Category: သတင္း

“ဆရာဝန်တွေ လူနာတွေကို ခေတ်အဆက်ဆက် ဂျင်းထည့်ခဲ့တဲ့ စာရေးဆရာကြီး (၃) ယောက်”

“ဆရာဝန်တွေ လူနာတွေကို ခေတ်အဆက်ဆက် ဂျင်းထည့်ခဲ့တဲ့ စာရေးဆရာကြီး (၃) ယောက်” ဆရာဝန်တွေ လူနာတွေကို ခေတ်အဆက်ဆက် ဂျင်းထည့်ခဲ့ကြတဲ့ စာရေးဆရာကြီး ၃ယောက်ရှိပါတယ်။ ဆရာ တက္ကသိုလ်ဘုန်းနိုင်ရယ် ဆရာမ လွန်းထားထား ဆေးတက္ကသိုလ်ရယ် ဆရာ ဦးရဲမြင့်ကျော် (လင်္ကာရည်ကျော်) ရယ်ပါ။ အရင်ဆုံးပြောရရင် ဆရာဘုန်းနိုင်။ ဆရာဘုန်းနိုင်ရဲ့ ဆရာဝန်တွေဟာ ဝတ္ထု သိပ်ဆန်ပါတယ်။ အရမ်းကောင်း အရမ်းမွန်မြတ် အရမ်း ပြောစရာ မရှိ စသဖြင့် အရမ်းတွေကို ပိုင်ဆိုင်ထားတဲ့ အရမ်းကြီးတွေ ဖြစ်ပါတယ်။ ဆရာ ဘုန်းနိုင်ရဲ့ ဆရာဝန်တွေဟာ အစိုးရအလုပ်ဝင်ကြပါတယ်။ အပြင်ဆေးခန်း မထိုင်ကြပါဘူး။ အပြင် ဆေးခန်းဖွင့်ထားလားလို့ ဆေးရုံမှာ လာမေးတဲ့ လူနာကို ဆရာဝန်က စိတ်တွေ ဆိုးပါတယ်… အယ်လယ်… ဒါပေမယ့် ဆရာဘုန်းနိုင်ရဲ့ […]

YBS ၄ ဖြစ်စဉ်ကိုအကြောင်းပြု၍ YBS ယာဉ်လိုင်းကုမ္ပဏီများအားစည်းကမ်းပိုင်းဆိုင်ရာထိန်းသိမ်းမည်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် YBS ၄ ဖြစ်စဉ်ကို အကြောင်းပြု၍ YBS ယာဉ်လိုင်းကုမ္ပဏီများကို စည်းကမ်းပိုင်းဆိုင်ရာထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) ထံမှ သိရသည်။ရန်ကုန်မြို့ကျိုက္ကဆံလမ်းပေါ်ရှိ YRTA ရုံးချုပ်တွင် ဖေဖော်ဝါရီလ ၅ ရက်ကကျင်းပသည့် အပတ်စဉ်သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ “YBS ၄ ဖြစ်စဉ်မှာဖြစ်ပွားခဲ့တဲ့ယာဉ်မောင်းဟာ YBS ယာဉ်မောင်းမဟုတ်ပါဘူး။ ကားကတော့ YUPT ကကားပါ။ ပုဂ္ဂလိကပိုင်ကားဖြစ်ပါတယ်။ ဒါပေမဲ့ကနဦးမောင်းတဲ့ယာဉ်မောင်းဟာ သူ့အိမ်ကအရေးကြီးကိစ္စနဲ့ဖုန်းဆက်လို့ သူကကားပေါ်မှာပါတဲ့သူ့အပေါင်းအသင်းကိုလွှဲပေးခဲ့တာဖြစ်ပါတယ်။ သူ့ယာဉ်လိုင်းကတော့ သူ့ကို တစ်လပိတ်ထားတယ်လို့ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကလက်မခံပါဘူး။ သူ့ကိုပြင်းထန်တဲ့ပြစ်ဒဏ်ပေးဖို့ လုပ်နေပါတယ်။ သူသည်အခွင့်အာဏာမရှိဘဲနဲ့လွှဲပြောင်းပေးခဲ့တဲ့အတွက်ကြောင့်ပါ။ ဒါကြောင့် ဒီဖြစ်စဉ်ကို အကြောင်းပြုပြီး နောက်ထပ်မဖြစ်အောင် YBS ယာဉ်လိုင်းကုမ္ပဏီတွေကို စည်းကမ်းပိုင်းဆိုင်ရာ ထိန်းသိမ်းသွားမယ်”ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။ အမှုဖြစ်စဉ်မှာ […]

တပ်မတော်အနေဖြင့် နိုင်ငံရေးမှ ထွက်ခွာရန် အချိန်မကျသေးဟု ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် ပြော

တပ်မတော်နိုင်ငံရေးမှ ထွက်ခွာရန် အချိန်မကျသေးကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။ ရန်ကုန်မြို့ မလီယာဟိုတယ်တွင် ဖေဖေါ်ဝါရီ ၅ ရက်က ကျင်းပသော “ဖွဲ့စည်းပုံအခြေခံ ဥပဒေဘာကြောင့်ပြင်မလဲ၊ ဘယ်လိုပြင် မလဲ” ခေါင်းစဉ်ဖြင့်ဆွေးနွေးရာတွင် ပြည်ခိုင်ဖြိုး ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ “လက်ရှိ ကျွန်တော်တို့နိုင်ငံရဲ့ အခင်းအကျင်းတွေရယ်၊ နောက် တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိနေခြင်းအားဖြင့်ရယ်၊ တပ်မ တော်နဲ့ ညှိနှိုင်းဆောင်ရွက်ရမယ့် ကိစ္စတွေအများကြီးရှိနေသေးတာဖြစ်တဲ့အတွက် လတ်တလော တပ်မတော်ကို ဒီနိုင်ငံရေးက နေဖယ်ထုတ်ဖို့ ဆိုတာက အချိန်လိုနေသေးတယ်လို့ ကျွန်တော်တို့က မြင်တယ်။ အဲဒါ ကျွန်တော်တို့ စဉ်းစားတာ တိုင်းပြည်အေး ချမ်းဖို့အတွက်နဲ့ အနာဂါတ် တိုင်းပြည်ဖွံဖြိုးတိုးတက်ဖို့အတွက်ကိုပဲ ဖြစ်တယ်။ တပ်မတော်ကို ကျွန်တော်တို့ ကာကွယ်နေတာ မ ဟုတ်ဘူး”ဟု […]

သေရင် မပုတ်တာ၊ ပျော့နေတာ တွေကြည့်ပြီး အရိယာပုဂ္ဂိုလ် ဟုတ်/မဟုတ်ပြောနေကြတာတွေကို ပါမောက္ခချုပ်ဆရာတော်ကြီး ရှင်းလင်းချက်

“အမြင်နဲ့ ဆုံးဖြတ်သူများ” ကြားဖူးတယ်မို့လားအရှင်ကောဏ္ဍညကြီးဆိုတာ။သူကသံဃာ့ပရိသတ်ထဲမှာ မနေဘူး။တကယ့်ကိုသံဃာတွေရဲ့နောင် တော်ကြီးသဖွယ်တရားထူးတရားမြတ်ကိုပထမဆုံးရတဲ့ပုဂ္ဂိုလ်ကြီး။ဒါ့ကြောင့် အညာသိကောဏ္ဍညော၊အဦးဆုံးသိတဲ့ အရှင်ကောဏ္ဍညဒီလိုဆိုတာ။ သူကလည်းပဲအရှင်သာရိပုတ္တရာတို့လို ထက်မြက်တဲ့ပုဂ္ဂိုလ်တွေရောက်လာတဲ့အခါသူကထေရ်ကြီးဝါကြီးဖြစ်တော့ သူ့ကိုအရိုအသေပေးနေရတာတွေ jealousy မဖြစ်ဘူး ရဟန္တာ-ဆိုတာ။အခုခေတ်ဆိုလို့ရှိရင်ငါ့နောက်မှလာပြီးတော့ငါ့ အ ထက်ကရောက်တယ်ဆိုပြီး jealousy ဖြစ်ချင်ဖြစ်မယ်သူ့မှာjealousy မရှိဘူး။ အော်သူတို့(အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလာန်)ဒီထူးချွန်ထက်မြက်မှုဟာသာမန်နဲ့ရတာမဟုတ်ဘူး။ဘဝါ ဘဝ က ပါရမီတွေဖြည့်ခဲ့ရတယ်။အင်မတန်ထူးချွန်တဲ့ပုဂ္ဂိုလ်တွေငါရှိနေရင်သူတို့အနေအထိုင်ခက်လိမ့်မယ်ဆိုပြီးသံဃာ့ပရိသတ်ထဲမှာမနေဘူး။ ဟိမဝန္တာတောင်ကဆဒ္ဒအိုင်ဆိုတဲ့ ရေအိုင်ဘေးမှာသွားနေတယ်။ တောကျောင်းထဲမှာသွားနေတယ်။သံဃာ့ပရိသတ်ထဲကို မလာဘူး။သူ့ကိုပြုစုတာကလူတွေမဟုတ်ဘူးတောဆင်ရိုင်းတွေကသူတို့ကို ပြုစုနေတာ။ဘာဖြစ်လို့လဲဆိုတော့သူ့မေတ္တာကတအားကောင်းတာကိုး။ဆင်တွေရဲ့အလုပ်အကျွေးကိုခံပြီးတော့အဲ့ဒီမှာပဲပရိနိဗ္ဗာန်ပြုသွားတယ်။ သို့သော်ပရိနိဗ္ဗာန်စံခါနီးလေးကိုတော့ မြတ်စွာဘုရားကိုလာကန်တော့သွားသေးတယ်။နောက်ဆုံးကန်တော့တဲ့အနေနဲ့ လာဝန်ချကန်တော့သွားတယ်။အဲ့ဒီမှတ်တမ်းတွေကတော့သံယုတ်ပါဠိတော်မှာကောဏ္ဍညသုတ်-ဆိုတာအဲ့ဒီမှာ မှတ်တမ်းတွေ ရှိတယ်။ အရှင်ကောဏ္ဍည ပရိနိဗ္ဗာန်စံတော့ ဘယ်လိုပရိနိဗ္ဗာန်စံတုန်းဆိုတော့ထိုင်လျက်သမာပတ်တွေဝင်စားပြီးတော့ ထိုင်လျက်ပရိနိဗ္ဗာန်စံသွားတယ်။အခုခေတ်ကတော့သေတာလိုက်ကြည့်ပြီးတော့လက်ယာဘက်စောင်းရင်အရိယာတို့ဘာတို့လျှောက်ပြောနေတာ။ အကုန်လုံးပုံသေမမှတ်ရဘူးဒီကိစ္စတွေက သူစောင်းချင်တဲ့ဘက်စောင်းမှာပဲလေးတဲ့ဘက်စောင်းမှာပဲ။အဲ့ဒါနဲ့ ဆုံးဖြတ်လို့မရဘူးဆိုတာ။ဘာဖြစ်လို့လဲဆိုတော့ ရဟန္တာတွေတောင်မှပဲမတ်တပ်ရပ်လျက် ပျံလွန်တော်မူတာ။ထိုင်လျက်ပျံလွန်တော်မူတာရှိတယ်။ဘယ်လိုလို့ လက် ယာဘက်စောင်းသွားမှာတုန်း။တချို့ကအဲ့ဒါတွေလိုက်ပြီးတော့အော်ဘယ်ဖက်စောင်းသေတာတုန်းဒီလိုစာထဲလည်းမရှိပါဘူး။ဘယ်သူကစပြောလဲမသိဘူးဒါတွေ။အရပ်ထဲမှာပြောတာတွေစာထဲမှာမရှိတဲ့အကြောင်းထည့်ပြောပြတာ။ သူဖြစ်ချင်လည်းဖြစ်မယ်။မဖြစ်ချင်လည်းမဖြစ်ဘူး။ဒါတွေက Evidence မဖြစ်သင့်ဘူး။နောက်ရှိသေးတယ်။သေ သွားပြီးတော့ပျော့နေတယ်။ဒါ့ကြောင့်မို့လို့တရားထူးတရားမြတ်ရတယ်။ ရဟန္တာပဲ ဒါလည်းမဖြစ်သင့်ဘူးဒီဟာလည်း အဓိကမဟုတ်ဘူး။ဒါကလူ့ခန္ဓာကိုယ်တည်ဆောက်မှုနဲ့သက်ဆိုင်တယ်။ပူတိဂတ္တတိဿမထေရ် -ဆိုတာတကိုယ်လုံးရောဂါဖြစ်ပြီးတော့ပုပ်ပွပြီးတော့ ပရိ နိဗ္ဗာန်စံသွားတာပဲ။ပဋိသမ္ဘိဒါလေးပါးနှင့်တကွရဟန္တာကြီးပဲ။ အဲ့ဒီတော့ဒီရုပ်နဲ့ပတ်သတ်ပြီးတော့ […]

ပညာရေးဝန်ထမ်းများ၏ လစာငွေများကို မယူဘဲ ပြန်ပေးလိုက်ပြီဟု အေအေပြော

ပညာရေးဝန်ထမ်းတွေရဲ့ လစာကိုမယူဘဲ ပြန်ပေးလိုက်ပြီလို့ ရက္ခိုင့်တပ်တော် (အေအေ) ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။ ဖေဖော်ဝါရီ ၅ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က မောင်နှမရွာနားမှာ အေအေ အဖွဲ့ဝင်တွေက စက်လှေတစ်စီးကို စစ်ဆေးခဲ့ပြီး အဲဒီလှေပေါ်မှာ ပါလာတဲ့ ရဲတပ်ဖွဲ့ပိုင် ပိုက်ဆံ ကျပ် ၄၃ သိန်းကျော်ကို သိမ်းဆည်းပြီး ဆရာမတွေရဲ့ လစာ ကျပ် သိန်း ၂၀ကိုတော့ ပြန်ပေးလိုက်တယ်လို့ ခိုင်သူခက ပြောပါတယ်။ “ရဲတပ်ဖွဲ့ပိုက်ဆံကိုတော့ ကျနော်တို့ သိမ်းဆည်းလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ကိုတိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ပိုက်ဆံဖြစ်နေလို့ သိမ်းလိုက်တာ။ လက်နက်ကိုင်ပတ်သက်ရင်တော့ သိမ်းသင့်ရင်သိမ်းမှာပဲ။ ဖျက်ဆီးသင့်ရင် ဖျက်ဆီးမှာပဲ”လို့ ခိုင်သုခက ပြောပါတယ်။ ပညာရေးဝန်ထမ်းတွေရဲ့ လစာကို ပြန်ပေးလိုက်ပြီဆိုပေမယ့် ဘယ်လိုပုံစံနဲ့ ဘယ်သူတွေကို ပေးလိုက်တယ်ဆိုတာနဲ့ ကာယကံရှင်တွေလက်ထဲကို ငွေတွေပြန်ရောက်မရောက်တော့ […]

တရုတ်နိုင်ငံသားများပါဝင်သည့် မိသားစုဝင် ၅ ဦး၌ ဝူဟန်ရောဂါပိုးမတွေ့၍ ကျိုင်းတုံ ဆေးရုံမှဆင်းခွင့်ပြု

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ခုတင် ၂၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံးကြီးတွင် ဝူဟန်အဆုတ်ရောင်ရောဂါ သံသယဖြင့် သီးသန့်ခန်းတွင် စောင့်ကြည့်ကုသနေသော ကလေးငယ်နှင့် မိသားစုဝင် ၅ ဦး ကို ရောဂါပိုးမတွေ့ရှိ၍ ယနေ့ ( ဖေဖော်ဝါရီ ၆ ရက် ) မွန်းလွဲပိုင်းမှ ဆေးရုံမှဆင်းခွင့်ပြုပြီဖြစ်ကြောင်း အဆိုပါဆေးရုံအုပ်ကြီး ဒေါက်တာလှဌေးမင်းက ပြောကြားသည်။ “ကိုယ်အပူချိန်ရှိပြီး ဖျားနေတဲ့ ကလေးငယ်လေးရဲ့နှာခေါင်းတို့ဖတ် နမူနာကို ရုံးချုပ်ပို့ပြီး စစ်ဆေးကြည့်တာမှာ ပိုးမတွေ့ဘူးလို့ မနေ့ညက အကြောင်းပြန်လာလို့ ဒီညနေ ၄ နာရီမှာ ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပါပြီ။ တာချီလိတ်ကနေ မန္တလေးကိုလေယာဉ်နဲ့သွားမှာမို့ မနက်ဖြန်မှာ ဆေးရုံကကားနဲ့ တာချီလိတ်ကို လိုက်ပို့မယ်”ဟု ၎င်းက ဆိုသည်။ တရုတ်နိုင်ငံ စီချွမ်းပြည်နယ်၌နေထိုင်သည့် အသက် ၁ နှစ်နှင့် […]

အရှင်လတ်လတ် တိရိစ္ဆာန်လေးတွေကို သော့ချိတ် လုပ်ရောင်းနေတဲ့ နိုင်ငံ

ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပေါ်လာတာဟာ တရုတ်လူမျိုးတွေ အစားသောင်းကျန်းလို့ ဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုတွေနဲ့ အပြိုင်ဆိုသလို လင်းနို့စွပ်ပြုတ် သောက်နေသူတွေ၊ ခွေးသား ၊ကြွက်သား ၊ မြွေကြီးသား စားနေတဲ့ တရုတ်လူမျိုးတွေရဲ့ ရုပ်သံ၊ ဓာတ်ပုံတွေက ပျံ့နှံ့လာခဲ့ပါတယ်။ ဒီလို ထွက်ပေါ်လာပြီးတော့ တရုတ်တွေရဲ့ တိရိစ္ဆာန်တွေကို အကြီးအငယ်အရွယ်အလတ်မရွေး အရှင်လတ်လတ်စားသောက်ပုံတွေကိုလည်း တွေ့ရပါတယ်နော်။ အခုလည်း တရုတ်နိုင်ငံမှာ ရှိတဲ့ အရှင်လတ်လတ် တိရစ္ဆာန်လေးတွေကို သော့ချိတ်လုပ်ရောင်းနေတဲ့ ဈေးကွက်တစ်ခုဖြစ်ပေါ်နေပါတယ်။ အဲ့ဒီဈေးကွက်ကတော့ တစ်ခုကို ၁.၅ ဒေါ်လာခန့်ရှိပြီးတော့ သော့ချိတ်ထဲမှာတော့ အခွံပျော့လိပ် သားပေါက်လေးတွေအိမ်မြောင်တွေ၊ ပုတ်သင်တွေ ၊ ပိုးဟပ်တွေ စတဲ့ အင်းဆက်ပိုးမွှားများပါ ထည့်သွင်းပြီး အရှင်လတ်လတ်လုပ်ထားတာဖြစ်ပါတယ်။ လုပ်ရောင်းသူရဲ့ အဆိုအရတော့ အဲ့ဒီ အိတ်ထဲမှာ သော့ချိတ်ထားက သတ္တဝါအရှင်တွေအတွက အစားအစာ ၊ အောက်ဆီဂျင်ပါ […]

တရုတ်နိုင်ငံမှ မွေးကင်းစ ကလေးငယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း တွေ့ရှိ

တရုတ်နိုင်ငံမှာ မွေးကင်းစ ကလေးငယ်တစ်ဦး မွေးဖွားပြီး နာရီ ၃၀ အကြာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာ စစ်ဆေးတွေ့ရှိပြီး သူဟာ အသက်အငယ်ဆုံး ဗိုင်းရပ်စ် ကူးစက်ခံရသူ ဖြစ်လာခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။ ယင်းကလေးငယ်ဟာ ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပျံ့နှံ့ရာဖြစ်တဲ့ ဝူဟန်မြို့ ဆေးရုံမှာ ဖေဖော်ဝါရီ ၂ ရက်က မွေးဖွားခဲ့တာ ဖြစ်ပြီး ကလေးငယ်ရဲ့ မိခင်ဟာ မီးမဖွားခင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ဆေးစစ်တွေ့ရှိခဲ့ပါတယ်။ သို့သော်လည်း မိခင်မှ ကလေးသို့ ဗိုင်းရပ်စ် ကူးစက်ပုံကို ရှင်းရှင်းလင်းလင်း မသိရ သေးဘဲ မွေးပြီးမှလား ဒါမှမဟုတ် အမိဝမ်းထဲမှာ ကူးစက်ခံခဲ့ရတာလားဆိုတာ မသိရပါဘူး။ လူပေါင်း ၅၆၃ ဦး သေဆုံးပြီး ၂၈၀၁၈ ဦး ကူးစက်ခံနေရတဲ့ ကိုရိုနာ […]

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ဆေး ထုတ်လုပ်နိုင်သူကို ယွမ် ၁ သန်းချီးမြှင့်မယ့် #ဂျက်ကီချန်း

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါ တိုက်ဖျက်ရေး ထုတ်လုပ်နိုင်သူကို မင်းသား ဂျက်ကီချန်းက ယွမ် ၁ သန်း ဆုချီးမြှင့်မြင်မယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ရုပ်ရှင်ရုံတွေမှာ လူအဝင်နည်းနေတဲ့ကိစ္စကို စိုးရိမ်နေတဲ့ မင်းသားချန်းက အခုလိုမျိုး ရောဂါကူးစက်ခံနေရသူတွေကို အားပေးဖို့နဲ့ သီချင်းတွေ ဖန်တီးပေးဖို့အပြင် သူတတ်နိုင်သမျှ လုပ်သွားမယ့် အကြောင်း ဖေဖော်ဝါရီလ ၄ ရက်နေ့မှာပဲ Weibo ကနေ တဆင့် ရေးသားထားတာပါ။ “သိပ္ပံနဲ့ နည်းပညာဟာ ဒီဗိုင်းရပ်စ်ကို ကျော်လွှားနိုင်ဖို့ အဓိက သော့ချက်ဖြစ်ပါတယ်။ ကျနော့်လိုပဲ လူတော်တော်များများမှာ တူညီတဲ့အတွေးတွေရှိမယ်လို့ ယုံကြည်ပြီး ဖြစ်နိုင်ရင်အမြန်ဆုံး တိုက်ဖျက်ဆေး ဖော်ထုတ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ကျနော့်မှာ အခုထူးခြားတဲ့ အိုင်ဒီယာ ရှိပါတယ်။ ဒီ တိုက်ဖျက်ဆေးကို ထုတ်လုပ်နိုင်တဲ့ […]

ပြည်သူများ၏အခက်အခဲကိုတင်ပြနိုင်မည့် မြို့နယ်ခန်းမအစည်းအဝေးများ စတင်ဆောင်ရွက်နေ

ပြည်သူများ၏အခက်အခဲကိုတင်ပြနိုင်မည့် မြို့နယ်ခန်းမအစည်းအဝေးများစတင်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။ ဖေဖော်ဝါရီလ (၄)ရက်ကကျင်းပသည့် ဘုရင်နောင့်လမ်းဆုံနှင့် နာနတ်တောလမ်းဆုံလူကူးခုံးကျော်တံတား ဖွင့်ပွဲအခမ်းအနားတွင် အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။ “ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ပြည်သူလူထုရဲ့လိုအပ်ချက်တွေကိုလိုအပ်တဲ့နေရာတွေမှာ ဖြည့်ဆည်းပေးနိုင်ဖို့အတွက်ဒေသခံပြည်သူလူထုတွေနဲ့တွေ့ဆုံဆွေးနွေးဖို့အဖြေရှာနေတာတွေ များစွာရှိပါတယ်။ နောက်ပိုင်းမှာလည်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ပြည်သူလူထုကြားမှာတွေ့ဆုံမှုတွေကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားနိုင်ဖို့အတွက်ကြိုးပမ်းဆောင်ရွက်နေတာတွေရှိပါတယ်။ ပြည်သူနဲ့တွေ့ဆုံနိုင်တဲ့ Town Hall Meeting(မြို့နယ်ခန်းမအစည်းအဝေး)တွေကိုလည်းစတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ Town Hall Meeting တွေမှာ ပြည်သူလူထုက ရပ်ရွာရဲ့အခက်အခဲတွေ၊ ရပ်ရွာရဲ့အခြေအနေများအားလုံးကို တင်ပြနိုင်မှာဖြစ်ပါတယ်။”ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်သူသိလိုသောအချက်အလက်များကိုပွင့်လင်းမြင်သာစွာ ချပြရန်တာဝန်ရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူများနှင့်ဖေဖော်ဝါရီလ (၁)ရက်ကတွေ့ဆုံစဉ်ပြောကြားထားသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ၂၀၁၇-၁၈ စာရင်းစစ်ချုပ်အစီရင်ခံစာနှင့်ပတ်သက်ပြီူ ပြန်လည်ဖြေရှင်းခြင်းမပြုဟုပြောကြားထားသည့်အပေါ်ကိုလည်း ဝေဖန်မှုများရှိနေသည်။ ထို့အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့ကမူ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် (၃/၂၀၁၈)အရသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးနောက်ဆုံးနေ့တွင် ပြန်လည်ရှင်းလင်းထားသည်။ […]

Back To Top