Category: HEALTH & FITNESS

သွားကိုက်တယ်လို့ အထင်မှားစေတတ်တဲ့ တခြားရောဂါလက္ခဏာ (၅) ခု အကြောင်း

Freepik-freepik သွားဖုံးကျင်တာ၊သွားကျင်တာတို့လို သွားကိုက်တာနဲ့ပတ်သက်တဲ့ လက္ခဏာတွေများစွာရှိပါတယ်။ ဒါပေမယ့် သင်သိထားရမှာက သွားနဲ့ဆိုင်တဲ့ ကိစ္စတိုင်းဟာ သွားကိုက်တဲ့ လက္ခဏာမဟုတ်ပါဘူး။ တစ်နည်းပြောရရင် သွားကိုက်တယ်ထင်တဲ့ နာကျင်မှုတွေဟာ တခြားရောဂါလက္ခာကြောင့်ဖြစ်တဲ့ နာကျင်မှုဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အထင်မလွဲမှားစေဖို့ Bright Side ကနေ အခုလိုကိုးကားပြီး ဖော်ပြပေးလိုက်ပါတယ်။ မေးရိုးပြဿနာ သွားနာတယ်လို့ထင်ရတဲ့ နာကျင်မှုဟာ သင့်ရဲ့မေးရိုးပြဿနာကြောင့်ဖြစ်နိုင်ပါတယ်။ မေးအရိုးအဆက်နေရာတွေချို့ယွင်းမှုကြောင့်ဖြစ်တဲ့ နာကျင်မှုကို သွားကနာကျင်မှုကြောင့်လို့ အထင်မှားနိုင်ပါတယ်။ မေးရိုးအဆစ်ချို့ယွင်းမှုကြောင့် ပါးစပ်ဟတဲ့အခါ မေးခိုင်သွားတတ်ပြီး မေးရိုးကြွက်သားတွေလှုပ်တတ်ပါတယ်။ ဒါကို မေးရိုးအဆစ်လွဲတယ်လို့ခေါ်ပါတယ်။ Freepik-freepik နှာခေါင်းနဲ့ဆိုင်တဲ့ပြဿနာ ဒီရောဂါက ချွဲအမြှေးပါးရောင်ခြင်းကြောင့်ဖြစ်ပေါ်နိုင်ပါတယ်။ အဲ့ဒီလိုဖြစ်တဲ့အခါ နှာခေါင်းလမ်းကြောင်းကို နာကျင်စေတာပါ။ နှာခေါင်းလမ်းကြောင်းအောက်ခြေအနီးမှာ သွားရဲ့အမြစ်တွေရှိတာကြောင့် အပေါ်ဖက်အံဆုံးကို သက်ရောက်မှုရှိသွားတာပါ။ ဒီတော့ တကယ်ဖြစ်တဲ့ နှာခေါင်းက နာကျင်မှုကို သွားကိုက်တယ်လို့ ထင်နေတတ်ပါတယ်။ နှလုံးပြဿနာ နှလုံးကနာကျင်မှုကြောင့် တစ်ခါတစ်ရံ […]

သင် အနားယူ အိပ်စက်မယ့် အိပ်ယာနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ အချက်များ……

Twitter/RoisinIngle သင့်ရဲ့ချစ်သူက သင့်ကိုသူ့ရဲ့အိပ်ယာပေါ်မှာ မထိုင်ခိုင်းဘူးဆိုရင် စိတ်မဆိုးပါနဲ့နော်။ ဘာလို့ဆို အပြင်ကလာတဲ့ သင့်ကိုယ်မှာ သင်မမြင်နိုင်တဲ့ ရောဂါပိုးတွေ ရှိနေနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်အိပ်ယာပေါ်ကို တက်မယ့်သူဟာ သန့်ရှင်းမှုမရှိဘူးထင်ရင် မထိခိုင်းနဲ့ဆိုတာကို Bright Side ကနေဖော်ပြထားပါတယ်။ ဘာလို့အိပ်ယာကိုမထိခိုင်းရတာလဲဆိုတာကို အကြောင်းစုံသိသွားမယ်ဆိုရင် သင် နောက်ပိုင်းကျမှ ကျေးဇူးတင်လာပါလိမ့်မယ်။ ဘာကြောင့် အိပ်ယာကို မထိခိုင်းရတာလဲဆိုတာကတော့ ….. Twitter/Nogada ဘတ်တီးရီးယားပိုးမွှားတွေဟာ ခန္ဓာကိုယ်ပေါ်မှာ ကော်နဲ့ကပ်ထားသလိုရှိနေ…… ဘတ်တီးရီးယားပိုးမွှားတွေဟာ သင့်ရဲ့အဝတ်အစားပေါ်မှာ ရက်သတ္တပတ်အနည်းငယ် သို့မဟုတ် လပေါင်း အတော်ကြာနေထိုင်နိုင်တယ်လို့ နယူးယော့ခ်တက္ကသိုလ် အဏုဇီဝဗေဒနဲ့ရောဂါပြီးပညာဌာနမှဒါရိုက်တာ Philip Tierno ရဲ့ပြောကြားချက်အရသိရပါတယ်။ အသစ်စက်စက်အဝတ်အစားမှာတောင် ပိုးမွှားများနဲ့ညစ်ညမ်းနေတတ်ပါ  တယ်။ ဒါ့ကြောင့် (၁၂)နာရီကြာဝတ်ထားတဲ့အဝတ်အစားကို အိပ်ယာပေါ်ကို မတက်ခင် လဲလှယ်ဝတ်ဆင်သင့် ပါတယ်။ အဝတ်မလဲပဲ အိပ်ယာပေါ်တက်မယ်ဆိုရင် […]

ဆေးလိပ်ဖြတ်ဖို့ အားလျော့နေတဲ့ ဆေးလိပ်သမားတွေအတွက် အားတက်ဖွယ် လေ့လာချက်သစ်

pexels/Basil MK လေ့လာချက်သစ်အရ စီးကရက်ကို စောစောစီးစီး ဖြတ်ပစ်နိုင်လေ အဆုတ်ကင်ဆာရောဂါ ဖြစ်နိုင်ခြေ လျော့နည်းလေလေ ဖြစ်ကြောင်း nypost အရ သိရပါတယ်။ အချို့လူတွေက သူတို့ဟာ ဆေးလိပ်သောက်လာတာ ကြာနေပြီ၊ သူတို့ အဆုတ်ဟာ ကုစားလု့ိမရအောင် ပျက်စီးနေပြီ၊ ဒီအချိန်မှ ဆေးလိပ်ဖြတ်တော့လည်း ဘာမှအကျိုးမထူးဘူး ထင်တတ်ကြပါတယ်။ ဒါပေမယ့် ဒီအချက်ဟာ နားလည်မှုလွဲမှားနေတယ်လို့ ၎င်းလေ့လာချက်က ဆိုပါတယ်။ pexels/Rahul Wellcome Sanger တက္ကသိုလ်ကတော့ ဆေးလိပ်သမားတွေဟာ သူတို့ရဲ့ဆေးလိပ်စွဲတဲ့အကျင့်ဆိုးကို ဖြတ်ပစ်ဖို့သာ အခရာကျတယ်လို့ ပြောလိုက်ပါတယ်။ ဆေးလိပ်ဖြတ်လိုက်တာနဲ့ တစ်ပြိုင်နက် အဆုတ်ထဲက ဆဲလ်တွေဟာ လေကြောင်းလမ်းတစ်လျှောက် အတွင်းသားတွေကို အလိုအလျောက် ပြုပြင်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ပြုပြင်ပေးသွားတဲ့အခါ အသစ်ဖြစ်ပေါ်လာတဲ့ဆဲလ်တွေဟာ အဆုတ်ကင်ဆာလို ကင်ဆာရောဂါဆိုး မဖြစ်ပေါ်အောင် […]

လက်ရှိရေပန်းစားနေတဲ့ ကူးစက်ရောဂါကို အတတ်နိုင်ဆုံး ဘယ်လိုကာကွယ်ကြမလဲ ….

Shutterstock-Robert Wei တရုတ်နိုင်ငံ၊ Wuhan မှာစတင်ဖြစ်ပွားခဲ့တဲ့ Corona Virus ကြောင့် ကျွန်တော်တို့အနေနဲ့ တော်တော်လေးကို စိုးရိမ်နေကြတဲ့အနေအထားတစ်ခုမှာရှိနေပါတယ်။ ဒီကူးစက်ရောဂါဟာ လူ၊လူချင်း လေထဲမှတစ်ဆင့် ကူးစက်တတ်တဲ့ အမျိုးအစားဖြစ်နေပြီး ကိုယ်ခံအားကျဆင်းစေကာ ရက်ရှည်အပြင်းဖျားမယ်၊ အဓိက အဆုတ်ယောင်စေတဲ့အတွက် အသက်ရှူမဝဘူး အသက်ရှူကြပ်မယ်၊ ဒီအပြင် ကျောက်ကပ်ပါ ပျက်ဆီးစေနိုင်တယ်ဆိုပြီး သုတေသီတော်တော်များများရဲ့ ထုတ်ပြန်ချက်အရ သိထားရပါတယ်။ ဒါဆို Corona Virus လိုမျိုး ကူးစက်ရောဂါတွေ၊ တုတ်ကွေးရောဂါတွေကနေ ဘယ်လိုမျိုး အတတ်နိုင်ဆုံး ကာကွယ်ကြမလဲဆိုတာလေးကို ဝေမျှပေးလိုက်ချင်ပါတယ်။ ပုံမှန်အားဖြင့်တော့ တုတ်ကွေးရာသီရောက်ပြီဆိုရင် တုတ်ကွေးကာကွယ်ဆေးတွေထိုးပြီး ကာကွယ်လို့ရနေပေမယ့် Corona Virus အတွက်ကတော့ ကာကွယ်ဆေးဆိုတာ မရှိသေးပါဘူး။ ဒါကြောင့် ဒီအချက်လေးတွေကိုပဲ လိုက်နာပြီး ကာကွယ်ဖို့ပဲ ရှိပါတော့တယ်။ (၁) လက်ဆေးပါ လက်ဆေးခြင်းကတော့ […]

ဝူဟန်ှဗိုင်းရပ်စ် တုတ်ကွေးနဲ့ ရိုးရိုးအအေးမိခြင်းတို့အကြား ကွဲခြားမှုလက္ခဏာတွေ

Freepik/Pexels အသက်ရှုလမ်းကြောင်းပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ဖြစ်ပေါ်တဲ့ ဝူဟန်ဗိုင်းရပ်စ်၊ တုတ်ကွေးနဲ့ ရိုးရိုးအအေးမိတာတွေကြား ရောဂါလက္ခဏာတွေဟာ အများစုတူညီသလိုရှိပေမယ့် ဘာတွေကွဲပြားခြားနားသွားတယ် ဆိုတာကို စာဖတ်သူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။ ရိုးရိုးအအေးမိတာ သင့်နှာခေါင်းနဲ့လည်ချောင်းမှာ ဗိုင်းရပ်စ်ကူးစက်တဲ့အခါ ရိုးရိုးအအေးမိဖျားနာတာ ဖြစ်ပေါ်တတ်ပါတယ်။ ဒါပေမယ့် ရိုးရိုးအအေးမိတာလောက်ကတော့ အသက်အန္တရာယ်စိုးရိမ်ရမယ့် အခြေအနေမဟုတ်ပါဘူး။ ရိုးရိုးအအေးမိတဲ့အခါ နှာစေးတာ၊ လည်ချောင်းနာတာ၊ ချောင်းဆိုးတာ၊ ကိုယ်လက်ကိုက်ခဲတာနဲ့ ခေါင်းကိုက်တာ၊ နှာချေတာနဲ့ အနည်းငယ်ဖျားနာတာတွေဖြစ်ပေါ်တတ်ပါတယ်။  နှစ်ရက်သုံးရက်ကြာပြီးနောက်မှာ ချွဲထလာပြီး အရောင်က အဝါသို့မဟုတ်အစိမ်းရောင်ဖြစ်တတ်ပြီး၊ ရိုးရိုးအအေးမိခြင်းဟာ များသောအားဖြင့် ငါးရက်ကနေ(၇)ရက်အတွင်း ကုသနိုင်ပါတယ်။ Freepik/FMT တုတ်ကွေး တုတ်ကွေးရောဂါက ရုတ်တရက်ဖြစ်ပေါ်ပြီး ၊ အအေးမိတာနဲ့ကွာခြားမှုရှိပါတယ်။ သူက အသက်သေနိုင်သည်အထိ စိုးရိမ်ရပါတယ်။ တုတ်ကွေးရဲ့လက္ခဏာတစ်ချို့က အပူချိန်40°C အထိ ကိုယ်ပူချိန်မြင့်တက်တာ၊ ချမ်းတာ၊ ချောင်းဆိုးတာ၊ မောပန်းတာ၊ လည်ချောင်းနာတာ၊ ပျို့တက်တာ၊ အော့အန်တာ၊ […]

မနက်တိုင်း လီမွန်သီးရေနွေးစိမ်ရည်သောက်ခြင်းက သွားကို ပျက်စီးစေကြောင်း သိရ

pexels/Olenka Sergienko လန်ဒန်က ထိပ်တန်းသွားဆရာဝန်တစ်ယောက်ဟာ ရေရှည်မှာ သွားကို ပျက်စီးစေတဲ့ အပြုအမူတွေအကြောင်း ဖော်ပြခဲ့ပါတယ်။ တစ်ခါတစ်လေမှာ လူတွေဟာ မထင်မှတ်ပဲ မိမိသွားကို ပျက်စီးစေတဲ့ အလေ့အကျင့်တွေကို လုပ်တတ်ပါတယ်။ ဥပမာဆိုရင် ကျန်းမာရေးနဲ့ပတ်သက်လို့ အထူးအလေးထားတဲ့ ဆယ်လီတွေဖြစ်တဲ့ ဗစ်တိုးရီယားဘက်ခမ်းနဲ့ ဂွင်းနစ်သ်ပက်ထရိုးတို့ကို အားကျပြီး သူတို့ကို အတုယူကာ လိုက်လုပ်တာမျိုးပါ။ အဆီကျချင်လို့ဆိုပြီး မနက်တိုင်း ရေနွေးပူပူထဲကို လီမွန်သီးညှစ်ထည့်သောက်တာဟာ သွားတွေအတွက် ရေရှည်မှာ အဆင်မပြေပါဘူး။ ဒီလိုအပြုအမူဟာ သက်လတ်ပိုင်းအမျိုးသမီးအရွယ်တွေ ကြုံတွေ့ရတတ်တဲ့ သွားရောဂါနဲ့ သွားကြွေလွှာပျက်စီးမှုတွေထဲ အတွေ့ရအများဆုံး အပြုအမူလို့ လန်ဒန် Advanced Dental Practice က ဆရာဝန်တစ်ဦးက ဆိုပါတယ်။ pexels/Julia Zolotova “ကျွန်တော်တို့ အခု အများဆုံးကုနေရတာက စစ်ထရစ်အက်ဆစ်ကြောင့် သွားပျက်စီးလို့လာကုတဲ့ အသက် […]

Face Mask တပ်ထားရုံနဲ့ ဗိုင်းရပ်စ်ကူးစက်မှုကို တကယ်ပဲ တားဆီးနိုင်လား

Freepik/depositphotos လတ်တလော ပြန့်ပွားနေတဲ့ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတော်တော်များများကို face mask တွေနဲ့တွေ့မြင်နေရပါတယ်။ တကယ်တမ်း မေးစရာရှိတာက ဒီmaskတွေတပ်ထားရုံနဲဲ့ ရောဂါကူးစက်မှုကို တကယ်ပဲတားဆီးနိုင်သလားဆိုတာပါ။ တရုတ်နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းနိုင်ငံတော်တော်များများမှာ လေထုညစ်ညမ်းမှုကိုကာကွယ်ဖို့နဲ့ အခုလတ်တလောမှာ ကိုရိုနာဗိုင်းရပ်ကူးစက်မှုကို ကာကွယ်ဖို့ maskတပ်တာဟာ အတော်လေးကို ရေပန်းစားနေတာဖြစ်ပါတယ်။ ဒါပေမယ့် ရောဂါပိုမွှားဗေဒပညာရှင်တွေကတော့ လေထုထဲက ဗိုင်းရပ်စ်တွေကို ကာကွယ်ဖို့ mask တွေရဲ့ထိရောက်မှုနဲ့ပတ်သက်ပြီးတော့ သံသယရှိနေကြပါတယ်။ [embedded content] ဘာကြောင့်လဲဆိုရင် အများပြည်သူကြား ပုံမှန်အသုံးပြုနေတဲ့ maskတွေဟာ မျက်နှာနဲ့ကွက်တိမဖြစ်ဘဲချောင်နေတာ၊ လေစစ်စက်မပါရှိတာနဲ့ မျက်လုံးကိုမကာကွယ်နိုင်တာတွေကြောင့် ပြင်ပလေထဲက ဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်ပိုးတွေကို ထိထိရောက်ရောက်ကာကွယ်နိုင်ခြင်းမရှိဘူးလို့ လန်ဒန်တက္ကသိုလ်မှ ဒေါက်တာ David Carrington က BBC သတင်းဌာနကိုပြောပါတယ်။ ဒါပေမယ့်လည်း ချောင်းဆိုးခြင်း၊နှာချေခြင်းကနေတစ်ဆင့်ဗိုင်းရပ်စ်ကူးစက်မှုနဲ့ လက်ကနေပါးစပ်ရောဂါကူးစက်ခြင်းကိုတော့ အနည်းငယ်သာ ကာကွယ်ပေးနိုင်ပါတယ်။ ဆေးရုံတွင်းသုံးတဲ့ face […]

ခွဲစိတ်ခန်းသုံး မျက်နှာဖုံး နဲ့ N95 အသက်ရှူကိရိယာပါ မျက်နှာဖုံးရဲ့ ခြားနားချက်များ

Twitter/MashSEA သင်နေထိုင်တဲ့နေရာမှာရှိတဲ့ လေအရည်အသွေးဟာ ပိုမိုဆိုးဝါးလာခဲ့မယ်ဆိုရင် သင်ဟာ ဘယ်လိုမျက်နှာဖုံးမျိုးတွေ ကို တပ်ဆင်သင့်တယ်ဆိုတာကို စဉ်းစားဖူးပါသလား။ တောမီးလောင်တဲ့သြစတြေးလျ၊ မီးတောင်ပေါက်ကွဲမှုတွေဖြစ်နေတဲ့ဖိလစ်ပိုင်နဲ့ အရှေ့တောင်အာရှနိုင်ငံအများစုမှာ  နှစ်စဉ်ဖြစ်ပွားနေတဲ့ မီးခိုးမြူမှုန်တွေရဲ့အန္တရာယ်တွေမှ ကာကွယ်ဖို့အတွက် မျက်နှာဖုံးတွေ တပ်ဆင်လေ့ရှိပါတယ်။ လက်ရှိမှာလိုမျိုး တရုတ်ပြည်မှာ ဖြစ်ပွားနေတဲ့ ဝူဟန်ဗိုင်းရပ်စ် အန္တရာယ်ကို ကြုံတွေ့နေချင်မှာတော့ မျက်နှာဖုံးတွေကို အသုံးပြုဖို့ ပိုမို လိုအပ်ပါတယ်။ [embedded content] ခွဲစိတ်ခန်းသုံးမျက်နှာဖုံးဆိုတာ …… ပုံမှန်အားဖြင့် တစ်ခါသုံးခွဲစိပ်ကုသတဲ့မျက်နှာဖုံးတွေမှာ အလွှာ(၃)လွှာပါရှိပါတယ်။ ခွဲစိပ်ကုတဲ့အချိန်မှာတပ်ဆင်တဲ့မျက်နှာဖုံးတွေဟာ ခွဲစိပ်လူနာဆီကထွက်တဲ့အရည်နဲ့သွေးတွေဖိတ်စင်မှုကို ကာကွယ်ဖို့  အတွက်တပ်ဆင်ထားတဲ့ ရုပ်ပိုင်းဆိုင်ရာတားဆီးမှုတစ်ခုဖြစ်ပါတယ်။ဒါ့အပြင် တစ်ပါးသူရဲ့ပါးစပ်နဲ့တံတွေးတွေမှာရှိတဲ့ ဗက်တီးရီးယားပိုးမွှားများ သို့မဟုတ် ဗိုင်းရပ်စ်ပိုးတွေရဲ့အန္တရာယ်မှ ကာကွယ်ပေးနိုင်ဖို့ တပ်ဆင်ရတာဖြစ်ပါတယ်။ Freepik/ARP ဒီခွဲစိပ်ကုသတဲ့မျက်နှာဖုံးတွေကို ပါးစပ်နဲ့နှာခေါင်းအတွင်းရှိညစ်ညမ်းနေတဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို  ကာကွယ်ပေးတဲ့အတားအဆီးတစ်ခုအဖြစ်အသုံးပြုနိုင်တယ်လို့ အမေရိကန်အလုပ်အကိုင်နဲ့ကျန်းမာရေးလုံခြုံမှုစီမံခန့် ခွဲမှု OSHA အဖွဲ့ရဲ့ဖော်ပြချက်အရသိရပါတယ်။ ဒါပေမယ့် အဆိုပါမျက်နှာဖုံးတွေကို ဈေးသက်သက်သာသာနဲ့ရွေးချယ်နိုင်ပေမယ့် […]

ကားမူးရတဲ့ အကြောင်းရင်းနဲ့ ကားမူးပြေစေဖို့ လုပ်သင့်တဲ့အရာများ

shutterstock/Estrada Anton ကားမူးတာဟာ တော်တော်ကြီးကို စိတ်မသက်မသာဖြစ်စေတဲ့ ခံစားမှုပါ။ တစ်ချို့ဆိုရင် ကားမူးတဲ့ဒဏ်ကို မခံနိုင်တဲ့အတွက် ခရီးစဉ်တစ်ခုလုံး မပျော်ရွှင်လိုက်ရပဲ ပြီးဆုံးသွားရတာမျိုးတောင် ရှိပါတယ်။ အခုအခါမှာတော့ brightside ကနေ တွေ့ရတဲ့ ကားမူးတာနဲ့ ပတ်သက်ပြီး သိထား နားလည်ထားသင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ လူတိုင်းလိုလိုဟာ နေ့စဉ်ဘဝမှာ ကားနဲ့ခရီးသွားလာကြတာ များပါတယ်။ ဒါကြောင့် ကားမူးတာဟာ တကယ့်ပြဿနာကြီးတစ်ရပ်ပါပဲ။ ကားမူးတာဟာ အာရုံကြောတွေထဲမှာ ဟန်ချက်မညီမျှတော့တာဖြစ်ပါတယ်။ ကားမူးတဲ့အခါ စိတ်လက်မအီမသာဖြစ်တာ၊ အန်တာ၊ အသားအရည်ဖျော့တော့တာ၊ ချွေးထွက်တာ၊ အစာအိမ်သက်တောင့်သက်တာ မရှိတာနဲ့ လေတက်တာတွေ ဖြစ်ပွားနိုင်ပါတယ်။ shutterstock/Daniel Jedzura ဘယ်သူမဆို ကားမူးတာကို ခံစားကြုံတွေ့နိုင်ရပေမယ့် ခေါင်းတစ်ခြမ်းကိုက်တဲ့သူတွေမှာတော့ ဒီဝေဒနာက ပိုဆိုးနိုင်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာတစ်ခုက အသက် (၂) နှစ်အောက် ကလေးငယ်တွေဟာ […]

ဂဏန်းတွေကို သေချာရွေးချယ်စားသင့်ကြောင်း ကျွမ်းကျင်သူတွေပြော…..

Freepik/Ciabita မိသားစုညစာစားပွဲအတွက်ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေစုပြီး ထမင်းဟင်းချက်စားဖို့အတွက်ပဲဖြစ်ဖြစ် လိုအပ်တဲ့ ဟင်းခတ်ပစ္စည်းတွေ၊ ဟင်းချက်စရာတွေကိုဝယ်တဲ့နေရာမှာ အလျင်အမြန်မဝယ်ပဲ သတိထားပြီးဝယ်သင့်ပါတယ်။ ဘာလို့ဆို ဘယ်ပစ္စည်းပဲဖြစ်ဖြစ် အလျင်အမြန်ဝယ်ရင် အမှားပါနိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ ဒီနေရာမှာပြောပြချင်တာကတော့ အလျင်အမြန်ဝယ်ပြီး ချက်စားလို့မသင့်တဲ့ထဲမှာ ပင်လယ်စာတွေလည်း ပါတယ်ဆိုတာကိုပြောပြချင်လို့ပဲဖြစ်ပါတယ်။ အရသာရှိတဲ့ပင်လယ်စာတွေမှာလည်း စားသုံးဖို့မသင့်တဲ့ အရာတွေရှိ ပါတယ်။ ဘာလို့ဆိုအဆိပ်ရှိလို့ပဲဖြစ်ပါတယ်။ အထူးသတိထားပြီး ဝယ်ယူစားသောက်သင့်တဲ့ပင်လယ်စာကတော့ ဂဏန်းပဲဖြစ်ပါတယ်။ တစ်ချို့ဂဏန်းတွေဟာ လူတွေစားသုံးလို့မသင့်တဲ့ အဆိပ်ပြင်းတဲ့ဂဏန်းတွေ ဖြစ်နေလို့ပဲဖြစ်ပါတယ်။ ဂဏန်းဆိုလို့ ဂဏန်းတိုင်းတော့ မဆိုလိုပါဘူး။ Freepik/Flickr ဒီလိုအဆိပ်ပြင်းတဲ့ဂဏန်းကိုမှားယွင်းပြီးဝယ်မိလို့ သေဘေးကနေ သီသီလေးလွတ်သွားခဲ့တဲ့ ထိုင်ဝမ်အမျိုးသား တစ်ဦးရဲ့အဖြစ်ကတော့ လူတိုင်းသတိထားမိစရာဖြစ်သွားခဲ့ပါတယ်။ အဆိုပါအမျိုးသားဟာ မိသားစုညစာစားပွဲ အတွက် လိုအပ်တဲ့ပစ္စည်းတွေကိုဝယ်ဖို့ဈေးကိုလာရင်း ငါးဈေးတန်းထဲက ဂဏန်း(၂)ကောင်ကိုဝယ်ပြီး အိမ်ပြန်လာခဲ့ ပါတယ်။ဒါပေမယ့် သူဝယ်လာတဲ့ဂဏန်းတွေနဲ့ပုံမှန်ဂဏန်းတွေနဲ့မတူ ထူးခြားတဲ့ ပုံစံရှိတာကြောင့် ပင်လယ်စာထောက်ပံ့ရေးလုပ်ငန်းမှာ အလုပ်လုပ်ကိုင်လျက်ရှိတဲ့ သူငယ်ချင်းဖြစ်သူတွေ မေးမြန်းမှုတွေလုပ်ခဲ့ပါတယ်။ […]

Back To Top