Category: ဗဟုသုတ

ပါမောက္ခချုပ်ရာထူး ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒကို ခန့်အပ်ဖို့ စီစဉ်

ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်အဖြစ် ခန့်အပ်ဖို့ နိုင်ငံတော် သံဃမဟာနာယကက သဘောတူထားပြီး ရာထူးတရားဝင် အတည်ပြုဖို့ ပြည်တောင်စု အစိုးရကို စာပို့ထားတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ အမြဲတန်းအတွင်းဝန် ဦးဇာနည်ဝင်းက ဘီဘီစီကို ပြောပါတယ်။ အခုလို ဆရာတော်ကို ဒုတိယပါမောက္ခချုပ်အဖြစ် ခန့်အပ်ဖို့ စီစဉ်ရတာဟာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ်မှာ ပါမောက္ခချုပ် ဆရာတော်ရာထူးကို ဆက်လက်ခန့်ထားဖို့အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေအတိုင်း ဒုတိယပါမောက္ခချုပ်အဖြစ် အစမ်းတစ်နှစ်ခန့်ထားတာဖြစ်တယ်လို့လည်း သူက ရှင်းပြပါတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာပြု တက္ကသိုလ် ဥပဒေ အရ တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ခန့်အပ်ဖို့ […]

တစ်သက်မှာတစ်ခါ ဖူးမြော်ဖို့ကို ခဲယဉ်းလှသည့် ဗုဒ္ဓမြတ်စွာဘုရားရဲ့ အံတော်

တစ်သက်မှာတစ်ခါ ဖူးမြှော်ဖို့ ခဲယဉ်းလှတဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အံတော်ကိုဖူးလိုက်ပါကံထူးလို့ဖျာပုံသူဖျာပုံသား များ နှင့် မြန်မာ တစ်ပြည်လုံးမှာရှိတဲ့ ဖူးချိန်တန် ဖူးထိုက်လို့.ဖူးမျှော်ခွင့်ရလို့ ထင်ပါပြီ။ ကျွန်တော်ကလေးဘဝတည်း က ဘိုးဘိုး ၊ဘွားဘွား၊ဘိုဘေး အစဉ်အဆက်ကတည်း က ဖျာပုံမှာ ဗုဒ္ဓမြတ်စွာဘုရား အံ့တော် နှင့် ဆံတော်တစ် ဆူ ကိမ်းဝပ်နေတယ် လို့ သိခဲ့ရပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အံတော် ရှေးဟောင်းသမိုင်းအစဉ် အလား အရ ရှေးကျတဲ့ မြို့တွေက အမည်နှစ်လုံးတည်း နဲ့ အမည်ပေးခဲ့တဲ့ တချိန်ကမွန်ဒေသတွေပေါ့။ပုဂံ၊ရန်ကုန်၊တွံတေး၊ဒလ၊သထုံ၊ဖျာပုံ၊ပုသိမ်၊စတဲ့ ရှေးကျတဲ့ မြို့တွေ အများကြီးပေါ့။အဲအထဲမှာ မွန်ဘုရင်များ အဆက်ဆက် အုပ်စိုးခဲ့တဲ့ ဖျာ ပုင်း ဆိုတဲ့ ထမင်းဈေးမြို့ကလေး တစ်ခုလည်း ပါဝင်ခဲ့တာပေါ့။ကျိုက်ပတိုင်း စေတီတော်မြတ်ကြီးကို မြန်မာ သက္ကရာဇ်(၆၀၀)ခုနှစ်မှာ တည်ထားကိုး ကွယ်ခဲ့တယ်။ […]

ဟိုက်ဂျက်ကားလေးဖြင့် ခရီးဝေးသွားတတ်သော မိတ်ဆွေများ သတိပြုရန်အတွက်ပါ

မြန်မာပြည်မှာ အသုံးအများဆုံးဖြစ်တဲ့ ဟိုက်ဂျက်ဟုခေါ်သော အပေါ့စား ကုန်တင်ယာဉ်ငယ် အကြောင်း သိထားသင့်သော အချက်များ လေ့လာနိုင်ရန် ဖြန့်ဝေခြင်းပါ။ အင်ဂျင်ပါဝါ ၆၆၀ စီစီ အင်ဂျင်ကိုဘေးစောင်း တည်ဆောက်ထားသောကြောင့် လည်ပတ်နှုံး အလွန်ကောင်းပါတယ်။ အပေါ့ဆွဲမှာ ဆိုင်ကယ်ကဲ့သို့ သွက်ပါတယ်။ ကုန်ပါရင် (သိုမဟုတ်) လူများရင် ထင်သလို၊ လိုသလိုနင်းတိုင်း‌ မပါတော့ပါ။  အရှိန်ယူရပါမယ် ဝိတ်ပါရင် ကားက လူးပါတယ်၊ ထိန်းရလဲ ခက်ပါတယ်၊ စတုပ်တိုးသော အင်ဂျင်များသည် ခါလီမှာသာ ပြေးတာပါ။ ဝိတ်များရင် မနိုင်လို့ နင်းရင် မတက်ဘူးခင်ဗျ ရှေ့ကားကို ကျော်ဖို့ ခက်ခဲပါတယ်။ တင်ဆောင်နိုင်သောဝန်အား ဒီကားတွေကို ၃၅၀ kg သာတင်နိုင်ရန် ထုတ်လုပ်ထားတာပါ။ ပေါင် ၇၇၀ သာတင်ခွင့်ပေးထားပါတယ် ။ ဝလျင် ၄ ဦး ပိန်လျင် […]

“ဒီလိုအခြေအနေမျိုးမှလွဲ၍ ပြည်သူများ ပါစပ်နှင့် နှာခေါင်းစည်း (Mask) တပ်စရာ မလိုပါဘူး”

ရေးသားသူ – သက္ကမိုးညို အကြောက်တရားဆိုတာ နှစ်ဖက်သွား ဓားလိုပါပဲ။ တဖက်မှာ ဒေါသနဲ့ ဖျက်ဆီးတဲ့ဘက်ကို ရောက်သွားနိုင်သလို တခြားတဖက်မှာလည်း စွမ်းအား အပြည့်နဲ့ မှန်ကန်တဲ့ဆီကို ရောက်ဖို့ တွန်းအားတွေ ရှိနေပါတယ်။ ဝူဟန်ဗိုင်းရပ်စ် ကိစ္စမှာ ပြည်သူတွေ အနေနဲ့ ကြောက်ဖို့ ကောင်းတာကို သိရှိပြီးတော့ ဒီအကြောက်တရားကနေ တဆင့် အမူအကျင့်ကောင်းတွေကို လေ့ကျင့်ပေးရပါမယ်။ ဒီနေရာမှာ ဟိုလူ မလုပ်ရကောင်းလား၊ ဒီလူ မလုပ်ရကောင်းလားလို့ အပြစ်တင်နေမယ့်အစား (တချို့က ဘာလုပ်ရမှန်း မသိတာ ဖြစ်နိုင်သလို လုပ်ဖို့ သိရင်လည်း နောက်မှာ တွဲဆိုင်းထားတဲ့ အခြေအနေအရ လုပ်မရတာလည်း ရှိနိုင်ပါတယ်) ကိုယ်နိုင်သလောက်လေးကို လုပ်ဖို့ လိုပါတယ်။ ကိုယ့်ပြည်ထဲက လူတွေ အကျင့်လား မသိဘူး။ သူတပါး ဒုက္ခရောက်တာကို နင်းပြီးတော့ […]

လူသားတို့ကြုံတွေ့ခဲ့ရတဲ့ အဆိုးဆုံးကပ်ရောဂါကြီး (၁၀) ခု

သိပ္ပံပညာရှင်တွေနဲ့ ဆေးဘက်ဆိုင်ရာသုသေသနပညာရှင်တွေအကြား ကမ္ဘာပေါ်မှာ ဖြစ်ပွားခဲ့တဲ့ရောဂါဆိုးကြီးတွေအပေါ်မှာ ရောဂါပြန့်ပွားတဲ့ဒေသ အပိုင်းအခြားကိုလိုက်ပြီး လူမျိုးစုတစ်စု၊အသိုင်းအဝိုင်းတစ်ခုအကြားမှာဖြစ်တဲ့ ကူးစက်ရောဂါ ကပ်ရောဂါ(Epidemic) နဲ့ နိုင်ငံနဲ့ချီပြီး ဝေးလံတဲ့ဒေသတွေအထိကူးစက်တဲ့ ကမ္ဘာနေရာအနံှ့တွင် ဖြစ်ပွားသော ရောဂါ ( Pandemic) ဆိုပြီးခွဲခြားခဲ့ကြတာဖြစ်ပါတယ်။ ကာလဝမ်းရောဂါ၊ ပလိပ်ရောဂါ၊ ရေကျောက်ရောဂါ၊ တုပ်ကွေးရောဂါဆန်းတွေဟာ ကမ္ဘာသမိုင်းမှာအဓိကလူသေဆုံးခဲ့ရတဲ့ ရောဂါတွေဖြစ်ကြပြီးနိုင်ငံနယ်နိမိတ်များစွာကို ဖြတ်ကျော်ကာ ရောဂါကူးစက်ပြန့်ပွားခဲ့ကြတာဖြစ်ပါတယ်။ ယင်းရောဂါတွေကိုတော့ pandemic လို့ ခေါင်းစဉ်တပ်ရမှာဖြစ်ပြီး အထူးသဖြင့် နှစ်ပေါင်း ၁၂၀၀၀လောက်အတွင်းမှာ ရေကျောက်ရောဂါ ကြောင့် ကမ္ဘာလူဦးရေသန်း (၃၀၀)ကနေ(၅၀၀)အကြားသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ယခုခေတ်ကာလမှာဖြစ်ပွားခဲ့တဲ့ Ebola Virus ကြောင့်လူထောင်နဲ့ချီသေဆုံးခဲ့ရသလို၊ ယနေ့တရုတ်နိုင်ငံဝူဟန်ှမြို့မှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်လည်း ယခုချိန်ထိ လူ(၁၃၂)ဦးသေဆုံးခဲ့ရသလို ကူးစက်ခံရသူလည်း (၆၀၀၀)ခန့် ရှိနေပြီလို့သိရပါတယ်။ ယင်းရောဂါတွေကတော့ ယခုချိန်ထိတော့ (Epidemic) လို့ပဲခေါင်းစဉ် တပ်ရမှာဖြစ်ပါတယ်။ လူသားတွေဟာ […]

ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ချမ်းသာအောင် နေချင်တယ်ဆိုရင် လိုက်နာသင့်တဲ့ အရာများ

ဘဝဆိုတာ ရှင်သန် ရုန်းကန်းရတာ ခက်ခဲပါတယ်။ လူတိုင်း ဘဝအတွက် ခက်ခက်ခဲခဲ ရုန်းကန်း လှုပ်ရှားနေရတာကြီးပါပဲ။ သင့်တစ်ယောက်တည်း မဟုတ်ပါဘူး ၊ ရုန်းကန်း လှုပ်ရှားနေရင်းနဲ့ ပျော်ရွှင်အောင် နေချင်ရင် ဒီအရာတွေကို လိုက်နာပေးပါ။ (၁) သင့်ဘဝထဲကနေ မကောင်းတဲ့ သူတွေကို ဖယ်ထုတ်ပစ်လိုက်ပါ သင့်ဘဝထဲမှာ သင့်အပေါ် မကောင်းတဲ့သူတွေကို ဖယ်ထုတ်ပစ်လိုက်ရင် သင်အရမ်းကို စိတ်ချမ်းသာနေပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ နေသွားရမှာပါ။ သူတို့ သင့်အပေါ် မကောင်းရင် သူတို့နဲ့ ရှောင်လိုက်ပါ ။ သင့်ကို ချစ်တဲ့သူတွေ ရှိတဲ့အရပ်မှာပဲ နေပါ။ (၂) သင့်ကိုယ်သင် အာရုံစိုက်ပါ တခြားသူတွေရဲ့ အိပ်မက် ၊ ရည်မှန်းချက် ကို ကူညီပေးနေရင်းကနေ သင့်အိပ်မက် ၊ ရည်မှန်းချက်တွေ မပျောက်သွားပါစေနဲ့။ သူများလက်အောက် […]

ညအိပ်မပျော်သူတိုင်း ရောဂါဖြစ်နေသူပဲဖြစ်ဖြစ် အိပ်မပျော်လျှင်

ညအိပ်မပျော်သူတိုင်း ရောဂါဖြစ်နေသူပဲဖြစ်ဖြစ် အိပ်မပျော်လျှင် ၁.ဖီးကြမ်းငှက်ပျောသီး မှည့်စားပါ။အိပ်စက်ခြင်းတွက် အထူးကောင်းမွန်းပြီး အားရှိသည်။ ၂.နွားနို့သောက်ခြင်းက အရိုးအဆစ်သန်မာသည့်အပြင် အိပ်စက်ခြင်းကို မြန်ဆန်စေပါသည်။ ၃.ကြက်သွန်ဖြူခေါင်းအုံးအောက်၃တက်ထားအိပ်ပါ။ဦးနှောက်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး အိပ်စက်မှုကို မြန်ဆန်စေသည်။ ၄.ကြက်သွန်နီထက်ခြက်ခွဲပီး ခြေဖဝါအလည်တည့်တည့်ကပ်ပါ။ တစ်ကိုယ်လုံးမှ အဆိပ်အတောက်များကို စုပ်ယူပါလိမ့်မယ်။ အအေးမိနာစေးသူ ကလေး လူကြီးမရွေး လုပ်ပေးပါက သက်သာပျောက်ကင်းစေပါမည်။ #ShanGyi Share this: Related

မိုင်းဖုန်းဆရာတော်ကြီး အမြဲလိုလို တရားလာထိုင်လေ့ရှိသည်ဆိုသော ပလောင်ရွာ တစ်ရွာမှ ခြေတော်ရာတစ်ဆူ

မိုင်းဖုန်းဆရာတော်ကြီး အမြဲလိုလို တရားလာထိုင်လေ့ရှိသည်ဆိုသော ပလောင်ရွာ တစ်ရွာမှ ခြေတော်ရာတစ်ဆူ ပလောင်ရွာ တစ်ရွာမှ ခြေတော်ရာတစ်ဆူ လားရှိုးမြို့နဲ့ ၃၅.၅ မိုင်အဝေးမှာ မုံးယော်ကျေးရွာ ရှိပါတယ်။ မုံးယော်ကနေ နောက်ထပ် မိုင် ၂၀ လောက်ဆက်သွားရင် ပလောင်ရွာတစ်ရွာ ရောက်ပါတယ်။ လုံံတ ရွာပါ။ လုံတရွာကနေ နောက်ထပ် ၂ မိုင်လောက် ဆက်သွားရင်လွယ်ဆန့်တောင်ရှိပါတယ်။ အဲဒီ လွယ်ဆန် တောင်ပေါ်မှာတော့ပုံမှာမြင်ရတဲ့ အတိုင်းခြေတော်ရာ ရှိပါတယ်။ ဒါ့အပြင် တင်ပလ္လင်ခွေတော်မူအရာ လည်း ရှိပါတယ်။ ပစ္စေကဗုဒ္ဓာခြေတော်ရာလား၊ရဟန္တာခြေတော်ရာလား သေချာမသိရပေမယ့် လားရှိုးမြို့က ပျံလွန်တော်မူသွားပြီဖြစ်တဲ့ ကန်မိန်းကျောင်း ဆရာတော်နဲ့ မိုင်းဖုန်းဆရာတော်တို့ တရားကျင့်ကြံအားထုတ်လေ့ရှိတဲ့နေရာလို့ိ ဒေသခံများက ပြောပါတယ်။ HlaThanAung Share this: Related

နီပေါက လိုဏ်ဂူပေါင်း ၁သောင်းကျော်ရှိရာ ဗုဒ္ဓဘာသာဒေသ

တိဘက်ကုန်းပြင်မြင့်နဲ့ နယ်မြေချင်းစပ်ဆက်တည်ရှိနေတဲ့ ယခုနီပေါနိုင်ငံထဲက Mustang ဒေသဟာ ကျန်ခဲ့တဲ့ ကာလတွေတုန်းကတော့ Himalaya ဒေသကနိုင်ငံငယ် တစ်ခုအနေနဲ သီးခြားတည်ရှိခဲ့ဖူးပါတယ်။ ယင်းကာလတုန်းက Mustang ဟာလွတ်လပ်တဲ့ ဗုဒ္ဓဘာသာနိုင်ငံအနေနဲ့တည်ရှိနေတာဖြစ်ပြီး (၁၈)ရာစုအကုန်လောက်မှာတော့ နီပေါ လူမျိုးတွေရဲ့ တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ Mustang မှာရှိတဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှု အဆောက်အအုံနဲ့ ဓလေ့စရိုက်တွေကတော့ ဆက်လက်တည်ရှိနေခဲ့ပါတယ်။ ယင်းနောက်ပိုင်း Mustang ဟာဒေသန ္တရအုပ်ချုပ်ရေးစနစ်နဲ့ အုပ်ချုပ်ခဲ့ပြီး နီပေါနိုင်ငံကနေပြန်လည်ခွဲထွက်ခဲ့ပြန်ပါတယ်။ (၁၉၅၀)ရောက်တဲ့အခါမှာတော့ နီပေါနိုင်ငံနဲ့ ပြန်လည်ပေါင်းစည်းခဲ့ပါတယ်။ Mustang ဒေသဟာ ရှေးဟောင်းယဉ်ကျေးမှုလေ့လာ ရေးနယ်ပယ်တစ်ခုဖြစ်တဲ့ အတွက် ကမ္ဘာအရပ်ရပ်ကပညာရှင်တွေ လာရောက်လေ့လာ ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ယင်းကာလတုန်းက Mustangဟာ တောရိုင်းသက်သက် ဖြစ်နေတဲ့အချက်နဲ့ ဒေသရဲ့လုံခြုံရေးအခြေအနေကြောင့် နီပေါအစိုးရက (၁၉၉၂)ခုနှစ် အထိ Mustang ဒေသကို […]

ကောင်းကင်ထဲက စားသောက်ဆိုင်

ဆိုင်ရဲ့အမည်ကိုကတည်းက Dinner in the Sky ပါတဲ့။ ဘယ်လ်ဂျီယံအခြေစိုက် စားသောက်ဆိုင်တစ်ဆိုင်ဖြစ်ပြီး စားပွဲတွေကို ပေ ၁၅၀ အမြင့်အထိ ကရိန်းတွေနဲ့ ဆွဲမထားပြီး စားသုံးသူတွေကို သုံးဆောင်စေတာဖြစ်ပါတယ်။ ဒီစားသောက်ဆိုင်ဟာ Forbes မဂ္ဂဇင်းရဲ့ ကမ္ဘာ့အထူးခြားဆုံး စားသောက်ဆိုင် ၁၀ ခု စာရင်းမှာလည်း ထည့်သွင်းဖော်ပြခြင်းခံထားရပါတယ်။ လက်ရှိအချိန်မှာတော့ Dinner in the Sky ကို နိုင်ငံ ၁၅ နိုင်ငံက မြို့ကြီးတွေအထိ ဝန်ဆောင်မှုပေးထားကာ ဒီအထဲမှာ ပါရီ ၊ ဒူဘိုင်း နဲ့ လတ်စ်ဗီးဂတ်စ် စတဲ့မြို့ကြီးတွေ ပါဝင်ပါတယ်။ ဒီအစီအစဉ်ကိုတော့ ဘယ်လ်ဂျီယံက ဈေးကွက် နဲ့ ဆက်သွယ်ရေးဆိုင်ရာ ကုမ္ပဏီပိုင်ရှင်တစ်ယောက်ဖြစ်တဲ့ David Ghysels နဲ့ bungee jumping […]

Back To Top