Category: Life Style

စိတ်ရင်းစေတနာကောင်းပြီး ပွင့်လင်းဖြူစင်တဲ့ ကြာသပတေးသားသမီးတွေအကြောင်း

ကြာသပတေး သားသမီးများသည် စိတ်ရင်းစေတနာကောင်းပြီး ပွင့်လင်းဖြူစင်သောစိတ်ရှိသည်။လူတိုင်းကိုခင်မင်တတ်သည်။ အကူအညီတောင်းခဲလျှင်လည်း မည်သူ့ကိုမဆို အကူအညီပေးရန်အသင့်ရှိနေတတ်သူဖြစ်သည်။လူအများနှင့် စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နေချင်စိတ်ရှိသူဖြစ်မည်။ မိသားစုဆွေမျိုးသားချင်းများအပေါ် အလွန်သံယောဇဉ်ကြီးတတ်များဖြစ်ကြသည်။တည်တည်ကြည်ကြည်နေတတ်ပြီး စိတ်သဘောထားကောင်းမည်။ဖြစ်လေရာဘဝ၊ ရောက်ရာအခြေအနေတွင် ပျော်သလိုနေတတ်မည်။စိတ်ဓာတ်ထက်မြက်ပြီး မတရားမှုကိုဆန်ကျင့်သူများဖြစ်သည်။ စိမ်းစိုနေတဲ့ နေရာတွေကို နှစ်သက်တတ်ကြတယ်။လုပ်ရည်ကိုင်ရည်ရှိတယ်၊ အဖွဲ့အစည်းနဲ့အလုပ်လုပ်တဲ့အခါမှာ ခေါင်းဆောင်ပိုင်းကိုမှ နေရာယူတတ်ကြတယ်။ ပြောစရာရှိလျှင်ဗြောင်ပြောလွန်းသောကြောင့် လူများစုကတခါတလေ အမြင်ကပ်ကြသည်။သင်သည်ခံစားချက်များကိုရင်ဖွင့်တတ်သော်လည်း လုပ်ရမည့်အလုပ်နှင့်ပတ်သက်လာလျှင်အလွန်လျို့ဝှက်တတ်မည်။သင်ဘာလုပ်မည်ဆိုတာကိုမည်သူမျှ မသိနိုင်ပါ။ အလုပ်ကို အပင်ပန်းခံလုပ်နိုင်မည်၊ ကြိုးစားသည်။ ကြိုးစားသလောက် အရာမထင်ဖြစ်တတ်သည့် ကံမျိုးကြုံရတတ်ပါသည်။ လူအများက ပေါ့သည်ပျင်းသည်ဟု ထင်နေကြသည်။အလုပ်ကို ပြတ်ပြတ်သားသားမလုပ်ခြင်းကြောင့်လည်း ဒုက္ခကြုံရတတ်ပါသည်။ ဒုက္ခကြုံလျှင်ဖြစ်စေ၊ပျော်စရာကြုံသည်ဖြစ်စေ ကံကိုပုံချတတ်သောစိတ်မျိုးရှိသည်။ မနက်ဖြန်အတွက်ကိုတွေးပူနေတက်သူမဟုတ်ပါ။ လက်ထဲငွေရောက်လျှင်လည်း ဘာမှမည်မည်ရရမဟုတ်ဘဲ ကုန်နေတတ်မည်၊လက်ထဲငွေအနည်းငယ်ရှိနေလျှင် အလုပ်လုပ်ချင်စိတ်ရှိမည် မဟုတ်ပါ။ ငွေထက်ပစ္စည်းကိုပိုစုဆောင်းတတ်မည်။ စကားပြောရာတွင် နူးညံ့သိမ်မွေ့မည်။ကြည့်လိုက်လျှင် မပြောတတ်သလိုနဲ့ တကယ်တမ်းပြောလျှင် အကွက်ကျကျ ပြောတတ်ဆိုတတ်ကြသည်။စိတ်ဆိုးစိတ်ကောက်လွယ်တယ်။ နောက်ပြောင်ကျီစယ်လိုစိတ်အပြည့်အဝ ရှိကြတယ်။ သစ္စာတရားကို […]

မျက်နှာအသားအရည်လေးတင်းရင်းလှပစေဖို့အတွက် သဘာဝအတိုင်းမျက်နှာပေါင်းတင်နည်း ၃ မျိုး

[Zawgyi] လေထုညစ်ညမ်းမှု၊ ဖုန်မှုန့်အညစ်အကြေးတွေနဲ့ စိတ်ဖိစီးမှုတွေက အသားအရည်တင်းရင်းမှုမရှိဘဲ လျော့တိလျော့ရဲဖြစ်စေပါတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်နေတဲ့ပုံပေါက်ခြင်းက မိန်းကလေးတိုင်းရဲ့ အိပ်မက်ဆိုးပါပဲ။ ဒါဆိုရင် အဲ့ဒီအိပ်မက်ဆိုးထဲက ဘယ်လိုရုန်းထွက်ပြီးတော့ ဘယ်လိုကြိုတင်ကာကွယ်မလဲဆိုတာကို ဆက်လက်ဖတ်ကြည့်ရအောင်နော်။ ၁။ ကြက်ဥအကာနဲ့ ပေါင်းတင်မယ် ကြက်ဥတစ်လုံးကို ယူပြီး အနှစ်နဲ့ အကာကိုခွဲလိုက်ပါ။ ပြီးတဲ့အခါ ကြက်ဥအကာကို မျက်နှာပေါ် အသာအယာသုတ်လိမ်းလိုက်ပါ။ မိနစ် ၂၀ ခန့်ကြာပြီး ခြောက်သွားတဲ့အခါ ကြက်သီးနွေး ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ ကြက်ဥအကာက သဘာဝအတိုင်းအသားအရည်လေးတင်းရင်းပြီး တောက်ပြောင်သွားအောင် ပြုလုပ်နိုင်စွမ်းရှိပါတယ်။ ပြီးတော့ ပြုလုပ်ရတာလည်း လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးပါပဲ။ ၂။ သကြား၊ ဒိန်ချဉ်နဲ့ပေါင်းတင်မယ် Photo source: peaceloveshea.com ပန်းကန်လုံးတစ်ခုထဲကို ကြက်ဥအကာ၊ သကြား၊ ဒိန်ချဉ်တို့ ထည့်ပြီး သမအောင် ရောမွှေလိုက်ပါ။ ပြီးရင် […]

သင့်ရည်းစားဟောင်းက သင့်ဆီကို ပြန်လာချင်နေတယ်ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာများ

တစ်ခါတစ်ရံမှာ ချစ်သူစုံတွဲတွေ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလွဲပြီး အတူတူဆက်လက်တွဲဖို့ ဘယ်လိုမှ အဆင်မပြေတော့တဲ့အခါ လမ်းခွဲလိုက်ရတာမျိုးတွေ ရှိပါတယ်။ ချစ်ရက်နဲ့ လမ်းခွဲလိုက်တာပဲဖြစ်စေ မချစ်တော့လို့ လမ်းခွဲလိုက်တာပဲဖြစ်စေ လမ်းခွဲပြီးတဲ့နောက်မှာတော့ အနည်းနဲ့အများ အသည်းကွဲဝေဒနာကို ခံစားကြရမှာပါ။ သင်တို့နှစ်ယောက်လမ်းခွဲပြီးတဲ့ နောက်မှာ သင့်ရည်းစားဟောင်းက စိတ်မပြတ်နိုင်သေးလို့ သင့်ဆီ ပြန်လာချင်နေသေးတာကို သင်ဘယ်လိုသိနိုင်မလဲ။ ၁။ သင်မရှိတဲ့နောက်မှာ ဘာမှ အဆင်မပြေဘူး Photo Source: motivational-tips.com သင်တို့ ပြဿနာတွေဖြစ်လို့ လမ်းခွဲပြီးတဲ့နောက်မှာ သူ့အလုပ်အကိုင်၊ သူ့တစ်နေ့တာ ဖြတ်သန်းမှုက ဘယ်လိုမှ အဆင်မပြေတော့ပါဘူး။ စိတ်ရှုပ်ထွေးခြင်း၊ ဒေါသထွက်ခြင်း၊ အပြစ်ရှိသလိုခံစားရခြင်း၊ ကြောက်ရွံ့ခြင်းတွေက သူ့တစ်နေ့တာဘဝကို တိုက်ရိုက်ဆိုးကျိုးတွေ ပေးနေတာပါ။ ၂။ သင်နဲ့ပြတ်စဲပြီးတဲ့နောက်မှာ သူငယ်ချင်းအဖြစ်ခင်မင်ချင်သေးတယ် Photo Source: medium.com သင်နဲ့ လမ်းခွဲပြီးတဲ့နောက်မှာတောင် အရင်းနှီးဆုံးသူငယ်ချင်းအဖြစ် […]

နိုင်ငံအတွက် ဆုတံဆိပ်တစ်ခုခု ရယူပေးချင်ခဲ့ပေမယ့် မယူပေးနိုင်ခဲ့တဲ့အတွက် ပရိသတ်တွေကို တောင်းပန်လိုက်တဲ့ သက်ထားသူဇာ

ဆီးဂိမ်းစ် ကြက်တောင်အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာကြက်တောင်အားကစားမယ်ဖြစ်တဲ့ သက်ထားသူဇာဟာ အင်ဒိုနီးရှားကစားသမား HARTAWAN RUSELLI ကို ရှုံးနိမ့်ကာ ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။သူမကတေ့ နိုင်ငံအတွက် ဆုတံဆိပ်တစ်ခုခု ရယူပေးချင်ခဲ့ပေမယ့် မယူပေးနိုင်ခဲ့တဲ့အတွက်ပရိသတ်တွေကို တောင်းပန်ပါလိုက်ပါတယ်။ သူမကတော့ ဒီနေ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ Philippines SEA Games 2019 ပြိုင်ပွဲရဲ့ Quarter Final ပွဲစဉ်မှာတော့ အင်ဒိုနီးရှား ကစားသမား RuselliHurtawan ကို အနိုင်မယူနိုင်ခဲ့တဲ့အတွက် ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။နိုင်ငံအတွက် ဆုတံဆိပ်တစ်ခုခု ရယူပေးချင်ခဲ့ပေမယ့် မယူပေးနိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ သူမကတော့ ” အကောင်းဆုံးကို မျှော်မှန်းပြီး ကြိုးစားခဲ့ပါတယ်။ ဒီနေ့ရှုံးပွဲကနေ အတွေ့ကြုံတွေ သင်ခန်းစာတွေယူပြီး နောက်လာမယ့် ပြိုင်ပွဲတွေမှာ ပိုကောင်းအောင် ကြိုးစားပါမယ်။အားပေးနေတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်ဆိုပြီး သူမရဲ့ လူမှုကွန်ယက်ထက်မှာရေးသားထားခဲ့ပါတယ်။ Unicode ဖြင့်ဖတ်ပါ […]

“မုဒိမ်းကလေးတွေကို ဗန်းပြပြီး အလှူခံ စားနေတယ်လို့် ဝေဖန်နေတဲ့သူတွေကို ဒဲ့သတိပေးလိုက်တဲ့ ခိုင်နှင်းဝေ”

ခိုင်နှင်းဝေကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်လောက်ကတည်းက အနုပညာလောကမှာ အောင်မြင်မှုတွေရရှိထားတဲ့ မင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော့ခိုင်နှင်းဝေဟာ အနုပညာအလုပ်တွေထက် လူမှုအကျိုးပြု ပရဟိတအလုပ်တွေကို အားကြိုးမာန်တက်လုပ်ဆောင်နေတာကြောင့် ပရိသတ်တွေက သူမကို ပရဟိတမင်းသမီးလို့ခေါ်ဆိုနေကြပါသေးတယ်။လက်ရှိမှာလည်း ခိုကိုးရာမဲ့နေတဲ့ မိဘမဲ့ကလေးတွေအတွက် “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ”လို့ အမည်ရတဲ့ ဂေဟာအသစ်လေးကိုဖွင့်လှစ်ပေးထားတာဖြစ်ပြီး ကလေးတွေကို သားသမီးအရင်းလို သူမကိုယ်တိုင် ပြုစုစောင့်ရှောက်နေတာပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေဟာ သူမပြုစုစောင့်ရှောက်ထားတဲ့ သူမရဲ့ကလေးတွေကို မုဒိမ်းကလေးတွေလို့ နှိမ့်ချပြောဆိုနေကြတဲ့အပေါ် “ကလေးတွေကို မုဒိမ်းကလေးတွေဆိုပြီးလာလာပြောတာ အရမ်းဒေါသထွက်တယ်။ ကျေးဇူးပြုပြီးတော့ တိုက်ခိုက်ချင်ရင် ကျွန်မကိုလာတိုက်ခိုက်၊ မကျေနပ်ရင် ကျွန်မကိုပြော၊ ကျွန်မကိုကြိုက်သလောက်ပြော ကြိုက်သလောက်ဆဲ ကျွန်မသားသမီးတွေကိုတော့ မထိပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ်။”ဆိုပြီး ကလေးတွေကိုမတိုက်ခိုက်ဖို့တောင်းဆိုထားတာပဲဖြစ်ပါတယ်။ ကလေးတွေကို ပြုစုစောင့်ရှောက်ထားတာနဲ့ ပတ်သက်ပြီးတော့လည်း မုဒိမ်းကလေးတွေကို ဗန်းပြပြီး အလှူခံ စားနေတယ်လို့ ဝေဖန်တိုက်ခိုက်နေကြတာကို”ဒီပရဟိတအလုပ်နဲ့ ဒီကလေးတွေစောင့်ရှောက်တဲ့အလုပ်ကို ဘယ်သူကမှ ကျွန်မကို ရိုက်ပြီးလုပ်ခိုင်းနေတာမဟုတ်ဘူး။ကိုယ်တိုင်က ပရဟိတကို […]

နောက်ပြောင်ခြင်း နောက်ကွယ်က ပေးဆပ်လိုက်ရတဲ့ အသက်တစ်ချောင်း

လူတစ်ယောက်ကိုသေအောင် နောက်ပြောင်ခြင်းကို မပြုလုပ်သင့်ပါ။ #ကြုံရဆုံရနိဗ္ဗာန်ယဉ်မောင်းဘဝ #လူမှုကူညီရေးအသင်း(ရန်ကုန်) ဒီနေ့ ရန်ကုန်ဆေးရုံ့ကြီးကနေထိန်ပင်ပို့မယ့် dead body သယ်ဖို့သွားရင်း သေဆုံးသူရဲ့ဇနီးနဲ့တွေ့တော့ အလောင်းမှာဝတ်ဖို့ အဝတ်အစားပလားအစ်မ? မပါဘူး မောင်လေး သေဆုံးသူကအစ်မနဲ့ဘာတော်လဲ ?ယောင်္ကျားဘယ်လိုသေတာလဲ?ရေနစ်တာရေဆင်းကူးရင်းသေတာလားအစ်မ?မဟုတ်ဘူး မောင်လေးအစ်မယောင်္ကျားက မော်တင်မှာ ဆိုက်ကားနင်းတယ်။ သူ့သူငယ်ချင်းတွေက ဆိုက်ကားကိုဖွက်ပြီး နောက်ထားတာ။ သူကဆိုက်ကားပျောက်ပြီဆိုပြီးအုံနာကို သူမရှင်းနိုင်တော့ဘူ းဒုက္ခရောက်ပြီဆိုပြီး မော်တင်ကမ်းနားမှာ ရေထဲခုန်ချသွားတာ(ကိုယ့်ကိုကိုယ်သတ်သေလောက်တဲ့အထိ ငွေကြေးရဲ့ဖိနှိပ်မှုတွေကဘယ်လောက်များဆိုးရွားစွာ ခံခဲ့ရပြီလဲ) ဆိုးလိုက်တဲ့ အဖြစ်တွေကျန်ရစ်သူမိန်းမကိုသေစာရင်းမှာလက်မှတ်ထိုးခိုင်းတော့ ကြက်ခြေခတ်လေးပဲခြစ်တတ်တယ်စာလုံးဝမရေးတတ်(ပညာမဲ့ခဲ့ရတဲ့ ဘဝတွေ)နေတော့လှိုင်သာယာကျူးကျော်တဲ အသုဘကိုလိုက်ပို့တဲ့သူကတစ်ယောက်မှ မရှိ ( လူဆင်းရဲတွေရဲ့ဘဝဟာ နောက်ဆုံးထွက်သက်မှာတောင်လိုက်ပါပို့ဆောင်သူမဲ့)နောက်ဆုံးမီးသဂြိုလ်စက်ထဲထည့်ခါနီးတော့ မှန်ခေါင်းလေးကိုဖွင့် ယောင်္ကျားရဲ့လက်လေးကိုင်ပြီးငိုနေတဲ့ ဒီအစ်မမျက်နှာ (လင်မယားဆိုတာ မေတ္တာကိုသာအခြေခံထားရင်ဘယ်လို ဘဝတွေပဲရောက်ရောက်နောက်ဆုံးထွက်သက်အထိအတူရှိနေတာပါလား) ဒီလောက်ခက်ခဲတဲ့လူ့ဘဝကို သူတစ်ယောက်ထဲဘယ်လိုနည်းနဲ့ ဆက်လျှောက်အုန်းမလဲလို့ထိန်ပင်သုဿန်ကအပြန်လမ်းတစ်လျှောက်လုံးစဉ်းစားမိရင်းလူစဉ်မမှီတဲ့လူဆင်းရဲဘဝများမှအမြန်ဆုံးလွတ်မြောက်ကြပါစေ Credit Unicode နောက်ပြောင်ခြင်း နောက်ကွယ်က ပေးဆပ်လိုက်ရတဲ့ အသက်တစ်ချောင်း လူတစ်ယောက်ကိုသေအောင် […]

ကစ်ကစ် နာရေးမှာ အနုပညာရှင် အချို့ ရဲ့ အလှူငွေ စာရင်းကို ကြော်ငြာလိုက်တဲ့ ခင်သဇင်

ဟာသသရုပ်ဆောင် ကစ်ကစ်တစ်ယောက်ဟာ ပြီးခဲ့တဲ့လ ၂၆ ရက်နေ့က သူမချစ်တဲ့အနုပညာလောက နဲ့ ပရိသတ်ကြီးကို နှုတ်ဆက်ထွက်ခွာခဲ့ပြီဖြစ်ပါတယ်..။ သူမနာမကျန်းဖြစ်နေစဉ်အတောအတွင်းမှာတော့ သရုပ်ဆောင် ခင်သဇင်ကပဲ လိုအပ်တဲ့ဆေးဖိုးနဲ့အလှူရှင်တွေကို ရှာဖွေပေးခဲ့သလို ၊ အနီးကပ် ပြုစုကူညီပေးခဲ့တာလည်း ပရိသတ်အသိပဲဖြစ်ပါတယ်နော်.. ကစ်ကစ် ဆုံးပါးသွားပြီးနောက်မှာလည်း ကစ်ကစ်ရဲ့ နာရေးအတွက် သိုက်သိုက်ဝန်းဝန်းလေးဖြစ်အောင် သရုပ်ဆောင် ခင်သဇင်ကပဲ ဦးဆောင်ပြီး ဆောင်ရွက်ပေးခဲ့ပါတယ်..။ ကစ်ကစ်တစ်ယောက် ဆေးရုံကို ကျောက်ကပ်ရောဂါနဲ့ နာတာရှည်ခံစားပြီးတက်ရောက်ကုသနေစဉ်မှာ သူ့ရဲ့ဆေးဖိုးအတွက် တစ်နိုင်ငံလုံးက အနယ်နယ်အရပ်ရပ်မှ စေတနာရှင်များက ကုသိုလ်ဖြစ် ပါဝင်လှူဒါန်းခဲ့ကြပါတယ်..။ ဒီဆေးဖိုး အလှူငွေတွေကိုလည်း သရုပ်ဆောင် ခင်သဇင်ကပဲ ကူညီထိန်းသိမ်းပေးခဲ့ပါတယ်။ ကစ်ကစ်ဆုံးပါးသွားတဲ့နောက်မှာတော့ ဒီအလှူငွေတွေကို မူလအလှူရှင်တွေဆီ ပြန်ပေးဖို့ ဆက်သွယ်ခဲ့ပေမယ့် သူတို့က အပြတ်လှူထားတာမို့ ကစ်ကစ်နာရေးမှာ ထည့်သွင်းသုံးဖို့ ခွင့်ပြုပေးခဲ့ပါတယ်..။ ဒီအတွက်လည်း ခင်သဇင်က ကျေးဇူးအများကြီး […]

ပယ်ချခဲ့တဲ့ သမီးလေးကို မွေးစားခဲ့သော Single Dad

အီတလီမှ အသက် ၄၁နှစ်အရွယ် Luca Trapanese ဟာ တစ်ကိုယ်ရေ တစ်ကာယ အမျိုးသားတစ်ယောက်ဖြစ်ပြီး ၁၃ရက်သာရှိသေးတဲ့ Alba ကိုမွေးစားခဲ့ပါတယ်။ ကလေးမလေးဟာ ဒေါင်းန်ဆင်ဒရုန်း(Down’s Syndrome ) ရောဂါရှိနေပြီး သူမရဲ့မိခင်က မမွေးနိုင်လို့ စွန့်လွှတ်ထားတာ ဖြစ်ပါတယ်။ ကလေးမလေးအယ်လ်ဘာ အတွက်တော့ မိသားစုအသစ်ကို ရှာဖို့ မလွယ်ပါဘူး။ မိသားစု ၂၀က ဒီမွေးကင်းစကလေးရဲ့ အခြေအနေကြောင့် မွေးစားဖို့ ငြင်းပယ်ခဲ့ကြပါတယ်။ သို့သော် ကံကောင်းထောက်မစွာပဲ Luca နှင့်တွေ့ပြီး အယ်လ်ဘာလေးရဲ့ ဘဝဟာ ထာဝရပြောင်းလဲသွားခဲ့ပါတယ်။ လူးကပ်ဟာ အသက် ၁၄နှစ်ကတည်းက အထူးစောင့်ရှောက်မှုလိုအပ်တဲ့ ကလေးတွေအပေါ် အဓိကထားလုပ်ဆောင်တဲ့ အဖွဲ့အစည်းတွေမှာ စေတနာ့ဝန်ထမ်း လုပ်ခဲ့သူပါ။ သူဟာ အမြဲတမ်း ဖခင်တစ်ယောက်ဖြစ်ချင်ခဲ့ပါတယ်။ ဒါပေမယ့် စားဝတ်နေရေးအတွက် ရုန်းကန်ခဲ့ရတာကြောင့် တစ်ကိုယ်ရေဘဝနဲ့ပဲ […]

နို့စို့အရွယ်ကနေ ၁၀ တန်းအထိ မိဘမဲ့ကလေး ၆၅၀ ကျော် ခြုံစောင်တွေလိုအပ်နေလို့ ကူညီလှူပေးကြပါ… ကြားသိရသမျှ

ခုကာလက အလွန်အေးတဲ့ ဆောင်းတွင်းချိန်ခါကို ရောက်ရှိနေပါပြီ…..တချို့လူတွေက နွေးနွေးထွေးထွေးနဲ့ အိပ်စက်ခွင့်ရချိန်မှာ တချို့ကတော့ ချမ်းခိုက်တုန်ပြီး အိပ်မရဖြစ်နေကြတာပါ….ဟုတ်ပါတယ်…။ .ခြုံစောင်တွေ အလှူရှင်မရှိလို့ မိဘမဲ့ကျောင်းက အယောက် ၆၅၀ ကျော်သောကလေးတွေ ပဲခူးရိုးမကဖြတ်တိုက်လာတဲ့ ဆောင်းလေအေးအောက်မှာ အရိုးခိုက်အောင်ချမ်းနေကြရရှာပါတယ်….။ ပရိသတ်ကြီးတို့သိအောင် အပြည့်အစုံလေးပြန်လည်မျှဝေလိုက်ပါတယ်…ကူညီနိုင်ရင် ကူညီပေးကြပါ….။ “နို့စို့အရွယ်ကနေ (၁၀)တန်းထိ (၆၅၀)ကျော်သောကလေးငယ်တွေအတွက် အနွေးထည်နှင့်ခြုံစောင်များ လိုအပ်နေလို့ကျေးဇူးပြုပြီးShare ပေးကြပါဦး။ အအေးဓာတ်ကလည်းတစ်ဖြေးဖြေးနဲ့ ပိုပိုလာတာနဲ့အမျှ၊အအေးဓာတ်က ပဲခူးရိုးမ တောင်ခြေဖြစ်တာနဲ့အညီ၊စောင်မလောက်အင်္ကျအနွေးထည်မပြည့်စုံနဲ့၊နို့စို့အရွယ်မှစ(၁၀)တန်းထိ (၆၅၀)ကျော်သော သားတွေ သမီးတွေ ညညဆိုအရမ်းချမ်းမှာပဲလို့ တွေးရင်း တကယ်စိတ်မကောင်းဖြစ်မိတယ်။ ခုလည်း ပဲခူးရိုးမရဲ့ ဆောင်းအဝင်က အရိုးစိမ့်အောင်အေးတော့၊ နို့စို့အရွယ်တွေအတွက်၊ ခိုဝင်စရာမိဘရင်ခွင်ရယ်လို့ မရှိရှာလေတော့၊သူတို့လေးတွေကို နွေးထွေးမှုပေးနိုင်တာ၊အအေးဒဏ်ကို၊ကားကွယ်နိုင်မှာက၊ အလှူရှင်တွေလှူမဲ့ အင်္ကျီအနွေးထည်နှင့်၊ခြုံစောင်တွေပြည့်စုံမှအအေးဒဏ်ကို ကာကွယ်ပြီး နွေးထွေးမှုရမှာပါ။ ဒါကြောင့်….စုပေါင်း၍ဖြစ်စေ တစ်ဦးချင်းပဲဖြစ်စေမိမိတို့ နိုင်သလောက် သူတို့လေးတွေအတွက်ဖြည့်ဆည်းပေးကြပါဦးလို့၊မေတ္တာရပ်ခံရင်း။ ကိုယ်တိုင်လာရောက်၍ မလှူဒါန်းနိုင်လျှင်အရှင်ဇနာနန္ဒYGW…09790555999….09-780000085….၁၄/ဟသတ(သ)၀၀၄၈၉၅….ဘဏ်အကောင့်နံပါတ်….13730199956165701 […]

ရိုးသားလွန်းတဲ့ဒီညီအစ်ကို ကိုတွေ့ရင် ကျော်မသွားပါနဲ့ မုန့်ဖိုးပေးခဲ့ကျပါဗျာ

73 လမ်း 37 ဒေါင့် ဆိုင်ကယ်လေးရပ်ပီး အထဲဝင်သွားတာ ကိုယ့်အနောက်ကနေ မကြီး မကြီးနဲ့ခေါ်နေလို့ လှည့်ကျိ မကြားတစ်ကြားနဲ့ဆိုတော့ ကိုယ်လဲ ကလေးက မုန့်ဖိုးလေးတောင်းတယ်ထင်နာပေါ့ ပြီးတော့မှ ဆိုင်ကယ်ထဲမယ် မကြီးဖုန်းကျန်ခဲ့တယ်တဲ့ ကိုယ်လဲတုန်လှုပ်ပီး ဝမ်းသာသွားတယ် တော်သေးတာပေါ့ဆိုတဲ့အတွေးနဲ့ကြောင်ရပ်နေမိချိန် အတူပါလာတဲ့ ညီမဖြစ်သူက သတိတရနဲ့ ပစ္စည်းဝယ်ဖို့ ပိုတဲ့ငွေအနည်းငယ်လေးထုတ်ပေးပြီး အဲ့ကျမှ သတိပြန်ဝင်လာပြီး ကျေးဇူးပါ မောင်လေးရယ် မကြီးဖုန်းလေး မင်းနဲ့သာမတွ့ရင် လိုချင်တဲ့သူတွေလက်ထဲရောက်နေပီ တစ်ကယ်ဆိုရင် ဒီဖုန်းကို သူယူလို့ရတာပဲ ရိုးသားလိုက်တဲ့ကလေး ဒီပစ္စည်းကို သူ မမက်မောဘူးတဲ့ ဒီနားမှာ မကြီးလိုပဲ ဆိုင်ကယ်ထဲ ဖုန်းတွေကျန်ကျန်ခဲ့တာသားနဲ့တွေ့တဲ့သူတွေဆိုပြန်ရတာပေါ့ မကြီးရယ် သူများဆိုပြန်ရမှာမဟုတ်ဘူး မကြီးလဲနောက်ဆို ဂရုစိုက်ပါနော် သူစိတ်ပူစကားပြောအပြီး မေးခွန်းလေးမေးမိတယ် မောင်လေးရေ ခုလိုမုန့်ဖိုးတောင်းရတာ အစဉ်ပြေလားသူတမ်းမဖြေနိုင်ပဲ ခေါင်းလေးငုံ့ချခါမျက်ရည်လေး ဝဲလာပီး မကြီးရယ် […]

Back To Top