Category: FUN

Influencer အချို့ရဲ့ ခပ်မိုက်မိုက်ဓာတ်ပုံတွေ နောက်ကွယ်က ပေးဆပ်မှုမြင်ကွင်းများ

instagram/influencersinthewild Twitter, Facebook, Instagram အစရှိတဲ့ ဆိုရှယ်မီဒီယာတွေမှာ Influencer တွေရှိတတ်ကြပါတယ်။ Influencer ဆိုတာကတော့ အတတ်ပညာတစ်ခုခုကို ကျွမ်းကျင်စွာတတ်မြောက်ထားပြီး ထိုတတ်မြောက်ထားတဲ့ ပညာရပ်နဲ့ လူအများစိတ်ဝင်စားမှုရအောင် လုပ်နိုင်တဲ့သူမျိုးတွေ ဖြစ်ပါတယ်။ ဒီလို Influencer တွေဟာ ဓာတ်ပုံရိုက်ပြီး ဆိုရှယ်မီဒီယာပေါ်တင်တဲ့အခါမှာတော့ ဓာတ်ပုံတွေကို ခပ်မိုက်မိုက်ရိုက်ပြီး တင်လေ့ရှိပါတယ်။ ဒီလိုခပ်မိုက်မိုက်ဓာတ်ပုံတွေရိုက်ရင် ဘယ်လိုရိုက်တတ်ကြလဲဆိုတာ Bored Panda သတင်းဌာနက ဖော်ပြထားတဲ့ ဓာတ်ပုံတစ်ချို့ကို ကိုးကားတင်ပြလိုက်ရပါတယ်။ ၁။ ကလေးတွေကို အဲဒီလိုမျိုးဓာတ်ပုံတွေ မရိုက်ခိုင်းပါနဲ့ instagram/influencersinthewild ၂။ ရိုက်ချင်ဦးဟဲ့ ဓာတ်ပုံ instagram/influencersinthewild ၃။ မတော်လို့ လိမ့်ကျနေမှဖြင့် instagram/influencersinthewild ၄။ ကြည့်ချင်ပေမယ့်လည်း မျက်နှာလွှဲနေရတယ် instagram/influencersinthewild ၅။ နံရံကြီးက Instagram သုံးသူတွေထက် ပိုမိုကျော်ကြားနေသောအခါ […]

ပါးစပ်ထဲ ဘာဂျာကြီးဝင်သွားတာ ဆေးရုံအရင်မသွားပဲ TikTok ရိုက်ခဲ့တဲ့ အမျိုးသမီး

TikTok/mollieobrien လူတစ်ချို့ဟာ တစ်ခါတစ်လေကြရင် အရေးမပါတာကို အရေးပါအောင်လုပ်တတ်ကြပါတယ်။ တစ်ချို့ကြတော့လည်း လုပ်သင့်တာကို မစဉ်းစားပဲ မလုပ်သင့်တဲ့ဟာတွေကို လုပ်တတ်ကြပါတယ်။ ဥပမာ- သင့်ပါးစပ်ထဲ ဘာဂျာတစ်လက်ဝင်သွားတယ်ဆိုပါစို့၊ သင်အရင်ဆုံးလုပ်သင့်တာ သွားဆေးခန်း ဒါမှမဟုတ်ဆေးရုံကို တန်းသွားတာ အကောင်းဆုံးပါပဲ။ ဒါပေမယ့် အမျိုးသမီးတစ်ယောက်ကတော့ သူမပါးစပ်ထဲ ဘာဂျာဝင်သွားတာတောင်မှ ဆေးရုံမသွားသေးဘဲ Tiktok တောင်ရိုက်နေသေးပါတယ်။ TikTok/mollieobrien TikTok/mollieobrien Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ Mollie O’Brein ဆိုတဲ့ အထက်တန်းကျောင်းသူဟာ ပါးစပ်ထဲကို ဘာဂျာကြီးတစ်လက်လုံးဝင်သွားတာတောင်မှ ဆေးရုံကိုတန်းမသွားပဲ အိမ်မှာအေးဆေးနေကာ သူမပါးစပ်ထဲ ဘာဂျာဝင်သွားကြောင်း Tiktok ရိုက်ပြီး မှတ်တမ်းတင်နေပါသေးတယ်။ @mollieobriengoing to cheo to get my harmonica removed… #foryou #fyp #foryoupage […]

ရဲစခန်းက ဝရမ်းထုတ်တဲ့ ပုံမှာ မလှလို့ လှတဲ့ပုံနဲ့ ပြန်ပြောင်းခိုင်းခဲ့တဲ့ တရားခံပြေး

[email protected] City Police District မိန်းကလေးတော်တော်များများဟာ တော်တော်အလှကြိုက်တတ်တယ်ဆိုတာတော့ ယုံသွားပါပြီ။ ဘာကြောင့်လဲဆိုတော့ ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ အလိုရှိသူစာရင်းထဲကဓာတ်ပုံဟာ လွန်ခဲ့တဲ့ ၅နှစ်ကပုံဖြစ်နေပြီး ရုပ်ဆိုးတဲ့ အတွက်ကြောင့် ပုံအသစ်နဲ့ ပြန်လဲပေးဖို့ Brislane လို့ အမည်ရတဲ့ တရားခံအမျိုးသမီးတစ်ယောက်က တောင်းဆိုခဲ့ကြောင်း news.com. au သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ [email protected] City Police District နယူးကာဆယ်ရဲတပ်ဖွဲ့(NSW) ကနေပြီးတော့ Facebook မှတစ်ဆင့် အလိုရှိနေတဲ့ လူဆိုးစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစာရင်းထဲမှာ ခိုးမှုနဲ့ ရဲတွေအလိုရှိနေတဲ့ Brislane ပုံလည်းပါရှိခဲ့ပါတယ်။ အဆိုပါဓာတ်ပုံဟာ လွန်ခဲ့တဲ့ ၅နှစ်ကတည်းကဓာတ်ပုံဖြစ်ပြီး အဆိုပါပုံထဲမှာ Brislane ဟာ အနည်းငယ် မသေမသပ်ဖြစ်နေပါတယ်။ ဆံပင်ကလည်း ဆံထုံးပုံစံကြီးဖြစ်နေပြီး ပခုံးနားမှာလည်း တက်တူးတွေနဲ့ […]

ကာတွန်းကားထဲက ခွေးလေးလို အရမ်းချစ်ဖို့ ကောင်းတဲ့ ခွေးကလေး Winnie

[email protected] winnie_thecocker ခွေးကလေးတွေဟာ လူတွေရဲ့ အသည်းနှလုံးကို အဖမ်းစားနိုင်ဆုံး သတ္တဝါလေးတွေဆိုရင်လဲ မမှားပါဘူး။ အထူးသဖြင့် ခွေးသေးသေးလေးတွေပါ။ မွေးကာစမှာတော့ တကယ့်ကို သေးသေးလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။ အခုလဲ ဆိုရှယ်မီဒီယာမှာ လူပြောများနေတဲ့ ခွေးကလေးတစ်ကောင်အကြောင်း ပြောပြချင်ပါတယ်။ [email protected] winnie_thecocker ခွေးကလေးရဲ့နာမည်ကတော့ Winnie လို့ခေါ်ပြီး ပုံစံလေးကတကယ့်ကို ကာတွန်းကားထဲက ခွေးကလေးတွေနဲ့ တောင်တူကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။  Winnie ဟာ တကယ့်ကို ချစ်ရာကောင်းတဲ့ မျက်လုံးဝိုင်းကြီးတွေနဲ့ မျက်တောင်ရှည်ကြီးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးလေးနဲ့တူပါတယ်။ Winnie ရဲ့ ပိုင်ရှင်ကတော့ Ellee နဲ့ Tom တို့ပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ Winnie လေးကို မမွေးဖွားခင် Winnie ဗိုက်ထဲမှာ ရှိကတည်းက […]

နေ့တိုင်း ကိုယ့်ဟာကိုယ် ဘတ်စ်ကားစီးပြီး ပန်းခြံကိုသွားလေ့ရှိတဲ့ ခွေးမလေး Eclipse

Facebook_Eclipse Seattle’s Bus Riding Dog အိမ်မွေးခွေးလေးတွေကို သခင်တွေနဲ့သာ အတူတကွ အမြဲတွေ့ရလေ့ရှိတတ်ကြဆိုပေမယ့် အခုအခါ ထူးထူးခြားခြား တစ်ကောင်တည်း ဘတ်စ်ကားစီးတဲ့ခွေးလေးအကြောင်းပြောပြပေးပါမယ်။ အမေရိကန်နိုင်ငံ၊ Seattle မြို့က Eclipse ဆိုတဲ့ခွေးမလေးတစ်ကောင်ဟာ သခင်မပါဘဲ တစ်ကောင်တည်းနဲ့သူ့ဘာသူ နေ့တိုင်းဆိုသလို ဘတ်စ်ကားစီးပြီး ပန်းခြံကို သွားလေ့ရှိပါတယ်။ Facebook/Eclipse Seattle’s Bus Riding Dog တစ်ကောင်ထည်း အကြောက်အလန့်မရှိသလို၊ အင်မတန်ချစ်စရာကောင်းတဲ့ အပြုအမူကြောင့် အဲ့ဒီမြို့မှာတော့ သူက ပေါ်ပြူလာ GIRL လို့တောင်ဆိုရမှာပါ။ ခွေးလေးဟာ နေ့တိုင်းအိမ်ကနေ သူ့ဘာသူထွက်လာပြီး ပန်းခြံကို ဘတ်စ်ကားစီးသွားတယ်။ ပန်းခြံရောက်တဲ့မှတ်တိုင်မှာ ဆင်းသွားလေ့ရှိပြီး အဲ့ဒီပန်းခြံမှာ အချိန်ကြာ လျှောက်လည်တာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ မိတ်ဆွေလိုက်ဖွဲ့ပြီး အချိန်တန်ရင် သူ့ဘာသူပဲ အိမ်ကို ဘတ်စ်ကားစီးပြန်သွားတတ်တယ်လို့ ဆိုပါတယ်။ […]

သေသွားတဲ့ Grumpy Cat ထက်တောင် ပိုစိတ်တိုဒေါသထွက်နေပုံရတဲ့ ကြောင်လေး

Imgur/ Siro0913 သေသွားတဲ့ Grumpy Cat လေးရဲ့ နေရာမှာ ဘယ်ကြောင်မှ အစားထိုးနိုင်မယ် မထင်ပါဘူး။ ဒါပေမယ့် ခုတွေ့ရမယ့် ကြောင်လေးတစ်ကောင်ကတော့ အင်တာနက်ပေါ်က လူတွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ သူ့နာမည်က မြှောင်မြှောင်ဖြစ်ပါတယ်။ မြှောင်မြှောင်က ထိုင်ဝမ်မှာနေတဲ့ အမွှေးပွကြောင်လေးတစ်ကောင်ပါ။ မြှောင်မြှောင်ရဲ့မျက်နှာပေးကတော့ အရင်တုန်းကရှိခဲ့တဲ့ Grumpy ကြောင်လေးထက်တောင် ပိုပြီးမျက်နှာပေါက် ဆိုးပုံရတာကို boredpanda ကနေတဆင့် တွေ့ရပါတယ်။ Siro0913 မြှောင်မြှောင်ရဲ့ သခင်မ ကလဲကတော့ မြှောင်မြှောင်ကို တိရစ္ဆာန်အရောင်းဆိုင်တစ်ဆိုင်မှာ တွေ့ခဲ့တာပါ။ ကလဲတွေ့တဲ့အချိန်မှာ မြှောင်မြှောင်က (၁၀) လပဲရှိသေးတယ်။ ကြောင်မလေးမှာ အရင်တုန်းက ပိုင်ရှင်တစ်ယောက်ရှိပေမယ့် ကြောင်မလေးကို ဘာကြောင့် စွန့်ပစ်သွားသလဲဆိုတာတော့ မသိရပါဘူး။ Siro0913 ကလဲကတော့ မြှောင်မြှောင်ဟာ မျက်နှာထားဆိုးပေမယ့်လည်း ချစ်စရာအရမ်းကောင်းကြောင်း ပြောပြခဲ့ပါတယ်။ […]

သင် ထင်ထားတာထက်ကို ပိုမိုလွဲချော်နေမယ့် ဟာသဆန်ဆန်ဖြစ်ရပ်များ

reddit/kabdelgaber လူတစ်ချို့ဟာ တစ်ခါတစ်ရံမှာ အမှန်တွေကိုလုပ်နေရင်းနဲ့ အမှားဖြစ်သွားတတ်ကြတယ်။ ဒါပေမယ့် သူတို့ရဲ့ အမှားဆိုတာထက် သူတို့ရဲ့အလွဲလို့ပြောရင် ပိုမှန်မယ်လို့ထင်တယ်။ လွဲမှန်းမသိအောကင်လဲ တစ်ခါတစ်လေကျရင် လွဲနေတတ်ကြပါယါ။ အောက်မှာပါတဲ့ပုံတွေကို တစ်ပုံချင်းကြည့်ကြည့်ပါ။ ၁။ ဒါသက်သက် ရွဲ့တာ © Spyder856 / reddit ၂။ ယောကျ်ားကိုတစ်ခါတစ်လေလေး ဈေးဝယ်ဖို့ခေါ်လာတာ၊ ကိုယ်တော်ချောက ဆိုင်မှာစက်တော်တောင်ခေါ်နေသေးတယ် © insynco / reddit ၃။  ခြေအိတ်တွေကို မိသားစုလိုက်ဝတ်လို့ရအောင် ဒီဇိုင်းတူတာတွေ ဝယ်လာခဲ့တယ်၊ အဝတ်လျှော်စက်ထဲကပြန်ထုတ်တဲ့အချိန် တိုင်ပတ်ရော © hblank1218 / reddit ၄။ တိတ်ခွာတဲ့သူကလဲ တော်လိုက်တာ © chillicheesefrog / reddit ၅။ ယောကျ်ားဖြစ်သူက သူ့မိန်းမ အရင်ဖုန်းမှန်ကျကွဲလို့ ဖုန်းအသစ်ဝယ်ပေးထားတာကို ဓာတ်ပုံရိုက်ပြီး […]

လမ်းခွဲသွားတဲ့ချစ်သူတွေကို အကောင်းဆုံးနည်းလမ်းတွေနဲ့ တုံပြန်ခဲ့သူများ

Reddit/BasedCris ချစ်သူတွေ (ဒါမှမဟုတ်) လင်မယားတွေဆိုတာ တစ်ဦးနဲ့တစ်ဦး အဆင်မပြေရင်လမ်းခွဲတတ်ကြပါတယ်။ ဒါပေမယ့် တစ်ခါတလေကျရင် နှစ်ဦးသဘောတူတာမဟုတ်ပဲနဲ့ တစ်ဖက်သတ် လမ်းခွဲတတ်တာတွေလဲ ရှိတတ်ကြပါတယ်။ ဒီလိုမျိုးအချိန်ဆိုရင် ကျန်ခဲ့တဲ့ တစ်ဖက်လူက ဟတ်ကော့ကြီးဖြစ်ပြီး ရုတ်တရက်ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတွေ ဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် လူတစ်ချို့ကတော့ သူတို့ရဲ့ချစ်သူဟောင်းတွေ၊ အိမ်ထောင်ဖက်ဟောင်းတွေကို ပြတ်သွားပေမယ့်လဲ အကောင်းဆုံးပုံစံတွေနဲ့ မကျေနပ်ချက်တွေကို ထုတ်ဖော်ပြခဲ့ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်တေါအ၇ သိရှိရပါတယ်။ အောက်ကပုံလေးတွေကို တစ်ပုံချင်းကြည့်သွားလိုက်ပါဦး … ၁။ ချစ်သူဟောင်းရဲ့ နှလုံးသားလိုပဲတဲ့၊ ဘယ်လောက်တောင် အေးစက်နေလဲမသိ bregue ၂။ ဟောလိုးဝင်းပွဲတော်ကို ကြောက်စရာအကောင်းဆုံးဝတ်လာပါဆိုလို့ ဇနီးဟောင်းပုံစံနဲ့ တစ်ထေရာတည်း ဝတ်လာတဲ့ အဘိုးအို ketchuppacket ၃။ ချစ်သူများနေ့မှာ ကောင်လေးက သူ့အရင်ကောင်မလေးပုံပို့တာကို ပြန်ပို့လိုက်တဲ့ပုံက BasedCris […]

ချစ်သူကဟိုတယ်လိုရှေ့တင်ချက်ပြုတ်ပြတဲ့ဆိုင်မှာ စားချင်တယ်ဆိုလို့ဉာဏ်သုံးခဲ့တဲ့သူ

အတွဲတိုင်းမှာ Fancy Date ဆိုတာရှိပါတယ်။ Fancy Date ဆိုတာက သူရယ်ကိုယ်ရယ် နှစ်ယောက်တည်း ဆိုင်ကောင်းကောင်းတစ်ဆိုင်မှာ အေးအေးဆေးဆေးသွားစားပြီး ကြည်နူးလေ့ရှိတဲ့ နေ့လေးပါ။ ဒီလိုမျိုးရက်ကျရင် ချစ်သူနှစ်ဦးဟာ ကောင်းကောင်းမွန်မွန်လေးဝတ်စားလာကြပြီး ဆိုင်ကောင်းနှစ်ခုမှာ ညစာကို ကောင်းကောင်းသွားစားတတ်ကြပါတယ်။ အခုလည်း မိန်းကလေးက သူ့ကောင်လေးကို Fancy Date ကျရင် Open kitchen ပါတဲ့ စားသောက်ဆိုင်မှာ စားချင်ကြောင်း ကောင်လေးကို ပြောပါတယ်။ ဒါကိုကောင်လေးက Subway ဆိုင်ကို ခေါ်သွားခဲ့သတဲ့။ [email protected] India Today သတင်းဌာနရဲ့ ဖော်ပြချက်အရ ကောင်မလေးတစ်ယောက်ဟာ သူ့ချစ်သူကောင်လေးနဲ့ Fancy Date မှာ Open Kitchen ပါတဲ့စားသောက်ဆိုင်မှာ စားချင်ကြောင်းပြောတဲ့အခါ ကောင်လေးက Subway ဆိုင်ကိုသာ ခေါ်သွားခဲ့ကြောင်း သိရပါတယ်။ […]

Back To Top