အသက် (၁၅) နှစ်ထဲက ကိုယ်ပိုင် ရေကူးဝတ်စုံတံဆိပ်ထုတ်နိုင်နေပြီဖြစ်တဲ့ သြဇီသူလေး

twitter/brittneykevric ဆယ်ကျော်သက်အများစုက သူငယ်ချင်းတွေနဲ့ လျှောက်သွားနေတဲ့အချိန် ဘရစ်တနီကီဗ်ရစ်ကတော့ သူမရဲ့ ဘီကီနီအထည် စီးပွားရေးအတွက် လုံးပန်းနေပါတယ်။ ဖောက်သည်တွေရှာ၊ ဒီဇိုင်နာတွေနဲ့ ညှိပြီး အသည်းအသန်အလုပ်လုပ်နေပါပြီ။ ဘရစ်တနီက သူမရဲ့ ကိုယ်ပိုင် ရေကူးဝတ်စုံတံဆိပ်နဲ့ စပြီး ဈေးကွက်ဖောက်ဖို့ ကြိုးစားတုန်းက အသက် (၁၅) နှစ်ပဲ ရှိပါသေးတယ်။ အခုဆိုရင် သူမက အသက် (၂၀) ရှိနေပါပြီ။ လက်ရှိ ဆစ်ဒနီမှာ အခြေချ နေထိုင်ပါတယ်။ ဘရစ်တနီက စီးပွားရေးလုပ်ငန်းလုပ်ဖို့ အကြံဉာဏ်ကို သူမမိသားစုရှိရာ ခရိုအေးရှားနိုင်ငံက ကောနာတီကျွန်းဆီ သွားလည်ရင်း ရလာခဲ့ပါတယ်။ အဲ့ဒီမှာ ဆယ်ကျော်သက်မိန်းကလေးတွေအတွက် ရွေးချယ်စရာ ဘီကီနီများများစားစား မရှိဘူးဆိုတာ နားလည်ခဲ့ပါတယ်။ ရှိတဲ့ ဘီကီနီတွေကလည်း ဈေးနှုန်းအကန့်အသတ်နဲ့ဆိုတော့ တော်ရုံဆယ်ကျော်သက်လေးဟာ ဘီကီနီ ဒီဇိုင်းအဆန်းလေးတွေ ဝတ်ရဖို့ အဆင်မပြေတာပါ။ […]

သေရင် မပုတ်တာ၊ ပျော့နေတာ တွေကြည့်ပြီး အရိယာပုဂ္ဂိုလ် ဟုတ်/မဟုတ်ပြောနေကြတာတွေကို ပါမောက္ခချုပ်ဆရာတော်ကြီး ရှင်းလင်းချက်

“အမြင်နဲ့ ဆုံးဖြတ်သူများ” ကြားဖူးတယ်မို့လားအရှင်ကောဏ္ဍညကြီးဆိုတာ။သူကသံဃာ့ပရိသတ်ထဲမှာ မနေဘူး။တကယ့်ကိုသံဃာတွေရဲ့နောင် တော်ကြီးသဖွယ်တရားထူးတရားမြတ်ကိုပထမဆုံးရတဲ့ပုဂ္ဂိုလ်ကြီး။ဒါ့ကြောင့် အညာသိကောဏ္ဍညော၊အဦးဆုံးသိတဲ့ အရှင်ကောဏ္ဍညဒီလိုဆိုတာ။ သူကလည်းပဲအရှင်သာရိပုတ္တရာတို့လို ထက်မြက်တဲ့ပုဂ္ဂိုလ်တွေရောက်လာတဲ့အခါသူကထေရ်ကြီးဝါကြီးဖြစ်တော့ သူ့ကိုအရိုအသေပေးနေရတာတွေ jealousy မဖြစ်ဘူး ရဟန္တာ-ဆိုတာ။အခုခေတ်ဆိုလို့ရှိရင်ငါ့နောက်မှလာပြီးတော့ငါ့ အ ထက်ကရောက်တယ်ဆိုပြီး jealousy ဖြစ်ချင်ဖြစ်မယ်သူ့မှာjealousy မရှိဘူး။ အော်သူတို့(အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလာန်)ဒီထူးချွန်ထက်မြက်မှုဟာသာမန်နဲ့ရတာမဟုတ်ဘူး။ဘဝါ ဘဝ က ပါရမီတွေဖြည့်ခဲ့ရတယ်။အင်မတန်ထူးချွန်တဲ့ပုဂ္ဂိုလ်တွေငါရှိနေရင်သူတို့အနေအထိုင်ခက်လိမ့်မယ်ဆိုပြီးသံဃာ့ပရိသတ်ထဲမှာမနေဘူး။ ဟိမဝန္တာတောင်ကဆဒ္ဒအိုင်ဆိုတဲ့ ရေအိုင်ဘေးမှာသွားနေတယ်။ တောကျောင်းထဲမှာသွားနေတယ်။သံဃာ့ပရိသတ်ထဲကို မလာဘူး။သူ့ကိုပြုစုတာကလူတွေမဟုတ်ဘူးတောဆင်ရိုင်းတွေကသူတို့ကို ပြုစုနေတာ။ဘာဖြစ်လို့လဲဆိုတော့သူ့မေတ္တာကတအားကောင်းတာကိုး။ဆင်တွေရဲ့အလုပ်အကျွေးကိုခံပြီးတော့အဲ့ဒီမှာပဲပရိနိဗ္ဗာန်ပြုသွားတယ်။ သို့သော်ပရိနိဗ္ဗာန်စံခါနီးလေးကိုတော့ မြတ်စွာဘုရားကိုလာကန်တော့သွားသေးတယ်။နောက်ဆုံးကန်တော့တဲ့အနေနဲ့ လာဝန်ချကန်တော့သွားတယ်။အဲ့ဒီမှတ်တမ်းတွေကတော့သံယုတ်ပါဠိတော်မှာကောဏ္ဍညသုတ်-ဆိုတာအဲ့ဒီမှာ မှတ်တမ်းတွေ ရှိတယ်။ အရှင်ကောဏ္ဍည ပရိနိဗ္ဗာန်စံတော့ ဘယ်လိုပရိနိဗ္ဗာန်စံတုန်းဆိုတော့ထိုင်လျက်သမာပတ်တွေဝင်စားပြီးတော့ ထိုင်လျက်ပရိနိဗ္ဗာန်စံသွားတယ်။အခုခေတ်ကတော့သေတာလိုက်ကြည့်ပြီးတော့လက်ယာဘက်စောင်းရင်အရိယာတို့ဘာတို့လျှောက်ပြောနေတာ။ အကုန်လုံးပုံသေမမှတ်ရဘူးဒီကိစ္စတွေက သူစောင်းချင်တဲ့ဘက်စောင်းမှာပဲလေးတဲ့ဘက်စောင်းမှာပဲ။အဲ့ဒါနဲ့ ဆုံးဖြတ်လို့မရဘူးဆိုတာ။ဘာဖြစ်လို့လဲဆိုတော့ ရဟန္တာတွေတောင်မှပဲမတ်တပ်ရပ်လျက် ပျံလွန်တော်မူတာ။ထိုင်လျက်ပျံလွန်တော်မူတာရှိတယ်။ဘယ်လိုလို့ လက် ယာဘက်စောင်းသွားမှာတုန်း။တချို့ကအဲ့ဒါတွေလိုက်ပြီးတော့အော်ဘယ်ဖက်စောင်းသေတာတုန်းဒီလိုစာထဲလည်းမရှိပါဘူး။ဘယ်သူကစပြောလဲမသိဘူးဒါတွေ။အရပ်ထဲမှာပြောတာတွေစာထဲမှာမရှိတဲ့အကြောင်းထည့်ပြောပြတာ။ သူဖြစ်ချင်လည်းဖြစ်မယ်။မဖြစ်ချင်လည်းမဖြစ်ဘူး။ဒါတွေက Evidence မဖြစ်သင့်ဘူး။နောက်ရှိသေးတယ်။သေ သွားပြီးတော့ပျော့နေတယ်။ဒါ့ကြောင့်မို့လို့တရားထူးတရားမြတ်ရတယ်။ ရဟန္တာပဲ ဒါလည်းမဖြစ်သင့်ဘူးဒီဟာလည်း အဓိကမဟုတ်ဘူး။ဒါကလူ့ခန္ဓာကိုယ်တည်ဆောက်မှုနဲ့သက်ဆိုင်တယ်။ပူတိဂတ္တတိဿမထေရ် -ဆိုတာတကိုယ်လုံးရောဂါဖြစ်ပြီးတော့ပုပ်ပွပြီးတော့ ပရိ နိဗ္ဗာန်စံသွားတာပဲ။ပဋိသမ္ဘိဒါလေးပါးနှင့်တကွရဟန္တာကြီးပဲ။ အဲ့ဒီတော့ဒီရုပ်နဲ့ပတ်သတ်ပြီးတော့ […]

စိတ်ဖိစီးမှုကို ပြေလျော့စေတယ်လို့ ပညာရှင်တွေပြောတဲ့ ASMR ဗီဒီယိုများအကြောင်း

instagram/red.asmr ယနေ့ခေတ်မှာ ASMR ဗီဒီယိုတွေဟာ YouTube ပေါ်မှာ အရမ်းပေါ်ပြူလာ ဖြစ်နေပါပြီ။ ASMR ဗီဒီယိုတွေဆိုတာ စားကောင်းသောက်ဖွယ် အစားအသောက်အမျိုးမျိုးကို မြိန်ရေယှက်ရှည်စားပြတဲ့ ဗီဒီယိုတွေကို ခေါ်တာပါ။ ပညာရှင်တွေကတော့ ဒီ ASMR ဗီဒီယိုတွေဟာ စိတ်ရဲ့ဖိစီးမှုကို တနည်းတဖုံပြေပျောက်စေတယ်လို့ ဆိုပါတယ်။ ASMR နဲ့ ပတ်သက်တဲ့ အချက်အလက်အချို့ကိုတော့ Brightside ကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။ ASMR ရဲ့ နာမည်အရှည်ဟာ Autonomous Sensory Meridian Response ပဲ ဖြစ်ပါတယ်။ သူဟာ ဇီဝဆိုင်ရာ တုံ့ပြန်ချက်တစ်ခုပါ။ စာဖတ်သူဟာ ဦးနှောက်ကို ကျေနပ်စေတဲ့ တစ်စုံတစ်ခုကို မြင်လိုက်တဲ့အခါ ဒါမှမဟုတ် ကြားလိုက်တဲ့အခါမျိုးမှာ ပျော်ရွှင်မှုဆိုတဲ့ တုံ့ပြန်မှုတစ်ခုကို ခံစားရပါလိမ့်မယ်။ ဒါကိုပဲ ASMR လို့ခေါ်တာပါ။ တစ်ခါတစ်လေ […]

FF 9 ထဲ John Cena ရဲ့ အသတ်အပုတ်အက်ရှင်တွေကို ချီးကျူးလိုက်တဲ့ Van Disel

The Fast & The Furious 9 Fast & Furious ဇာတ်ကားတွေကို မြန်မာနိုင်ငံပရိသတ်တွေသာမက တစ်ကမ္ဘာလုံးက ပရိသတ်တွေပါ ကြိုက်နှစ်သက်ကြမှာပါ။ Fast & Furious 1 ဟာ ၂၀၀၁ ခုနှစ်မှာစတင်ရိုက်ကူးခဲ့ပြီး အခုမကြာခင် အသစ်ထွက်ရှိလာမယ့် Fast & Furios 9 ကတော့ ၂၀၂၀ ဧပြီလထဲမှာ ထွက်ရှိလာတော့မှပဲာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ WWE နပန်းချန်ပီယံတစ်ဦးဖြစ်တဲ့ John Cena ကြီးကို လူဆိုးအဖြစ်နဲ့တွေ့မြင်ရတော့မှာပါတဲ့။ [embedded content] Lad Bible သတင်းဌာနရဲ့ ဖော်ပြချက်အရ Van Disel တစ်ယောက်ကတော့ Fast & Furious 9 မှာ John Cena နဲ့ သရုပ်ဆောင်ရတာ […]

ပညာရေးဝန်ထမ်းများ၏ လစာငွေများကို မယူဘဲ ပြန်ပေးလိုက်ပြီဟု အေအေပြော

ပညာရေးဝန်ထမ်းတွေရဲ့ လစာကိုမယူဘဲ ပြန်ပေးလိုက်ပြီလို့ ရက္ခိုင့်တပ်တော် (အေအေ) ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။ ဖေဖော်ဝါရီ ၅ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က မောင်နှမရွာနားမှာ အေအေ အဖွဲ့ဝင်တွေက စက်လှေတစ်စီးကို စစ်ဆေးခဲ့ပြီး အဲဒီလှေပေါ်မှာ ပါလာတဲ့ ရဲတပ်ဖွဲ့ပိုင် ပိုက်ဆံ ကျပ် ၄၃ သိန်းကျော်ကို သိမ်းဆည်းပြီး ဆရာမတွေရဲ့ လစာ ကျပ် သိန်း ၂၀ကိုတော့ ပြန်ပေးလိုက်တယ်လို့ ခိုင်သူခက ပြောပါတယ်။ “ရဲတပ်ဖွဲ့ပိုက်ဆံကိုတော့ ကျနော်တို့ သိမ်းဆည်းလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ကိုတိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ပိုက်ဆံဖြစ်နေလို့ သိမ်းလိုက်တာ။ လက်နက်ကိုင်ပတ်သက်ရင်တော့ သိမ်းသင့်ရင်သိမ်းမှာပဲ။ ဖျက်ဆီးသင့်ရင် ဖျက်ဆီးမှာပဲ”လို့ ခိုင်သုခက ပြောပါတယ်။ ပညာရေးဝန်ထမ်းတွေရဲ့ လစာကို ပြန်ပေးလိုက်ပြီဆိုပေမယ့် ဘယ်လိုပုံစံနဲ့ ဘယ်သူတွေကို ပေးလိုက်တယ်ဆိုတာနဲ့ ကာယကံရှင်တွေလက်ထဲကို ငွေတွေပြန်ရောက်မရောက်တော့ […]

တရုတ်နိုင်ငံသားများပါဝင်သည့် မိသားစုဝင် ၅ ဦး၌ ဝူဟန်ရောဂါပိုးမတွေ့၍ ကျိုင်းတုံ ဆေးရုံမှဆင်းခွင့်ပြု

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ခုတင် ၂၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံးကြီးတွင် ဝူဟန်အဆုတ်ရောင်ရောဂါ သံသယဖြင့် သီးသန့်ခန်းတွင် စောင့်ကြည့်ကုသနေသော ကလေးငယ်နှင့် မိသားစုဝင် ၅ ဦး ကို ရောဂါပိုးမတွေ့ရှိ၍ ယနေ့ ( ဖေဖော်ဝါရီ ၆ ရက် ) မွန်းလွဲပိုင်းမှ ဆေးရုံမှဆင်းခွင့်ပြုပြီဖြစ်ကြောင်း အဆိုပါဆေးရုံအုပ်ကြီး ဒေါက်တာလှဌေးမင်းက ပြောကြားသည်။ “ကိုယ်အပူချိန်ရှိပြီး ဖျားနေတဲ့ ကလေးငယ်လေးရဲ့နှာခေါင်းတို့ဖတ် နမူနာကို ရုံးချုပ်ပို့ပြီး စစ်ဆေးကြည့်တာမှာ ပိုးမတွေ့ဘူးလို့ မနေ့ညက အကြောင်းပြန်လာလို့ ဒီညနေ ၄ နာရီမှာ ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပါပြီ။ တာချီလိတ်ကနေ မန္တလေးကိုလေယာဉ်နဲ့သွားမှာမို့ မနက်ဖြန်မှာ ဆေးရုံကကားနဲ့ တာချီလိတ်ကို လိုက်ပို့မယ်”ဟု ၎င်းက ဆိုသည်။ တရုတ်နိုင်ငံ စီချွမ်းပြည်နယ်၌နေထိုင်သည့် အသက် ၁ နှစ်နှင့် […]

အရှင်လတ်လတ် တိရိစ္ဆာန်လေးတွေကို သော့ချိတ် လုပ်ရောင်းနေတဲ့ နိုင်ငံ

ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပေါ်လာတာဟာ တရုတ်လူမျိုးတွေ အစားသောင်းကျန်းလို့ ဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုတွေနဲ့ အပြိုင်ဆိုသလို လင်းနို့စွပ်ပြုတ် သောက်နေသူတွေ၊ ခွေးသား ၊ကြွက်သား ၊ မြွေကြီးသား စားနေတဲ့ တရုတ်လူမျိုးတွေရဲ့ ရုပ်သံ၊ ဓာတ်ပုံတွေက ပျံ့နှံ့လာခဲ့ပါတယ်။ ဒီလို ထွက်ပေါ်လာပြီးတော့ တရုတ်တွေရဲ့ တိရိစ္ဆာန်တွေကို အကြီးအငယ်အရွယ်အလတ်မရွေး အရှင်လတ်လတ်စားသောက်ပုံတွေကိုလည်း တွေ့ရပါတယ်နော်။ အခုလည်း တရုတ်နိုင်ငံမှာ ရှိတဲ့ အရှင်လတ်လတ် တိရစ္ဆာန်လေးတွေကို သော့ချိတ်လုပ်ရောင်းနေတဲ့ ဈေးကွက်တစ်ခုဖြစ်ပေါ်နေပါတယ်။ အဲ့ဒီဈေးကွက်ကတော့ တစ်ခုကို ၁.၅ ဒေါ်လာခန့်ရှိပြီးတော့ သော့ချိတ်ထဲမှာတော့ အခွံပျော့လိပ် သားပေါက်လေးတွေအိမ်မြောင်တွေ၊ ပုတ်သင်တွေ ၊ ပိုးဟပ်တွေ စတဲ့ အင်းဆက်ပိုးမွှားများပါ ထည့်သွင်းပြီး အရှင်လတ်လတ်လုပ်ထားတာဖြစ်ပါတယ်။ လုပ်ရောင်းသူရဲ့ အဆိုအရတော့ အဲ့ဒီ အိတ်ထဲမှာ သော့ချိတ်ထားက သတ္တဝါအရှင်တွေအတွက အစားအစာ ၊ အောက်ဆီဂျင်ပါ […]

ဘုရင်မကြီး အဲလက်စ်ဇလက်နဲ့ မင်းသားကြီး Philip တို့ရဲ့ နှစ်(၇၀)ကျော် ခိုင်မြဲတဲ့ချစ်ခြင်း

Twitter/KingstonPalace (၂၀၁၇)ခုနှစ်ဟာ ဘုရင်မကြီး အဲလစ်ဇဘက်နဲ့မင်းသား Philipတို့ရဲ့နှစ်(၇၀)မြောက် မင်္ဂလာနှစ်ပတ်လည်ပြည့်မြောက်သွားခဲ့တဲ့နှစ်ပါ။ သူတို့က သမိုင်းတစ်လျှောက်မှာ အိမ်ထောင်သက်အရှည်ဆုံး တော်ဝင်စုံတွဲဆိုလည်းမမှားပါဘူး။ ကဲ သူတို့ိအခုလို ဆယ်စုနှစ်နဲ့ချီပြီး တစ်ယောက်နဲ့တစ်ယောက် ဘယ်လို ချစ်ခြင်းမေတ္တာတွေနဲ့ တည်ဆောက်ခဲ့ကြလဲ ဆိုတာကို Bright Side ကအခုလို ဖော်ပြပေးလိုက်ပါတယ်။ ချစ်ခြင်းအပေါ် အခြေခံပြီး လက်ထပ်ခဲ့ကြတာ အိမ်ထောင်ရေးတစ်ခုမှာ ချစ်ခြင်းနဲ့တည်ဆောက်ခြင်းက ပိုမိုခိုင်မြဲစေတဲ့ကြိုးတစ်ကြောင်းပါ။ ဘုရင်မကြီး Elizabethဟာသူ့ထက်အသက်(၅)နှစ်ကြီးတဲ့ Philipနဲ့ Philip အစ်ကိုဝမ်းကွဲ မင်္ဂလာဆောင်မှာ ဆုံခဲ့ကြပြီး အဲ့ဒီအချိန်ကဘုရင်မကြီးက အသက်ရှစ်နှစ်သာရှိပါသေးတယ်။ နောက်ငါးနှစ်ပြီးနောက် ဒုတိယကမ္ဘာစစ်မဖြစ်မီအချိန်က သူတို့နှစ်ဦးထပ်တွေ့ချိန်မှာ ချစ်ကြိုက်သွားခဲ့ကြတာပါ။ ဒုတိယကမ္ဘာစစ်အတွင်း  Philipက တော်ဝင်ရေတပ်အရာရှိအဖြစ် တာဝန်ထမ်းဆောင်ချိန်မှာ တစ်ဦးနဲ့တစ်ဦးစာပေးအယူနဲ့သာ စောင့်ဆိုင်းနေခဲ့ပြီး၊ (၁၉၄၆)ခုနှစ် Philip ရေတပ်ကပြန်လာချိန် လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ ဘုရင်မကြီးကလည်း ချစ်ခြင်းလက်ခံခဲ့ပြီး ၊ ဘုရင်မကြီး(၂၁)နှစ်မပြည့်ခင် […]

တရုတ်နိုင်ငံမှ မွေးကင်းစ ကလေးငယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း တွေ့ရှိ

တရုတ်နိုင်ငံမှာ မွေးကင်းစ ကလေးငယ်တစ်ဦး မွေးဖွားပြီး နာရီ ၃၀ အကြာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာ စစ်ဆေးတွေ့ရှိပြီး သူဟာ အသက်အငယ်ဆုံး ဗိုင်းရပ်စ် ကူးစက်ခံရသူ ဖြစ်လာခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။ ယင်းကလေးငယ်ဟာ ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပျံ့နှံ့ရာဖြစ်တဲ့ ဝူဟန်မြို့ ဆေးရုံမှာ ဖေဖော်ဝါရီ ၂ ရက်က မွေးဖွားခဲ့တာ ဖြစ်ပြီး ကလေးငယ်ရဲ့ မိခင်ဟာ မီးမဖွားခင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ဆေးစစ်တွေ့ရှိခဲ့ပါတယ်။ သို့သော်လည်း မိခင်မှ ကလေးသို့ ဗိုင်းရပ်စ် ကူးစက်ပုံကို ရှင်းရှင်းလင်းလင်း မသိရ သေးဘဲ မွေးပြီးမှလား ဒါမှမဟုတ် အမိဝမ်းထဲမှာ ကူးစက်ခံခဲ့ရတာလားဆိုတာ မသိရပါဘူး။ လူပေါင်း ၅၆၃ ဦး သေဆုံးပြီး ၂၈၀၁၈ ဦး ကူးစက်ခံနေရတဲ့ ကိုရိုနာ […]

၅-၂-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Mirror လီဗာပူးလ် ။     ။ လီဗာပူးလ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ FA ဖလား ပြန်ကန်ပွဲစဉ်မှာ ရှရူးဘူရီအသင်းကို (၁-ဝ)နဲ့ အနိုင်ယူပြီး နောက်တစ်ဆင့် တက်သွားနိုင်ခဲ့ပါတယ်။ လူငယ်ကစားသမားတွေကိုသာ ပွဲထုတ်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ အန်ဖီးလ်မှာ ကစားခဲ့ရပေမယ့် ဂိုးရဖို့တော့ ရုန်းကန်ခဲ့ရပြီး ပွဲချိန် (၇၅)မိနစ်မှာ ရှရူးဘူရီနောက်ခံလူ ဝီလီယံက ကိုယ့်ဂိုးကိုယ်သွင်းခဲ့လို့ လီဗာပူးလ်တို့ နိုင်ပွဲရသွားခဲ့တာပါ။ လီဗာပူးလ်ဟာ FA ဖလား ပဉ္စမအဆင့်မှာတော့ ချယ်လ်ဆီးအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဟယ်ရီကိန်း ။   ။ စပါးအသင်းနည်းပြမော်ရင်ဟို က အသင်းရဲ့တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ရာသီကုန်ဆုံးခါနီးအချိန်မှာ အသင်းအတွက် ပြန်လည်ကစားပေးနိုင်မှာဖြစ်တယ်လို့ အသိပေးလိုက်ပါတယ်။ တံကောက်ကြောဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူုခဲ့တဲ့ ဟယ်ရီကိန်းဟာ အင်္ဂလန်ရဲ့ယူရို (၂၀၂၀)ပွဲစဉ်တွေကို လွဲချော်ဖွယ်ရှိနေတယ်လို့ […]

Back To Top