အဖြေမှာ ဘယ်ဘက်နံရိုး မှာကင်ဆာအစက်လေးတွေ ထပ်မံတွေ့ရှိရတဲ့အကြောင်းကို “God Is God to me ဟာလေလုယာ ဘုရားပေးတဲ့ ကျေးဇူးဂရုဏာတော်ကြောင့် , အဖြေရလဒ်ကတော့ စိုးရိမ်စရာမရှိပါဘူး။ အသက်အန္တရာယ်ရှိတဲ့အပိုင်းတွေကို မထိခိုက်ပါဘူး။ ဘယ်ဘက်နံရိုး မှာတော့ ကင်ဆာ အစက် လေးတွေ အနည်းငယ်တွေ့ပေမဲ့ ဓါတ်ကင်စရာတောင်မလိုပါဘူးလို့ဆရာဝန်တွေပြောပါတယ်။ ကျွန်မက ကင်ဆာ အဆင်(့၄) ဆိုတော့ ခန္ဒာကိုယ်ထဲမှာရှိနေတဲ့ကင်ဆာ ထပ်မပြန့်ပွားအောင် ထိန်းချုပ်နေရတာပါ။ ဘာပဲဖြစ်ဖြစ် အသက်ရှင်နေသေးတာကို က အံသြဖွယ်ရာ ဘုရားပြုတဲ့အမှုအရာ တခုပါပဲ။ ဆုတောင်းမေတ္တာပို့ပေးကြတဲ့ မိသားစုသဖွယ် ချစ်ကြတဲ့ Fansများအထူးကျေးဇူးတင်ပါတယ်နော်။ နောက်၃ လမှ ဆက်ပြီးစစ်ဆေးရမှာ ဖြစ်လို့ဆက်ပြီးသတိတရနဲ့ဆက်လက်ဆုတောင်းကူညီပါဦးလို့ To God Be […]

မူ ဆယ်မြို့တွင် ရောက် ရှိနေသည့် တရုတ် နိုင်ငံသား(၅)ဦးထဲ မှ(၁)ဦးတွေ့ ရှိခေါ် ယူစစ်ေ ဆးမှုများဆောင်ရွက်

မူ ဆယ် ဖေဖော်ဝါရီ ၆(ညနေ) မူ ဆယ်မြို့သို့ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရခြင်း နှင့်ပတ်သက်၍ သံသယရှိသူ(၅)ဦးရောက်ရှိနေကြောင်း၊ တရုတ်နိုင်ငံ၊ရွှေလီမြို့၊ ရွှေလီရဲဌာနမှ ဖေဖော်ဝါရီလ(၆)ရက်နေ့တွင် အကြောင်းကြားလာခြင်းကြောင့် မူဆယ်မြို့၊ မြို့မရဲစခန်းမှရှာဖွေမှုများဆောင်ရွက်ခဲ့ရာ တရုတ်နိုင်ငံ၊ ရွှေလီရဲမှထုတ်ပြန်ထားသည့် (၅)ဦးအနက်မှကျိန့်ချွေဖန်(မ)တစ်ဦးကိုပန်ဆိုင်းမြို့၊ ရဲစခန်းမှတွေ့ရှိထားပြီး ကျန်(၄)ဦးကို မူဆယ်မြို့၊မြို့မရဲစခန်းမှ ရှာဖွေမှု(အပြင်း)များဆက်လက်ဆောင်ရွက်လျက်ရှိသည်။ တွေ့ရှိထားသည့် ကျိန့်ချွေဖန်သည် တရုတ်နိုင်ငံ၊ မန်စီမြို့တွင်နေထိုင်သူဖြစ်ပြီးဇန်ဇနဝါရီလ(၁၄)ရက်နေ့၊တရုတ်နှစ်သစ်ကူးအလုပ်ပိတ်ရက်၌ မူဆယ်ခရိုင်၊ပန်ဆိုင်း(ကြူကုတ်)မြို့၊ အမှတ်(၃)ရပ်ကွက်တွင်နေထိုင်သည့် သူ့အမျိုးသားနှင့် သား၊ သမီးများကို လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်းသိရသည်။ တရုတ်နှစ်သစ်ကူးပြီးသွားသော်လည်း လက်ရှိတွင် တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားခြင်းကြောင့်ပန်ဆိုင်း(ကြူကုတ်)မြို့တွင် ဆက်လက်နေထိုင်ခြင်းဖြစ်သည်ဟုသိရသည်။ ကျိန့်ချွေဖန်သည် လွန်ခဲ့သည့်(၃)နှစ်ခန့်တွင်ဝူဟန်မြို့၊ ကြွတ်ကြွတ်အိတ်ကုမ္ပဏီ၌ တစ်နှစ်ခန့် အလုပ်လုပ်ကိုင်သူဖြစ်ပြီး မန်စီမြို့သို့ ပြန်လာ၍ စိုက်ပျိုးရေးအလုပ်ကို (၂)နှစ်ခန့် ပြန်လည်လုပ်ကိုင်နေပြီဖြစ်ကြောင်းလည်းသိရသည်။ ကျိန့်ချွေဖန်သည်ပန်ဆိုင်း(ကြူကုတ်)မြို့တွင် (၁၄)ရက်ကျော်နေထိုင်နေပြီဖြစ်ပြီး ပန်ဆိုင်း(ကြူကုတ်)မြို့၊ ကျန်းမာရေးဌာနမှဒေါက်တာတီခွန်ဆန်ဒွန်းနှင့် တာဝန်ရှိသူတို့က ကျန်းမာရေးစစ်ဆေးချက်များလုပ်ဆောင်ခဲ့ရာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် လက္ခဏာ(အပူချိန်လွန်)မတွေ့ရှိကြောင်းသိရသည်။ […]

“ဝူဟန် အားတင်းထား”လို့ အားပေးခဲ့တဲ့ အနုပညာရှင်ပေါင်းများစွာတို့ရဲ့ ဂရုဏာဗီဒီယိုဖိုင်လေး

youtube/CCTV6 CHINA MOVIE OFFICIAL CHANNEL ဟောင်ကောင် အက်ရှင်မင်းသားတစ်ဦးဖြစ်တဲ့ Donnie Yen ဟာ သူပါဝင်သရုပ်ဆောင်ထားတဲ့ Enter The Fat Dragon ရုပ်ရှင်ဇာတ်ကားကို ဖေဖော်ဝါရီ (၁၄) ရက်နေ့တွင် တရုတ်နိုင်ငံမှာ ပြသဖို့ ရှိပါတယ်။ ဒါပေမယ့် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရုပ်ရှင်ရုံတွေကို ပိတ်ထားခဲ့ရပြီး ဖေဖော်ဝါရီ (၁) ရက်နေ့မှာ ၎င်းရုပ်ရှင်ကို online streaming နဲ့သာ ပြသခဲ့ရပါတယ်။ သူ့ဇာတ်ကားကို ရုံတင်ပြသခွင့်မရခဲ့ပေမယ့် Donnie Yen ဟာ ဇာတ်ကားနဲ့ပတ်သက်ပြီး စိတ်ပျက်တာမျိုး တော့ အလျဉ်းမရှိခဲ့ပါဘူး။ သူတကယ်တမ်း စိတ်ပူနေတာက ဝူဟန်ဗိုင်းရပ်စ်ကြောင့် ကပ်ဆိုက်နေရတဲ့ ပြည်သူတွေကိုပါ။ အောက်မှာတော့ လတ်တလော ထွက်ရှိလာတဲ့ ဝူဟန်အကြောင်း စပ်ဆိုထားတဲ့ သီချင်းဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက်ပါတယ်။ […]

ဝူဟန် တွင် ပိတ်မိနေေ သာ ထိုင်ဝမ်နိုင်ငံသား များ ကို ပြန်ခေါ်ရာ တွင် တရုတ် က မရိုးမသားပြုလုပ်

တ ရုတ်နိုင်ငံဝူဟန်တွင် ပိတ်မိနေသည့် မိမိနိုင်ငံသားများအား ထိုင်ဝမ်သို့ ပြန်ခေါ်ရန်အတွက် ထိုင်ဝမ်အစိုးရမှ စင်းလုံးငှားလေယာဉ်စီစဉ်ပြီး ခေါ်ယူခဲ့ပါတယ်။ စည်းကမ်းသတ်မှတ်ချက်အဖြစ် သက်ကြီးရွယ်အို၊ ကလေးသူငယ်များ၊ နာတာရှည်ရောဂါသည်များ၊ ယာယီရောက်ရှိ နေသည့်ထိုင်ဝမ်နိုင်ငံသားများအတွက် ရည်ရွယ်ထားခဲ့ပါတယ်။ ဖျားနာနေပြီးရောဂါပိုး အမှန်ကူးစက်နေသူများ မထည့်သွင်ရန်လည်းသတ်မှတ်ထားခဲ့ပါတယ်။ ယ ခုလ ၃ရက်နေ့ က ပထမဆုံးအသုတ်အဖြစ် တရုတ်ဝူဟန်မြို့ မှ ခရီးသည် ၂၀၀ ကျော် ထိုင်ဝမ်သို့ ရောက်ရှိခဲ့ရာမှာ မလှိမ့်တပတ်လုပ်ဆောင်မှု များျတွေ့ရှိ ရပြီးနောက် ထိုင်ဝမ်အစိုးရမှအမျက်ထွက်ပြီး နောက်ထပ်ခေါ်ယူမှုများကို ဆိုင်းငံ့ထားကာ ထိုင်ဝမ်ပြည်သူများအကြားမှာလည်း ဒေါသထွက်ပြစ်တင်လျက်ရှိပါတယ်။ ၁။ ထိုင်ဝမ်အစိုးရဖက်ကို ပေးသည့် စာရင်းက ၂၄၄ ယောက်ဖြစ်ပြီး လေယာဉ်ပေါ်တင်ပေးလိုက်သည်က ၂၄၇ ယောက်ဖြစ်နေကြောင်း တွေ့ရသည်။ ၂။ တဖန် စာရင်းတွင်မပါသည့် ၃ ယောက်မှာ လေယာဉ်မှ […]

Back To Top