Category: ၾကားသိရသမွ်

Boeing လေယာဉ်ကြီး ဘီးချော်ကာ သုံးပိုင်းကွဲထွက်သွားပြီး လူသုံးဦးထက်မနည်း သေဆုံး

ခရီးသည်တင်လေယာဉ်ကြီး တူရကီနိုင်ငံ အစ္စတန်ဘူမြို့ရှိ လေဆိပ်တွင်ဆင်းသက်ရာ ဘီးချော်သွားပြီး သုံးပိုင်းကွဲထွက်သွားကာ လူသုံးဦးထက်မနည်းသေဆုံးသွားသည့်အပြင် လူပေါင်း ၁၇၀ ကျော် ထိခိုက်ဒဏ်ရာရသွားကြောင်း ဖေဖော်ဝါရီလ ၆ ရက် ဘီဘီစီသတင်းက ဆိုသည်။ ခရီးသည်ပေါင်း ၁၇၁ ဦးနှင့် လေယာဉ်ဝန်ထမ်းပေါင်း ခြောက်ဦး တင်ဆောင်လာသည့် Boeing 737 လေယာဉ်ကြီးသည်မိုးနှင့်လေ ပြင်းထန်နေချိန်တွင် ဆင်းသက်ရန်လုပ်စဉ် ထိုအဖြစ်ဆိုးနှင့် ကြုံလိုက်ရခြင်းဖြစ်သည်။ လေယာဉ်သည် ပြေးလမ်းမှချော်ထွက်သွားပြီး နောက်ဆုံးတွင်ပေ ၁၀၀ ကျော်အထိ ပြုတ်ကျသွားကာ အပိုင်းပိုင်း သွင်သွင်ကျိုးထွက်သွားတော့ခြင်းဖြစ်သည်။ လေယာဉ်ပေါ်လိုက်ပါလာသူများတွင် အများစုသည် တူရကီနိုင်ငံသားများဖြစ်ပြီးနိုင်ငံခြားသား ၂၂ ဦးသာ ပါသည်။ တူရကီပြည်တွင်းခရီးစဉ် ပြေးဆွဲသည့် ယင်းလေယာဉ်ကြီးပေါ်တွင် ကလေးအနည်းငယ်လည်း လိုက်ပါလာကြောင်း သိရသည်။ ပြည်မြန်မာ

သင်္ဃန်းကျွန်းတရားရုံးမှာ စွပ်စွဲခံထားရတဲ့ အမှုအတွက် မေသန်းနုအား ယနေ့ ရုံးထုတ်

သရုပ်ဆောင် မေသန်းနုအား တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်မှ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ ဥပဒေပုဒ်မ ၄၂၀ (ဦးတိုက်) ဖြင့် တရားစွဲဆိုထားတဲ့ ရုံးချိန်းကို မေသန်းနုမှ ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က လာရောက်ခဲ့ပါတယ်။ဒီကနေ့ ရုံးချိန်းမှာတော့ တရားလိုဖြစ်သူနဲ့ စွပ်စွဲခံရသူ နှစ်ဦးစလုံး လာရောက်ခဲ့ပြီး နောက်တကြိမ် ရုံးချိန်းမှာတော့ မှုခင်းစီမံခန့်ခွဲမှု အစီအမံအရ အစည်းအဝေး ပြုလုပ်ရန် ချိန်းဆိုခဲ့ကြောင်း သိရပါတယ်။အဆိုပါအမှုမှာတော့ တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်က သရုပ်ဆောင် မေသန်းနုအား နောက်တိုး တရားခံအဖြစ် တရားရုံးကို ဦးတိုက်လျှောက်ထားကာ တရားစွဲဆိုခဲ့တာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင် မေသန်းနုဘက်မှလည်း အဆိုပါအမှုအတွက် လျှောက်ထားချက် တင်သွင်းခဲ့သော်လည်း တဖက်မှ ကန့်ကွက်ထားပြီး နောက်တကြိမ် ရုံးချိန်းများမှာ ပြန်လည် ကြားနာသွားမယ်လို့ သိရပါတယ်။ တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်မှ […]

ရုပ်ရှင်ဇာတ်လမ်းတွေထက် ဝမ်းနည်းစရာကောင်းတဲ့ မြေးအဖိုး နှစ်ယောက်ကို ဆက်သွယ် လှူဒါန်းနိုင်ပြီ

၉လအရွယ် မိဘမရှိတော့တဲ့ မြေးလေးကို အဖိုးဖြစ်သူက ပိုက်ဆံမတက်နိုင်လို့ pep နို့မှုန့် ၁၀၀တန်တွေဖျော်တိုက် နေရတယ်တဲ့.. အမျိုးသားက သူငယ်ချင်းတယောက် တင်ထားတာတွေ့လို့တဲ့ သမီးလေးအတွက် ကုသိုလ်ရအောင် သမီးရဲ့ လက်ဆောင်ရထားတဲ့ ပစ္စည်းတွေ နို့မူန့်ဘူးတွေ သွားလှူကြရအောင်တဲ့လေ… မြေးအဖိုး နှစ်ဦးကို သွားတွေ့တော့ ခလေးလေးကို မြင်မြင်ချင်း စိတ်ထဲမကောင်းလိုက်တာ ဘောင်းဘီသေးစိုထားလို့ ဒီတိုင်းလေးနဲ့ရယ်.. အဘက အစကဓမ္မာရုံမှာနေတယ်တဲ့ ခုနေ့ပဲ ဗဟန်းကခေမာရုံဘုန်းကြီးကျောင်းမှာ နေနေရတယ်တဲ့ ခလေးမိဘအကြောင်းတွေပြောပြရင်း သနားစရာခလေး လေးအတွက် အလှူရှင်များများ ကြားသိနိုင်ပီး တက်နိုင်သလောက်လှူဒါန်းနိုင်ကြပါစေလို့ အဘနာမည်က ဦးမောင်မောင်ဝင်းပါ.. ဖုန်းနံပါတ် 09674478024 ဖြင့် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်… (Saung) “မူလက အလှူရှင်တစ်ဦးတင်ထားသော ပို့စ်” သြော် လူ့တချို့ ဘဝတွေကလဲ ခါးလိုက်တာနော်.. လူ့လောကကို မရောက်လာခင်က အမေဗိုက်ထဲ […]

တရုတ်မှာ ကျန်းမာရေးကြောင့် ရွာထဲပေးဝင်မခံတော့လို့ လမ်းဘေးခြုံနားမှာနေနေရတဲ့ မြန်မာလုပ်သား ဆယ်ဦး

ကိုရိုနာဗိုင်းရပ်(စ်) ကြောင့်တရုတ်ပြည်အနေနဲ့မြို့တစ်ချို့ကိုပိတ်ထားပြီး တစ်မြို့နှင့်တစ်မြို့ ဖြတ်သန်းသွားမရအောင်တားဆီးထားတာဖြစ်တဲ့အတွက် တစ်နယ်နှင့်တစ်နယ်ကူးသန်းလို့မရတဲ့အခြေနေမှာရှိနေတာဖြစ်ပါတယ်။ ယခုအခါ တရုတ်ပြည်မှာ အခန်းငှားနေကြတဲ့ မြန်မာလုပ်သားတစ်ချို့ကို ကျန်းမာရေးကြောင့်နေထိုင်ခွင့်မပြုတော့သဖြင့် မြန်မာလုပ်သားတစ်ချို့ဒုက္ခရောက်နေကြကြောင်းကို လူမှုကွန်ယက်စာမျက်နှာမှာရေးသားဖော်ပြပြီးအကူညီတောင်းခံခဲ့တာဖြစ်ပါတယ်။ အကူညီလေးတောင်းချင်ပါတယ်ဗျာ တရုတ်ပြည်မှာအခန်းငှါးနေရင်းအဲဒီရွာကလူတွေ ကျမ္မားရေးကြောင့်ဆိုပြီးအခန်းမှာနေခွင့်မပြုတော့ပါတခြားနေရာသွားတော့လဲ ရွာတိုင်းရွာတိုင်းမှာလုံခြုံရဲတွေရှိပါတယ် သူတို့ကပေးမဝင်ပါ။ မြန်မာပြည်ပြန်မယ်ဆိုတော့လဲ ကားသမားတွေမပို့ရဲကြပါရဲဆီမှာအဖမ်းခံတော့လဲ လူမရှိတဲ့နေရာတွေမှာပစ်ထားခဲ့ပါတယ်မြန်မာပြည်ကိုပြန်မပို့ပေးပါဘူးအခုကတေားထဲမှာပဲနေ နေ ရပါတယ်အကူညီပေးနိုင်ကူညီပေးကြပါဗျာလူအယောက်ဆယ်ကျော်ပါတယ်

ဝူဟန်ပြန်ကျောင်းသားတစ်ဦးရဲ့ ရင်ထဲကစာနဲ့ ပြည့်သူ့အစိုးရရဲ့ ပြည်သူပေါ်ထားတဲ့ စေတနာ

“Wuhan Virus ? သို့ 2019-nCoV ဖြစ်ပွါးနေသော မြို့မှလွှတ်မြောက်လာသောကျွန်တော့်ဘဝအတွေ့အကြုံ နှင့် ကျေးဇူးတင်ထိုက်သူများ” ကျွန်တော်ရဲ့ဒုတိယhometownလို့တောင်ပြောလို့ရနေတဲ့ Wuhan တရုတ်ပြည်သူ့သမ္မတနိုင်ငံ အလယ်ပိုင်း ဟူးပေပြည်နယ်မြိုတော်တစ်ခု လူဦးရေ၁၁သန်းနီးပါးရှိတဲ့ ကုန်းတွင်းပိတ်မြို့တစ်မြို့ တရုတ်ပြည်မှာမိုးရာသီမရှိပေမယ့်ဝူဟန်ကတော့ အမြဲလိုလို မိုးရွာလေ့ရှိတယ်။တရုတ်ပြည်ရဲ့အဓိကမြစ်ယန်ဇီမြစ်ကြီးစီးဆင်းလျက်ရှိပြီး ပြည်တွင်းပြည်ပ ကုန်ကြောင်း ရေကြောင်း ကုန်စီးဆင်းမှုရှိပြီး စီးပွါးရေးဖွံဖြိုးတိုးတက်တဲ့မြို့တစ်မြို့ သူရဲကောင်းမလေးမူလန်ရဲ့ဇာတိမြေအတွေးအမြင်ဗဟုသုတတွေများစွာရခဲ့တဲ့ကျွန်တော်ချစ်ရတဲ့တက္ကသိုလ်များစွာထဲကတစ်ခုဖြစ်တဲ့CCNUရှိတဲ့Wuhan ၂၀၁၉ ရဲ့ ဒီဇင်ဘာနောက်ဆုံးအပတ် အဲ့လိုသမိုင်းတွင်လှတဲ့Wuhanမြို့ကို ကံကြမ္မာဆိုးကျရောက်လာပါတယ်။ ဒီကြမ္မာဆိုးဟာ ခုဆိုWuhanနှင့်တရုတ်ပြည်တွင်သာမက တစ်ကမ္ဘာလုံးကိုခြိမ်းခြောက်လျက်ရှိပါတယ် အားလုံးသိတဲ့ Wuhan Virus သို့ 2019-nCovပါ Coronavirus ရဲ့ဗဟိုချက်မှာ Wuhanမြို့မှာရှိတဲ့ Hunanပင်လယ်စာ ဈေးမှာရောင်းသော လင်းနို့စွပ်ပြုတ်မှစခဲ့တယ်လို့သိရပါတယ်။နဂိုကတည်းကအစားအသောက်အလွန်ကြီးတဲ့တရုတ်တွေ ခုလင်းနို့စွပ်ပြုတ်ကိုသောက်တယ်ဆိုတာအံ့ဩစရာတော့မရှိဘူးပေါ့။ဘယ်လိုမှမထင်မှတ်ထားတဲ့၂၀၂၀ပြည့်ဇနိနဝါရီလ၂၃ရကနံနက်၁၀နာရီ ထိုရောဂါကြောင့် Wuhanမြို့ကိုlockdownချတဲ့နေ့ပါ။Wuhanရောက်မြန်မာပညာတော်သင်ကျောင်းသားသူတွေစိတ်အတော်ကလေးဂယက်ထမိခဲ့တယ်ဖြစ်ဖြစ်ချင်းဘာလုပ်လို့ဘာကိုင်ရမှန်းမသိခဲ့ဘူး။ ယခင်နေ့တွေကတောင် သွားလာလှုပ်ရှားနေကြတုန်းလှပပြီး လမ်းတွေပေါ်မှာလူတွေစည်းကားနေကြတုန်း ရုတ်တရက်ခြောက်ကပ်တိတ်ဆိတ်သွားတာပါ။ဒါနဲ့ကျွန်တော်တို့မြန်မာကျောင်းသားအဖွဲ့တွေချက်ချင်းWeChat groupမှာတိုင်ပင်ကြပြီး ကျောင်းသားခေါင်းဆောင်တွေကဘယ်လိုလုပ်ကြမလဲပြောပါတယ်။ တစ်ယောက်နဲ့တစ်ယောကါတိုင်ပင်ကြပီး ပေကျင်းရှိမြန်မာသံရုံးကိုစာတင်ဖို့လုပ်ကြပါတယ်။ဒါနဲ့ […]

မြန်မာလူငယ်လုပ်သားတစ်ဦး ထိုင်းထီပထမဆု ဘတ် ( ၆ )သန်းဆု ကံထူး

1-2-2020 ရက်နေ့ထွက်သော ထိုင်းထီ ထိုင်းနိုင်ငံမှာပထမဆု ထိုင်းဘတ် သိန်း(60)ကံထူးသွားတဲ့ ယွန်းနဒီဦးအေဂျင်စီမှ ထိုင်းနိင်ငံသို့ တရားဝင် ပို့ဆောင်ပေးတဲ့ ပဲခူးတိုင်း ဖြူးမြို့နယ်မှ MOU.လုပ်သားလူငယ်လေး တစ်ဦး နှစ်သစ်မှာကံထူးပြီး ထိုင်းထီပေါက်ေ နပေမယ့် ထီလက်မှတ်ပျောက်နေခဲ့သေး တာပါ၊ ထိုင်းထီထွက်ပြီးေ နာက် (2) ရက်အလွန် အလုပ်ပိတ်ရက် အခန်းမှာ အဝတ်လျှော် နေရင်းသူဝယ်ထားတဲ့ ထီလက်မှတ်လေးကိုပြန်တွေ့လို့လိုင်းပေါ်မှာ AAC အဖွဲ့ မှ ကိုရဲမင်း တင်ထားတဲ့ ထီပေါက်စဉ်မှာ ပထမဆု ဘတ်သိန်းခြောက်ဆယ်ထွက်သွားတဲ့ဂဏန်းထိပ်စီးခြောက်လုံးအား တိုက်ကြည့်ပြီး ထီပေါက်တာ သေချာတာနဲ့ AAC ဒါရိုက်တာဦးခိုင်ထံ သူမိတ်ဆွေ အသိကနေတဆင့် လာရောက်ငွေထုတ်ပေးရန် အကူအညီလာတောင်းခဲ့တာပါ၊ AAC အဖွဲ့ မှလည်း တစ်နေ့ထဲ ထိုင်းဘတ်ငွေသိန်း(60)ကို အဆင်ပြေချောမွေ့စွာ ထုတ်ယူပေးပြီးြ မန်မာငွေလဲလှယ်၍ မြန်မာပြည်မိသားစုထံ အရောက်ပို့ပေးကာ […]

အမေရိကန် အကူအညီကိုရယူဖို့ဆုံးဖြတ်လိုက်ရတဲ့ တရုတ်၏ ဝူဟန်ဗိုင်းရပ်စ် အခြေအနေ

တရုတ် အမေရိကန် နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အခြေအတင်ဖြစ်နေကြပါတယ်။တရုတ်က အမေရိကန်တွေကို စွတ်စွဲတယ် ခရီးသွားခွင့် ပိတ်လို့ မင်းတို့လုပ်တာ လူတွေကို အထူးသဖြင့် ပိုကြောက်စေတယ်။တခြားနိုင်ငံတွေပါလိုက်လုပ်လို့ ဝ တို့ စီးပွားပျက်နေပြီ ဆိုပြီး ပြီးတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကိုလှမ်းတိုင်တယ်။အေ မရိကန် တွေ over reaction အပို တွေ လုပ်နေတယ်ပေါ့။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ညွန်ချုပ် တဲဒရိုစ့်က ချက်ချင်း တရုတ်ဘက်လိုက်ပြီး နိုင်ငံတွေခရီးသွားလာခွင့်ပိတ်တာ တွေက evidence based ဖြစ်သင့်ပါတယ် မလိုအပ်ပဲ မပိတ်ပါနဲ့ ပြောတယ်။အမေရိကန် CDC က ချက်ချင်းပြန်ပြောတယ် ငါတို့ ဆုံးဖြတ် တာ science based တဲ့ overreaction မဟုတ်ဖူး ဆိုပြီး တရုတ်တွေကို […]

လှိုင်သာယာနဝဒေးအိမ်ရာတွင် နေထိုင်သော တရုတ်နိုင်ငံသားတစ်ဦးကို ဝူဟန်ဗိုင်းရပ်စ်သံသယလူနာအဖြစ် သတ်မှတ်၍ ဝေဘာဂီပို့ဆောင်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ နဝဒေးအိမ်ရာတွင် နေထိုင်သော တရုတ်နိုင်ငံသားတစ်ဦးကို ဝူဟန်ဗိုင်းရပ်စ်သံသယလူနာ အဖြစ် သတ်မှတ်ပြီး ဆက်လက်စောင့်ကြည့်ရန်အတွက် ဝေဘာဂီဆေးရုံသို့ ပို့ဆောင်သွားမည်ဟု လှိုင်သာယာမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူကပြောဆိုသည်။ “ဟုတ်တယ်။ သံသယရှိတဲ့ လူနာတွေ့ပြီ။ အခု သူတို့ဝေဘာဂီကို လွှဲဖို့လုပ်နေတယ်။ အသက်အရွယ်တွေဘာတွေတော့ ကျွန်တော်တို့လည်း မသိဘူး” ဟု ဦးမြတ်မင်းသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ လှိုင်သာယာမြို့နယ် ဆေးရုံမှ ဆေးရုံအုပ် ဒေါ်သန်းသန်းတင့်ကမူ အဆိုပါ လူနာနှင့် ပတ်သက်၍ မဖြေဆိုလိုကြောင်း ပြောဆိုပြီး ဖုန်းချသွားခဲ့သည်။ ခေတ်သစ်မီဒီယာ

ပြင်သစ်အစိုးရက လေကြောင်းခရီးဖြင့် ပြန်ခေါ်ခဲ့သော်လည်း ဝူဟန်မြို့မှာပဲ ဆက်နေခဲ့တဲ့ ပြင်သစ်ဆရာဝန်

ဒါက ကျွန်တော့်အလုပ်ပဲလေ၊ ကျွန်တော်က ပြင်သစ်မှာထက် ဒီမှာ အများကြီး ပိုအသုံးဝင်ပါလိမ့်မယ်။ ပြင်သစ်အစိုးရက ကမ္ဘာတစ်ဝှမ်း ကူးစက်ပျံ့နှံ့မှုတွေဖြစ်ပွားနေတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် စတင်တွေ့ရှိခဲ့ရာ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ကနေ သူတို့ရဲ့ နိုင်ငံသားတွေကို လေကြောင်းခရီးဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်က ပြင်သစ်မှာထက် ဒီမှာ အများကြီး ပိုအသုံးဝင်ပါလိမ့်မယ် ဒါပေမဲ့ ဝူဟန်မှာပဲ ဆက်နေခဲ့တဲ့ ပြင်သစ်အမျိုးသားတစ်ယောက် ရှိပါတယ်။ သူကတော့ ဆရာဝန်တစ်ယောက်လည်းဖြစ်ပြီး ဝူဟန်မြို့ရှိ International SOS ဆေးရုံရဲ့ အကြီးအကဲပါ။ သူရှိနေတဲ့ ဝူဟန်မြို့ဟာ လူသေဆုံးမှုဖြစ်စေပြီး တစ်ကမ္ဘာလုံးက စိုးရိမ်ထိတ်လန့်နေကြတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်မှုတွေ စတင်တွေ့ရှိခဲ့ရာ အဓိကနေရာဖြစ်ပါတယ်။ ပြင်သစ်ဆရာဝန်ရဲ့ နာမည်က ဖိလစ်ကလိန်း (Philippe Klein) ပါ။ “သူရဲကောင်းလုပ်တာ မဟုတ်ပါဘူး၊ သေချာစဉ်းစားထားတာပါ၊ […]

ဝူဟန်ကပြန်ရောက်လာတဲ့ မြန်မာကျောင်းသူတစ်ဦးရဲ့ ရင်ဘက်နဲ့ ရေးတဲ့စာ

အခြေနေတွေကတော့ အားလုံးသိပြီးကြမှာပါ။ အစကနေ မပြောတော့ပါဘူး။ အခု ခံစားချက်ကိုပြောရရင် ဟိုကိုပြန်မသွားချင်တော့ဘူး။ တက္ကသိုလ်တွေတက်တုန်းက ကျောင်းပိတ်လို့ အိမ်ပြန်ရင် ကျောင်းမပြန်သွားချင်တာမျိုးပေါ့။အစက ဖြစ်ခါစက ချောက်ချားခဲ့တယ်။ တုန်လှုပ်ခဲ့တယ်။ သေမှာကြောက်လို့မဟုတ်ဘူး။ အဲ သေမှာကြောက်လို့ဆိုဦးတော့…….မီဒီယာထက်က စကားလုံးတွေ၊ပို့စ်တွေ(မမှန်ပေမယ့်)က အဖော်မဲ့စေခဲ့တယ်။ နာကျင်စေခဲ့တယ်။ တကယ်တော့ ကိုယ်က ဖေးမမှုကိုမျှော်လင့်ခဲ့တာ။ စာနာမှုကို တောင့်တခဲ့တာ။အံကိုကြိတ် ဖြစ်သမျှအကြောင်းအ‌ကောင်းလို့တွေး၊ အားလုံးဟာကောင်းဖို့ဖြစ်လာတာလို့ခံယူ အားပြန်ထူခဲ့တယ်။နောက်တော့ နောက်ဆုံးတော့ ပြည်သူတွေ၊တာဝန်ရှိလူကြီးတွေက ကိုယ်တွေကို ဆုတောင်းပေးကြတယ်၊ မေတ္တာပို့ပေးကြတယ်၊ ပြန်ခေါ်ဖို့ကြိုးစားကြတယ်။ ပြန်ခေါ်မယ်၊ ပြန်ခေါ်ဖို့စီစဉ်နေတယ်။ အဲသတင်းကြားရုံနဲ့ အားတွေတက်၊ သတ္တိတွေပြန်ရှိ။ ဘယ်လောက်ထိ ကျမတို့တွေ သတ္တိတွေရှိခဲ့ကြလည်း၊ ခွန်းအားတွေရှိခဲ့ကြလည်း……။နိုင်ငံတကာ အလယ်မှာ မြန်မာဆိုတာ ပြလိုက်တာပဲ။ အတူတူရွှေ့ရင် ရွေ့တယ်ဆိုတာပြလိုက်တာပဲ။ ပြည်သူတွေရဲ့ ‌ကြိုဆိုမှု၊အစိုးရရဲ့ နိုင်ငံသား‌တွေအပေါ် တာဝန်ကျေမှုတွေနဲ့ပေါင်းပြီး စုပေါင်းပြီးတွန်းလိုက်တာ ရွေ့သွားတယ်။ အများကြီးရွေ့သွားတယ်။ […]

Back To Top