Category: News

ဖုန်း(၉၉)လုံး သုံးပြီး ဘာလင်မြို့မှာ ကားလမ်းတွေပိတ်အောင် ဖန်တီးပြခဲ့တဲ့ အမျိုးသား

Simon Weckert Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာလင်မြို့က လူတစ်ဦးဟာ Google Map ထဲမှာ ကားပိတ်တဲ့သင်္ကတေတစ်ခုကို တကယ်ကားမပိတ်ပဲ ဖန်တီးနိုင်ခဲ့ပါတယ်။ သူသွားတဲ့ လမ်းတစ်လျှောက်ဟာ Google Map ပါ်မှာ အနီတန်းကြီးဖြစ်ပြီး ကားအရမ်းပိတ်နေတဲ့ပုံစံဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနေရာကို တကယ်သွားကြည့်မယ်ဆိုရင် ကားလမ်းပိတ်တာတို့၊ အခမ်းအနားတစ်ခုခုရှိလို့ ကားပိတ်နေတာတို့ ဘာမှမရှိဘဲ လေးဘီးလှည်းလေးတစ်ခုကို ဆွဲပြီးသွားနေတဲ့လူတစ်ယောက်ကိုသာ ရှင်းရှင်းလင်းလင်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Youtube/Simon Weckert Youtube/Simon Weckert ထိုလူရဲ့ နာမည်ကတော့ Simon Weckert ဖြစ်ပြီး အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ Simon ဟာ စမတ်ဖုန်း (၉၉) လုံးနဲ့ ဆင်းကဒ် (၉၉) ခုကို ဝယ်ယူခဲ့ပါတယ်။ ထို့နောက် ဆင်းကဒ် […]

ဝူဟန် မှ လာပြီး ရှမ်းပြ ည် နမ့်ခ မ်းတွင်နေ သည့် တ ရုတ် (၄)ဦး ကို တရုတ်ပြည်ပြန်ပို့

နမ့် ခမ်း၊ ဖေဖော်ဝါရီ (၆) ရှ မ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်တစ်ခုတွင် ဝူဟန်မှလာသော တရုတ်နိုင်ငံသား (၄)ဦး နေထိုင်နေကြောင်းတွေ့ရှိစစ်ဆေးရသဖြင့် တရုတ်ပြည်ရဲတပ်ဖွဲ့သို့ ပြန်လည်လွှဲပြောင်းပေးလိုက်ကြောင်း ဒေသခံများထံမှသိရသည်။ အဆိုပါ တရုတ်နိုင်ငံသား (၄) ဦးမှာ နမ့်ခမ်းမြို့ရှိ အောင်မေတ္တာရပ်ကွက်တွင် နေထိုင်နေခြင်းဖြစ်ပြီး ၎င်းကို ရပ်ကွက်အတွင်းရေးမှူးဖြစ်သူက စတင်သိရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံမြို့မိမြို့ဖ ဦးစိုင်းမောက်ဆိုင်က ပြောသည်။ ရပ်ကွက်အတွင်းရေးမှူးက ဖေဖော်ဝါရီ ၄ ရက်နေ့တွင်ပြုလုပ်သော ပုံမှန်အစည်းအဝေး၌ အထက်ပါအကြောင်းအရာကိုတင်ပြခဲ့ကြောင်း၊ ယင်းအတွက် အစည်းအဝေးပြီးချင်း အုပ်ချုပ်ရေးအဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ သွားရောက်စစ်ဆေးရာ တရုတ်နိုင်ငံသား ၄ဦးကို အမှန်တစ်ကယ်တွေ့ရပြီး ဝူဟန်မြို့မှရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်ဟု ၎င်း ကပြောပြသည်။ “သူတို့ (၄)ဦးစလုံးကို နမ့်ခမ်းမြို့နဲ့ မျက်နှာချင်းဆိုင် တရုတ်ပြည်ဘက်မှာရှိတဲ့ နောင်တောင်းမြို့ရဲတပ်ဖွဲ့ထံလွှဲပေးလိုက်ပါတယ်” ဟု ဦးစိုင်းမောက်ဆိုင် […]

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် မင်္ဂလာဧည့်ခံ ပွဲ ကို Live လွှင့် ကာ အွန်လိုင်း ကနေ ကျင်းပခဲ့ရတဲ့ မင်္ဂလာစုံတွဲ

တ ရုတ်နိုင်ငံဝူဟန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံဟာ စီးပွားရေးအရအတော်လေးထိခိုက်ခဲ့သလို ၊ လူနေမှုစနစ်တွေလည်း အခိုက်တန့် ရပ်တန့်သွားခဲ့ပါတယ်။ ကျောင်းသားတွေဟာဆိုလည်း ပညာရေးတွေကို ရပ်တန့်ထားရပါတယ်နော်။ဒီအထဲမှာ အိမ်ထောင်ပြုကြမယ့် စုံတွဲတွေလဲ ပါပါတယ်။ အခုလောလောဆယ် ရောဂါပိုးကူးစက်ပျံ့ပွားနေတဲ့ အချိန်ဆိုတော့ လူအစုအဝေးရှိရာကို မသွားတာကောင်းတယ်။ တ ရုတ်အစိုးရ ကိုယ်တိုင်ကလည်း နိုင်ငံသားတွေကို အိမ်ထဲမှာ နေဖို့ပဲ အကြံပြုတားမြစ်ထားပါတယ်နော်။ဒီအချိန်မှာတော့ မင်္ဂလာဆောင်ဖို့ စီစဉ်ထားတဲ့ စုံတွဲအတွက်တော့ အခက်ပွေရပါတယ်။ ဒါပေမယ့် သူတို့ကတော့ နည်းပညာကို အသုံးပြုပြီး မင်္ဂလာဆောင်ခဲ့ပါတယ်။ သူတို့မင်္ဂလာဆောင်ကို မိတ်ဆွေများဖိတ်ကျွေးပြီးတော့ သူတို့ကတော့ အခမ်းအနားကိုမတက်ရောက်တော့ပဲ Live သာ လွှင့်ခဲ့တာဖြစ်ပါတယ်။ ဘာကြောင့်မတက်တာလဲဆိုတော့ သူတို့ဟာ မင်္ဂလာမဆောင်ခင် ဝူဟန်ဖြစ်ပွားရာ ဟူပေ ပြည်နယ်ဘက်ကနေ ပြန်လာခဲ့တာဖြစ်ပြီးတော့ သူတို့မှာ ကူးစက်ရောဂါပိုး ရှိမရှိဆိုတာ မသေချာတာကြောင့် […]

လပွတ္တာ က ကိုရို နာဗိုင်းရပ်စ်သံသယ ရှိသူ အမျိုးသမီးလေး ဆေး ရုံကဆင်းခွင့်ပြုသော်လဲ ရွာထဲဝင်ခွင့်မပြု

က ချင်ပြည်နယ်၊ လွယ် ဂျယ်ဆေးရုံမှာ ဆေးကုသမှုခံယူပြီး ဇာတိကျေးရွာကို ပြန်လာတဲ့ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတဦးကို တာဝန်ရှိသူတွေက လပွတ္တာမြို့နယ်ဆေးရုံကြီး ကိုခေါ်ယူကာ စောင့်ကြည့်နေပါတယ် ။ဆေးရုံကိုခေါ်ယူစောင့်နေတဲ့ အမျိုးသမီးဟာ ကချင်ပြည်နယ်၊ မိုးမောက်မြို့ကို အလုပ်သွားရောက် လုပ်ကိုင်စဉ် အခြားရောဂါတခုကြောင့် ဖျားနာချောင်းဆိုပြီး ဇန်နဝါရီ ၂၁ ရက်နေ့က လွယ်ဂျယ် ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်မှာ ဆေးရုံက သူ့ရဲ့ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်တွေရယူကာ ဆင်းခွင့်ပြုလိုက်လို့ ဇာတိကိုပြန်လာခဲ့တာပါ။ ဒါပေမယ့်ရွာသူရွာသားတွေက ရွာထဲအဝင်မခံတာကြောင့် ဆေးရုံကြီးမှာ ခေါ်ယူစောင့်ကြည့် ထားရတယ်လို့ လပွတ္တာ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ နှစ်ဆန်းဦးက ဒီဗွီဘီကိုပြောပါတယ်။“အဲဒီအမျိုးသမီးက တခြားရောဂါနဲ့ ဆေးရုံတက်ရတာ၊ သူဖြစ်တဲ့ပုံစံက ကိုရိုနာဗိုင်းရပ်စ်ပုံစံဖြစ်နေတော့ သံသယစာရင်းထဲကိုအထည့်ခံရပြီး စစ်ဆေးခံရတာ၊ ခုဆို […]

ကိုရိုနာဗိုင်းရပ် ကူးစက်ခံ သံသယရှိ သူ ဝူဟန်မြို့သား များ ၅ ဦး ရွှေလီမြို့မှ တဆင့် မြန်မာဘက် မူဆယ်မြို့ ကိုရောက်ရှိနေ

ကို ရိုနာဗိုင်းရပ် ကူးစက်ခံသံသယရှိသူ ဝူဟန်မြို့သားများ ၅ ဦး ရွှေလီမြို့မှတဆင့် မြန်မာဘက် မူဆယ်မြို့ကိုရောက်ရှိနေ ကို ရိုနာဗိုင်းရပ် ကူးစက်ခံသံသယရှိသူ ဝူဟန်မြို့သားများ ၅ ဦး ရွှေလီမြို့မှတဆင့် မြန်မာဘက် မူဆယ်မြို့ကိုရောက်ရှိနေပါသည် အထူးသတိထားကြပါ မြန် မာတွေ သတိသာ ထားပေတော့ကံဆိုးတဲ့မြို့နဲ့ ကံဆိုးတဲ့လူတွေ ဘယ်သူတွေဖြစ်မလဲ မသိသေးဘူး အထက်ပါ(၅)ဦးကို တွေ့ရင်လဲ သက်ဆိုင်ရာကို သတင်းပေးပို့ကြပါ Nay Myo

မူ ဆယ်မြို့တွင် ရောက် ရှိနေသည့် တရုတ် နိုင်ငံသား(၅)ဦးထဲ မှ(၁)ဦးတွေ့ ရှိခေါ် ယူစစ်ေ ဆးမှုများဆောင်ရွက်

မူ ဆယ် ဖေဖော်ဝါရီ ၆(ညနေ) မူ ဆယ်မြို့သို့ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရခြင်း နှင့်ပတ်သက်၍ သံသယရှိသူ(၅)ဦးရောက်ရှိနေကြောင်း၊ တရုတ်နိုင်ငံ၊ရွှေလီမြို့၊ ရွှေလီရဲဌာနမှ ဖေဖော်ဝါရီလ(၆)ရက်နေ့တွင် အကြောင်းကြားလာခြင်းကြောင့် မူဆယ်မြို့၊ မြို့မရဲစခန်းမှရှာဖွေမှုများဆောင်ရွက်ခဲ့ရာ တရုတ်နိုင်ငံ၊ ရွှေလီရဲမှထုတ်ပြန်ထားသည့် (၅)ဦးအနက်မှကျိန့်ချွေဖန်(မ)တစ်ဦးကိုပန်ဆိုင်းမြို့၊ ရဲစခန်းမှတွေ့ရှိထားပြီး ကျန်(၄)ဦးကို မူဆယ်မြို့၊မြို့မရဲစခန်းမှ ရှာဖွေမှု(အပြင်း)များဆက်လက်ဆောင်ရွက်လျက်ရှိသည်။ တွေ့ရှိထားသည့် ကျိန့်ချွေဖန်သည် တရုတ်နိုင်ငံ၊ မန်စီမြို့တွင်နေထိုင်သူဖြစ်ပြီးဇန်ဇနဝါရီလ(၁၄)ရက်နေ့၊တရုတ်နှစ်သစ်ကူးအလုပ်ပိတ်ရက်၌ မူဆယ်ခရိုင်၊ပန်ဆိုင်း(ကြူကုတ်)မြို့၊ အမှတ်(၃)ရပ်ကွက်တွင်နေထိုင်သည့် သူ့အမျိုးသားနှင့် သား၊ သမီးများကို လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်းသိရသည်။ တရုတ်နှစ်သစ်ကူးပြီးသွားသော်လည်း လက်ရှိတွင် တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားခြင်းကြောင့်ပန်ဆိုင်း(ကြူကုတ်)မြို့တွင် ဆက်လက်နေထိုင်ခြင်းဖြစ်သည်ဟုသိရသည်။ ကျိန့်ချွေဖန်သည် လွန်ခဲ့သည့်(၃)နှစ်ခန့်တွင်ဝူဟန်မြို့၊ ကြွတ်ကြွတ်အိတ်ကုမ္ပဏီ၌ တစ်နှစ်ခန့် အလုပ်လုပ်ကိုင်သူဖြစ်ပြီး မန်စီမြို့သို့ ပြန်လာ၍ စိုက်ပျိုးရေးအလုပ်ကို (၂)နှစ်ခန့် ပြန်လည်လုပ်ကိုင်နေပြီဖြစ်ကြောင်းလည်းသိရသည်။ ကျိန့်ချွေဖန်သည်ပန်ဆိုင်း(ကြူကုတ်)မြို့တွင် (၁၄)ရက်ကျော်နေထိုင်နေပြီဖြစ်ပြီး ပန်ဆိုင်း(ကြူကုတ်)မြို့၊ ကျန်းမာရေးဌာနမှဒေါက်တာတီခွန်ဆန်ဒွန်းနှင့် တာဝန်ရှိသူတို့က ကျန်းမာရေးစစ်ဆေးချက်များလုပ်ဆောင်ခဲ့ရာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် လက္ခဏာ(အပူချိန်လွန်)မတွေ့ရှိကြောင်းသိရသည်။ […]

“ဝူဟန် အားတင်းထား”လို့ အားပေးခဲ့တဲ့ အနုပညာရှင်ပေါင်းများစွာတို့ရဲ့ ဂရုဏာဗီဒီယိုဖိုင်လေး

youtube/CCTV6 CHINA MOVIE OFFICIAL CHANNEL ဟောင်ကောင် အက်ရှင်မင်းသားတစ်ဦးဖြစ်တဲ့ Donnie Yen ဟာ သူပါဝင်သရုပ်ဆောင်ထားတဲ့ Enter The Fat Dragon ရုပ်ရှင်ဇာတ်ကားကို ဖေဖော်ဝါရီ (၁၄) ရက်နေ့တွင် တရုတ်နိုင်ငံမှာ ပြသဖို့ ရှိပါတယ်။ ဒါပေမယ့် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရုပ်ရှင်ရုံတွေကို ပိတ်ထားခဲ့ရပြီး ဖေဖော်ဝါရီ (၁) ရက်နေ့မှာ ၎င်းရုပ်ရှင်ကို online streaming နဲ့သာ ပြသခဲ့ရပါတယ်။ သူ့ဇာတ်ကားကို ရုံတင်ပြသခွင့်မရခဲ့ပေမယ့် Donnie Yen ဟာ ဇာတ်ကားနဲ့ပတ်သက်ပြီး စိတ်ပျက်တာမျိုး တော့ အလျဉ်းမရှိခဲ့ပါဘူး။ သူတကယ်တမ်း စိတ်ပူနေတာက ဝူဟန်ဗိုင်းရပ်စ်ကြောင့် ကပ်ဆိုက်နေရတဲ့ ပြည်သူတွေကိုပါ။ အောက်မှာတော့ လတ်တလော ထွက်ရှိလာတဲ့ ဝူဟန်အကြောင်း စပ်ဆိုထားတဲ့ သီချင်းဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက်ပါတယ်။ […]

ဝူဟန် တွင် ပိတ်မိနေေ သာ ထိုင်ဝမ်နိုင်ငံသား များ ကို ပြန်ခေါ်ရာ တွင် တရုတ် က မရိုးမသားပြုလုပ်

တ ရုတ်နိုင်ငံဝူဟန်တွင် ပိတ်မိနေသည့် မိမိနိုင်ငံသားများအား ထိုင်ဝမ်သို့ ပြန်ခေါ်ရန်အတွက် ထိုင်ဝမ်အစိုးရမှ စင်းလုံးငှားလေယာဉ်စီစဉ်ပြီး ခေါ်ယူခဲ့ပါတယ်။ စည်းကမ်းသတ်မှတ်ချက်အဖြစ် သက်ကြီးရွယ်အို၊ ကလေးသူငယ်များ၊ နာတာရှည်ရောဂါသည်များ၊ ယာယီရောက်ရှိ နေသည့်ထိုင်ဝမ်နိုင်ငံသားများအတွက် ရည်ရွယ်ထားခဲ့ပါတယ်။ ဖျားနာနေပြီးရောဂါပိုး အမှန်ကူးစက်နေသူများ မထည့်သွင်ရန်လည်းသတ်မှတ်ထားခဲ့ပါတယ်။ ယ ခုလ ၃ရက်နေ့ က ပထမဆုံးအသုတ်အဖြစ် တရုတ်ဝူဟန်မြို့ မှ ခရီးသည် ၂၀၀ ကျော် ထိုင်ဝမ်သို့ ရောက်ရှိခဲ့ရာမှာ မလှိမ့်တပတ်လုပ်ဆောင်မှု များျတွေ့ရှိ ရပြီးနောက် ထိုင်ဝမ်အစိုးရမှအမျက်ထွက်ပြီး နောက်ထပ်ခေါ်ယူမှုများကို ဆိုင်းငံ့ထားကာ ထိုင်ဝမ်ပြည်သူများအကြားမှာလည်း ဒေါသထွက်ပြစ်တင်လျက်ရှိပါတယ်။ ၁။ ထိုင်ဝမ်အစိုးရဖက်ကို ပေးသည့် စာရင်းက ၂၄၄ ယောက်ဖြစ်ပြီး လေယာဉ်ပေါ်တင်ပေးလိုက်သည်က ၂၄၇ ယောက်ဖြစ်နေကြောင်း တွေ့ရသည်။ ၂။ တဖန် စာရင်းတွင်မပါသည့် ၃ ယောက်မှာ လေယာဉ်မှ […]

အထက်တန်းမပြီးလည်း အလုပ်လျှောက်နိုင်တဲ့ နည်းပညာကုမ္ပဏီကြီးဆီက အလုပ်ခေါ်စာ

instagram/elonmusk စွန့်ဦးတီထွင်သူ နည်းပညာနဲ့ အင်ဂျင်နီယာပညာရှင်တစ်ယောက်ဖြစ်တဲ့ Elon Musk ဟာ ၎င်းရဲ့Telsa ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီအတွက် ဝန်ထမ်းခေါ်ယူနေကြောင်း unilad သတင်းအရ သိရပါတယ်။ အလုပ်လျှောက်ထားသူဟာ ဒေါက်တာဘွဲ့ရစရာမလို၊ တက္ကသိုလ်ဘွဲ့ရှိစရာလည်း မလို၊ ယုတ်စွအဆုံး အထက်တန်းကျောင်းအောင်လက်မှတ်မပါရင်တောင် ကိစ္စမရှိဘူးလို့ Musk က ဆိုထားပါတယ်။ “At Tesla, using AI to solve self-driving isn’t just icing on the cake, it the cake” – @lexfridman Join AI at Tesla! It reports directly to me & we meet/email/text almost every […]

မကွေးတိုင်း ဝန်ကြီးချုပ် အမှန် တရားအ တွက် တရားစွဲခံရ တဲ့ ရွာသားများဘက် မှ သက်ေ သထွက်ဆို

အမှန် တရားကို ရှေ့တန်းတင်တတ်တဲ့ လူပျိုကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုပါပဲဗျာ.. တရားစွဲခံရတဲ့ ရွာသားတွေဘက်က သက်သေထွက်ဆိုတဲ့ ဝန်ကြီးချုပ်တဲ့.. ဘယ်ခေတ်မှာ ကြားခဲ့ဘူးလဲဗျာ… မေ ကွးတိုင်းဒေသကြီးဝန်ကြီးချုပ် ‌ဒေ‌ါက်တာအောင်မိုးညိုဟာ ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက်ပိုင်းက မင်းဘူးခရိုင်တရားရုံးကို လာပြီး တရားစွဲခံရတဲ့ ရွာသားတွေက်ကနေ သက်သေထွက်ဆိုပေးသွားတယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ်ပြောတာက ပွင့်ဖြူမြို့နယ် သရက်တောကျေးရွာအုပ်စု ကုလားကုန်းကျေးရွာနေ ရွာသူရွာသားတစ်ချို့ကို မင်းထက်ကြွယ်စက်သုံးဆီဆိုင်ပိုင်ရှင်က သူ့အကျိုးစီးပွားကိုဖျက်ဆီးတယ်၊ နှောက်ယှက်တယ်ဆိုပြီး တရားစွဲဆိုထားလို့ တရားအစွဲခံရတဲ့ရွာသူရွာသားတွေဘက်ကနေ သက်သေထွက် ဆိုပေးဖို့ လာရောက်တာဖြစ်ပါတယ်။ အခုကျေးရွာပြည်သူဘက်က သက်သေလိုက်ပေးရတဲ့အကြောင်းအရင်းက ဓါတ်ဆီပန့်ဆိုင်ဖွင်ထားတဲ့ လုပ်ငန်းရှင်က သူ့မှာတရားဝင်သိုလှောင်ခွင့်၊ ရောင်းချခွင့်မရှိသေးဘူး၊ ဆောက်ခွင့်မရှိသေးဘဲနဲ့ ပန့်ဆိုင်ဆောက်နေတာကို မီးရေးထင်းရေးကြောက်ရလို့ ကုလားကုန်းကျေးရွာပြည်သူတွေက လက်မှတ်ရေးထိုးပြီး ဆောင်လုပ်ခွင့်မပေးဖို့ စာတင်တောင်းဆိုထားတယ်။ ကျွန်တော်ကလည်း ပန့်ဆိုင်ဆောက်ဖို့ […]

Back To Top