Category: သတင္း

မြန်မာလူငယ် MOU လုပ်သားတစ်ဦး ထိုင်းထီပထမဆု ဘတ်(6)သန်းဆု ကံထူးသွား

မြန်မာလူငယ် MOU လုပ်သားတစ်ဦး ထိုင်းထီပထမဆု ဘတ်(6)သန်းဆု ကံထူးသွားရာ AAC အဖွဲ့မှ ငွေထုတ်ယူပေးခဲ့ 1-2-2020 ရက်နေ့ထွက်သော ထိုင်းထီ ထိုင်းနိုင်ငံမှာပထမဆု ထိုင်းဘတ် သိန်း(60)ကံထူးသွားတဲ့ ယွန်းနဒီဦးအေဂျင်စီမှ ထိုင်းနိင်ငံသို့ တရားဝင် ပို့ဆောင်ပေးတဲ့ ပဲခူးတိုင်း ဖြူးမြို့နယ်မှ MOU.လုပ်သားလူငယ်လေး တစ်ဦး နှစ်သစ်မှာကံထူးပြီး ထိုင်းထီပေါက်ေ နပေမယ့် ထီလက်မှတ်ပျောက်နေခဲ့သေး တာပါ၊ ထိုင်းထီထွက်ပြီးေ နာက် (2) ရက်အလွန် အလုပ်ပိတ်ရက် အခန်းမှာ အဝတ်လျှော် နေရင်းသူဝယ်ထားတဲ့ ထီလက်မှတ်လေးကိုပြန်တွေ့လို့လိုင်းပေါ်မှာ AAC အဖွဲ့ မှ ကိုရဲမင်း တင်ထားတဲ့ ထီပေါက်စဉ်မှာ ပထမဆု ဘတ်သိန်းခြောက်ဆယ်ထွက်သွားတဲ့ဂဏန်းထိပ်စီးခြောက်လုံးအား တိုက်ကြည့်ပြီး ထီပေါက်တာ သေချာတာနဲ့ AAC ဒါရိုက်တာဦးခိုင်ထံ သူမိတ်ဆွေ အသိကနေတဆင့် လာရောက်ငွေထုတ်ပေးရန် အကူအညီလာတောင်းခဲ့တာပါ၊ AAC […]

ဆေးရုံကဆင်းပြီးပြန်လာသူ အမျိုးသမီးကို ရွာထဲဝင်ခွင့်မပြုသဖြင့် လပွတ္တာဆေးရုံ၌ ခေါ်ယူစောင့်ကြည့်

ကချင်ပြည်နယ်၊ လွယ်ဂျယ်ဆေးရုံမှာ ဆေးကုသမှုခံယူပြီး ဇာတိကျေးရွာကို ပြန်လာတဲ့ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတဦးကို တာဝန်ရှိသူတွေက လပွတ္တာမြို့နယ်ဆေးရုံကြီး ကိုခေါ်ယူကာ စောင့်ကြည့်နေပါတယ်။ဆေးရုံကိုခေါ်ယူစောင့်နေတဲ့ အမျိုးသမီးဟာ ကချင်ပြည်နယ်၊ မိုးမောက်မြို့ကို အလုပ်သွားရောက် လုပ်ကိုင်စဉ် အခြားရောဂါတခုကြောင့် ဖျားနာချောင်းဆိုပြီး ဇန်နဝါရီ ၂၁ ရက်နေ့က လွယ်ဂျယ် ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်မှာ ဆေးရုံက သူ့ရဲ့ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်တွေရယူကာ ဆင်းခွင့်ပြုလိုက်လို့ ဇာတိကိုပြန်လာခဲ့တာပါ။ ဒါပေမယ့်ရွာသူရွာသားတွေက ရွာထဲအဝင်မခံတာကြောင့် ဆေးရုံကြီးမှာ ခေါ်ယူစောင့်ကြည့် ထားရတယ်လို့ လပွတ္တာ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ နှစ်ဆန်းဦးက ဒီဗွီဘီကိုပြောပါတယ်။“အဲဒီအမျိုးသမီးက တခြားရောဂါနဲ့ ဆေးရုံတက်ရတာ၊ သူဖြစ်တဲ့ပုံစံက ကိုရိုနာဗိုင်းရပ်စ်ပုံစံဖြစ်နေတော့ သံသယစာရင်းထဲကိုအထည့်ခံရပြီး စစ်ဆေးခံရတာ၊ ခုဆို ၁၄ ရက်လည်း ကျော်နေပါပြီ၊ […]

အသစ်ဆောက်လုပ်ပြီးစီးတဲ့ ဝူဟန်မြို့က Huoshenshan ဆေးရုံမှာ ဆေးကုသမှုတွေ စတင်ပြီ

ဝူဟန်မြို့ရဲ့ ဆေးရုံသစ် Huoshenshan မှာ အင်္ဂါနေ့မနက်က စတင်ပြီး လူနာတွေကို ဆေးကုသမှုှု ပြုလုပ်ပေးနေပြီ ဖြစ်ကြောင်း သိရပါတယ်။ ယင်းဆေးရုံသစ်သို့ Wuchang ဆေးရုံနဲ့ Hankou ဆေးရုံအပါအဝင် ဆေးရုံ ၃ ခုမှ လူနာ ၅၀ ကို ဆေးကုသမှုပြုလုပ်ဖို့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဆေးရုံသစ်ဟာ ၃၄၀၀၀ စကွဲယားမီတာ ကျယ်ဝန်းပြီး အခြားဆေးရုံတွေမှ ရွှေ့ပြောင်းပေးတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို ကုသဖို့ ကုတင် ၁၀၀၀ ထား ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ အဆုတ်ရောင် ဝေဒနာသည်တွေကို ဆေးကုသမှု ပြုလုပ်ဖို့အတွက် ဝူဟန်မြို့မှာ Leishenshan နဲ့ Huoshenshan အမည်ရှိ ယာယီဆေးရုံ ၂ ခု အမြန်နှုန်းနဲ့ ဆောက်လုပ်ခဲ့ပါတယ်။ ကုတင် ၁၅၀၀ […]

အခွန်လာဆောင်တဲ့သူကို ချဉ်သွားအောင် လုပ်နိုင်တဲ့ မြန်မာပြည်က အခွန်စနစ်

အခွန်လာဆောင်တဲ့သူကို ချဉ်သွားအောင် လုပ်နိုင်တဲ့ မြန်မာပြည်က အခွန်စနစ်… မြန်မာပြည်မှာကတော့ ဖြစ်နိုင်ရင် အခွန်မဆောင်တာ အကောင်းဆုံးဘဲ။ ၂၀၁၇ တုန်းက အိမ်ဌားခ တနှစ်စာ သိန်း ၉၆၀ ရတဲ့အပေါ် သက်သာခွင့် သိန်း ၁၀၀ နှုတ်အပြီး ဝင်ငွေခွန် (10%) သိန်း ၈၀ ကျော် (နိုင်ငံ့သားကောင်းပီသစွာ အခွန်ကို မှန်မှန်ကန်ကန် ဆောင်ခဲ့တယ် (ငွေဖြူ သိန်း ၈၆၀ ရမယ်ထင်ခဲ့တယ်) အခု ၂၀၂၀ မှာ ကားတွေနာမည်ပေါက်ပြောင်းရမယ်ဆိုတော့ အိမ်ကကား ၂ စီးစာအတွက် ဒီနေ့ အခွန်ရုံးမှာ claim လုပ်ဖို့သွားတယ်။ ၂၀၁၇ တုန်းကဆောင်ထားတဲ့အခွန် သိန်း ၈၀ ကျော်က ဝင်ငွေခွန် (10%) ဘဲဆောင်ထားတယ်။ အိမ်ဌားတွေဘက်က ကုန်သွယ်ခွန် commercial […]

လာဘ်စားတုန်းက မရှက်ပဲ ရုံးထုတ်မှ ရှက်နေတဲ့ မြန်မာသံအရာရှိ

လာဘ်စားတုန်းက မရှက်ပဲ ရုံးထုတ်မှ ရှက်နေတဲ့ မြန်မာသံအရာရှိ… လင်မယားနှစ်ယောက် ဘဏ်အကောင့် ၅၀ ကျော် ပိုင်ဆိုင်တဲ့ ထိုင်းနိုင်ငံ မြန်မာသံရုံး အရာရှိရုံးထုတ်လာတာ အဂတိအမှု့နဲ့တရားခံက မီးနေသည်၊ နေပူထဲ ထွက်တဲ့ဟန် နဲ့ သူ့ကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေ အလိမ်ခံရ တချို့ စီးပွါးပျက် တချို့က ဘဝပျက် မြို့သစ် နယ်ဘက်က ကိုယ့်ရွာမှာ အေဂျင်စီ ကလိမ် လို့ MOU ထိုးပြီးသားတွေ တရားဝင်သွားသူတွေ အလိမ်ခံရပြီး ရွာပြန်လာရ တာတွေ ရှိတယ်။ သံရုံး ဆိုတာ သက်ဆိုင်ရာနိုင်ငံရောက်ကိုယ့်မြန်မာတွေ ကို ကူညီပေးဖို့ ခန့်ထားတာ မြန်မာပြည်အကျိုး ဆောင်ရွက်ဖို့ လစာပေး ထားတာ ကိုယ့်လူမျိူး ကိုယ် ပြန်ဒုက္ခပေးဖို့များ လစာပေး ခန့်ထားတယ်ထင်နေကြတာလား။ အခုမှ ရှက်နေတာ […]

အင်ဒိုနီးရှားမှာ ဝက်အကောင်ပေါင်း ၈၈၀ ကျော်သေ၊ ဝက်အပြင်းဖျားရောဂါကြောင့် ဟုတ် မဟုတ်စစ်ဆေးနေ

အင်ဒိုနီးရှားအာဏာပိုင်တွေ ဟာ ဘာလီကျွန်းမှာ ဝက်အကောင်ရေ ၈၈၀ ကျော်သေဆုံးမှုနဲ့ပတ်သက်လို့ စုံစမ်း စစ်ဆေးနေကြောင်း၊ အဲဒီ ဝက်တွေ သေဆုံးမှု ဟာ အာဖရိကဝက်အပြင်းဖျားရောဂါ (ASF). ရောဂါကြောင့်သေဆုံးတာ ဟုတ် မဟုတ် စုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်း၊ ရိုက်တာသတင်းက ဖော်ပြထားပါတယ်။ ဘာလီကျွန်းရှိ ဝက်အကောင် ပေါင်း ၈၈၀ ကျော် ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလနဲ့ ဇန်နဝါရီလအတွင်း သေဆုံးသွားခဲ့တာဖြစ်ကြောင်း၊ အင်ဒိုနီးရှား ကျန်းမာရေး ညွန်ကြားမှူဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဝက်အပြင်းဖျားရောဂါကြောင့် ဆူမတ်တြားကျွန်း မြောက်ပိုင်းမှာ ဝက်အကောင်ပေါင်း ၄၃၀၀၀ သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ ဘာလီကျွန်းမှာဖြစ်ပွားတဲ့ ဝက်များ သေဆုံးမှုက ဝက်အပြင်းဖျားရောဂါကြောင့် ဟုတ် မဟုတ်ဆိုတာ အင်ဒိုနီးရှား အစိုးရတာဝန်ရှိသူတွေက အတည်ပြု ပြောဆိုတာမျိုး မရှိသေးကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်ကလည်း တရုတ်နိုင်ငံမှာ […]

ကျောင်းသားများ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်ပေးခဲ့သည့် မြန်မာသံရုံး ဒုတိယအတွင်းဝန် ဝူဟန်မြို့မှ ပြန်လည်ထွက်ခွာခွင့် မရသေး

မြန်မာကျောင်းသား ၅၉ ဦးကို ဝူဟန်မြို့မှ အထူးလေယာဉ်ဖြင့် မြန်မာနိုင်ငံပြန်ပို့နိုင်ရေး ဘေကျင်းမြို့မှ ဝူဟန်မြို့သို့ သွားရောက်စီစဉ်ပေးမှုများ ပြုလုပ်ခဲ့သော ဘေကျင်းအခြေစိုက်မြန်မာသံရုံးမှ ဒုတိယအတွင်းဝန် ဦးစိုးပြည့်ဝင်းသည် ဝူဟန်မြို့တွင် ခန့်မှန်းခြေ ၁၄ ရက်နေရဦးမည်ဖြစ်ပြီး ဘေကျင်းသို့ ပြန်မရောက်နိုင်သေးကြောင်း သိရသည်။ ဦးစိုးပြည့်ဝင်းက “လောလောဆယ်တော့ သူတို့သတ်မှတ်တဲ့ ရက်ကလေးတွေ ရှိတယ်ဗျ။ ကျန်းမာရေးကြောင့် မဟုတ်ဘဲ၊ ဒီကပြန်ထွက်ဖို့ဆို ညွှန်ကြားချက်တွေ စောင့်နေတုန်းပါ။ ခန့်မှန်းခြေအားဖြင့်တော့ ၁၄ ရက်လောက် နေရမယ့် ပုံစံမျိုးရှိတယ်။ တစ်ခြားညွှန်ကြားချက်တို့ ထပ်ထွက်လာမလားတော့ ညှိနေရတုန်းပေါ့။ လက်ရှိကတော့ ဒီမှာ နေနေရဦးမယ်။ ဘယ်တော့ထွက်လို့ ရမလဲမသိသေးဘူး။ ကျန်းမာရေးနဲ့ တစ်ခြားထူးခြားချက် ရှိလာ မလား စောင့်ကြည့်တဲ့ သဘောမျိုး ဖြစ်ပါတယ်” ဟု ပြောသည်။ လက်ရှိ ဝူဟန်မြို့တွင် အစားအသောက် […]

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသည့် တရုတ်နိုင်ငံသို့ မြန်မာက ဆန်လှူရန် စီစဉ်နေ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ရာနှင့်ချီ သေးဆုံးနေသည့် တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံက စားနပ်ရိက္ခာအဖြစ် ဆန်လှူရန် စီစဉ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာ န ဒုတိယအမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်ဇံက ပြောသည်။တရုတ်နိုင်ငံသည် လက်ရှိ အချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ခြင်း မရှိသေးဘဲ ဖေဖော်ဝါရီလ ၄ ရက် တစ်ရက် တည်းမှာပဲ တရုတ်နိုင်ငံ ပြည်မကြီး၌ လူ ၆၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်ဇံက “အကူအညီဆိုတာက စိတ်ဓာတ်ရေးရာ အရ ရော ကူညီပံ့ပိုးတာပါ။ နိုင်ငံတော် သမ္မတကြီးကလည်း စာနာ ထောက်ထားကြောင်း သဝဏ်လွှာ ပို့ထားတာရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့လည်း တတ်နိုင်တဲ့ အင်အားလေးနဲ့ ကူညီမယ့် သဘောပါ၊ စားနပ်ရိက္ခာပေါ့။ ဆန်ကိုတော့ လှူဒါန်းဖို့ […]

ပုဂံနယ်မြေရှိ ရှေးဟောင်းကုန်းတစ်ခုပေါ်သို့ ကားဖြင့်တက်၍ အရက်သေစာသောက်စားခဲ့သည့်တရုတ်နိုင်ငံသားနှစ်ဦးကို ဒဏ်ငွေ(၃)သိန်းစီပေးဆောင်ရန် အမိန့်ချ

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အရှေ့အိုးထိန်းတောင်ကုန်းပေါ်သို့ မော်တော်ယာဉ်ဖြင့်တက်ပြီး အရက်သေစာသောက်စားမူးယစ်ခဲ့သည့် တရုတ်နိုင်ငံသားများအနက် ယာဉ်မောင်းနှစ်ဦးကို ညောင်ဦးမြို့နယ်တရားရုံးသို့ ယနေ့ ဖေဖော်ဝါရီ(၅)ရက် နေ့လည်ပိုင်းက တရားစွဲတင်ခဲ့ရာ မြို့နယ်တရားသူကြီးက တစ်ဦးလျှင်ဒဏ်ငွေ သုံးသိန်းစီပေးဆောင်ရန် အမိန့်ချခဲ့ကြောင်းသိရသည်။ အဆိုပါ တရုတ်နိုင်ငံသားMr.xing xiaojunနှင့်Mr.zhu yongqlangတို့အမှုကို ယနေ့ဖေဖော်ဝါရီ(၅)ရက် မွန်းလွဲ(၃)နာရီတွင် ညောင်ဦးမြို့နယ်တရားရုံးသို့ စွဲတင်ခဲ့ရာ တရားရုံးမှ ရာကြီးအမှတ် (၇၂/၂၀၂၀)ဖြင့် လက်ခံခဲ့ပြီး မြို့နယ်တရားသူကြီးဒေါ်သ ဉ္ဇာမြင့်က စစ်ဆေးခဲ့ရာ အမှုပေါ်ပေါက်ခဲ့သဖြင့် တရားခံတရုတ်နှစ်ဦးအား တစ်ဦးလျှင် ဒဏ်ငွေကျပ်(၃)သိန်းစီဆောင်ရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယင်းအမှုနှင့်ပတ်သက်ပြီး ညောင်ဦးမြို့နယ်တရားရုံးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(ပုဂံဌာနခွဲ)မှ စွဲဆိုထားသော ရှေးဟောင်းအဆောက်အအုံများကာကွယ်ထိန်းသမ်းရေးဥပဒေပုဒ်မ-၂၁ဖြစ်ပြီး ယင်းပုဒ်မအတွက် ပြစ်ဒဏ်သည် ထောင်ဒဏ်သည် ၆လမှ၁နှစ်ထိဖြစ်ပြီး ငွေဒဏ်မှာ အနည်းဆုံး ၃သိန်းမှ ၁၅သိန်းထိ သတ်မှတ်ထားသည်။ “အုတ်ကုန်းပေါ်ကိုတက်တဲ့ ကားနှစ်စီးကိုမောင်းတဲ့ […]

“ဝူဟန်ဟီးရိုး”

“ဝူဟန်ဟီးရိုး” ရောဂါကပ်ကြီးထဲမှာ တစ်ချို့က ရှောင်ပြေးကြသလို တစ်ချို့က အသက်စွန့်ပြီး အများအကျိုးဆောင်ရွက် တဲ့သူတွေလည်း ရှိပါတယ်.. အဲဒီထဲမှာ ဟီဝေကိုတော့ ဝူဟန်မြို့က ဆရာဝန်တွေ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး.. အသက် ၅၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟီဝေဟာ ယာဉ်မောင်းတစ်ဦးဖြစ်ပြီး ဝူဟန်မြို့ထဲကို ဆရာဝန်တွေသွားလာဖို့ စီစဉ်ပေးရသူဖြစ်ပါတယ်… သူဟာ ရောဂါသည်တွေကို အကြိမ်ပေါင်းများစွာ ဆေးရုံကို ပို့ပေးခဲ့သူ၊ ဆရာဝန်တွေကို လူနာတွေဆီပို့ပေးခဲ့သူပါ.. ခုတော့ သူလည်းရောဂါကူးပြီး ဆုံးသွားပါပြီ.. ဝူဟန်မြို့မှာ ကားဆရာဟီဝေ မရှိတော့ပေမယ့် ဝူဟန်သမိုင်းထဲမှာတော့ ရှိနေဦးမှာပါ… ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ယနေ့ ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းအထိ တရုတ်နိုင်ငံတွင် သေဆုံးသူ ၄၉၁ ဦးရှိပြီး ကူးစက်ခံရသူ ၂၄၃၆၃ ဦးရှိကာ သံသယစောင်ကြည့်ထားသူ ၂၃၂၆၀ ဦး […]

Back To Top