ပါမောက္ခချုပ်ရာထူး ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒကို ခန့်အပ်ဖို့ စီစဉ်

ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်အဖြစ် ခန့်အပ်ဖို့ နိုင်ငံတော် သံဃမဟာနာယကက သဘောတူထားပြီး ရာထူးတရားဝင် အတည်ပြုဖို့ ပြည်တောင်စု အစိုးရကို စာပို့ထားတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ အမြဲတန်းအတွင်းဝန် ဦးဇာနည်ဝင်းက ဘီဘီစီကို ပြောပါတယ်။ အခုလို ဆရာတော်ကို ဒုတိယပါမောက္ခချုပ်အဖြစ် ခန့်အပ်ဖို့ စီစဉ်ရတာဟာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ်မှာ ပါမောက္ခချုပ် ဆရာတော်ရာထူးကို ဆက်လက်ခန့်ထားဖို့အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေအတိုင်း ဒုတိယပါမောက္ခချုပ်အဖြစ် အစမ်းတစ်နှစ်ခန့်ထားတာဖြစ်တယ်လို့လည်း သူက ရှင်းပြပါတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာပြု တက္ကသိုလ် ဥပဒေ အရ တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ခန့်အပ်ဖို့ […]

ဝူဟန်ပြန်ကျောင်းသားတစ်ဦးရဲ့ ရင်ထဲကစာနဲ့ ပြည့်သူ့အစိုးရရဲ့ ပြည်သူပေါ်ထားတဲ့ စေတနာ

“Wuhan Virus ? သို့ 2019-nCoV ဖြစ်ပွါးနေသော မြို့မှလွှတ်မြောက်လာသောကျွန်တော့်ဘဝအတွေ့အကြုံ နှင့် ကျေးဇူးတင်ထိုက်သူများ” ကျွန်တော်ရဲ့ဒုတိယhometownလို့တောင်ပြောလို့ရနေတဲ့ Wuhan တရုတ်ပြည်သူ့သမ္မတနိုင်ငံ အလယ်ပိုင်း ဟူးပေပြည်နယ်မြိုတော်တစ်ခု လူဦးရေ၁၁သန်းနီးပါးရှိတဲ့ ကုန်းတွင်းပိတ်မြို့တစ်မြို့ တရုတ်ပြည်မှာမိုးရာသီမရှိပေမယ့်ဝူဟန်ကတော့ အမြဲလိုလို မိုးရွာလေ့ရှိတယ်။တရုတ်ပြည်ရဲ့အဓိကမြစ်ယန်ဇီမြစ်ကြီးစီးဆင်းလျက်ရှိပြီး ပြည်တွင်းပြည်ပ ကုန်ကြောင်း ရေကြောင်း ကုန်စီးဆင်းမှုရှိပြီး စီးပွါးရေးဖွံဖြိုးတိုးတက်တဲ့မြို့တစ်မြို့ သူရဲကောင်းမလေးမူလန်ရဲ့ဇာတိမြေအတွေးအမြင်ဗဟုသုတတွေများစွာရခဲ့တဲ့ကျွန်တော်ချစ်ရတဲ့တက္ကသိုလ်များစွာထဲကတစ်ခုဖြစ်တဲ့CCNUရှိတဲ့Wuhan ၂၀၁၉ ရဲ့ ဒီဇင်ဘာနောက်ဆုံးအပတ် အဲ့လိုသမိုင်းတွင်လှတဲ့Wuhanမြို့ကို ကံကြမ္မာဆိုးကျရောက်လာပါတယ်။ ဒီကြမ္မာဆိုးဟာ ခုဆိုWuhanနှင့်တရုတ်ပြည်တွင်သာမက တစ်ကမ္ဘာလုံးကိုခြိမ်းခြောက်လျက်ရှိပါတယ် အားလုံးသိတဲ့ Wuhan Virus သို့ 2019-nCovပါ Coronavirus ရဲ့ဗဟိုချက်မှာ Wuhanမြို့မှာရှိတဲ့ Hunanပင်လယ်စာ ဈေးမှာရောင်းသော လင်းနို့စွပ်ပြုတ်မှစခဲ့တယ်လို့သိရပါတယ်။နဂိုကတည်းကအစားအသောက်အလွန်ကြီးတဲ့တရုတ်တွေ ခုလင်းနို့စွပ်ပြုတ်ကိုသောက်တယ်ဆိုတာအံ့ဩစရာတော့မရှိဘူးပေါ့။ဘယ်လိုမှမထင်မှတ်ထားတဲ့၂၀၂၀ပြည့်ဇနိနဝါရီလ၂၃ရကနံနက်၁၀နာရီ ထိုရောဂါကြောင့် Wuhanမြို့ကိုlockdownချတဲ့နေ့ပါ။Wuhanရောက်မြန်မာပညာတော်သင်ကျောင်းသားသူတွေစိတ်အတော်ကလေးဂယက်ထမိခဲ့တယ်ဖြစ်ဖြစ်ချင်းဘာလုပ်လို့ဘာကိုင်ရမှန်းမသိခဲ့ဘူး။ ယခင်နေ့တွေကတောင် သွားလာလှုပ်ရှားနေကြတုန်းလှပပြီး လမ်းတွေပေါ်မှာလူတွေစည်းကားနေကြတုန်း ရုတ်တရက်ခြောက်ကပ်တိတ်ဆိတ်သွားတာပါ။ဒါနဲ့ကျွန်တော်တို့မြန်မာကျောင်းသားအဖွဲ့တွေချက်ချင်းWeChat groupမှာတိုင်ပင်ကြပြီး ကျောင်းသားခေါင်းဆောင်တွေကဘယ်လိုလုပ်ကြမလဲပြောပါတယ်။ တစ်ယောက်နဲ့တစ်ယောကါတိုင်ပင်ကြပီး ပေကျင်းရှိမြန်မာသံရုံးကိုစာတင်ဖို့လုပ်ကြပါတယ်။ဒါနဲ့ […]

တစ်သက်မှာတစ်ခါ ဖူးမြော်ဖို့ကို ခဲယဉ်းလှသည့် ဗုဒ္ဓမြတ်စွာဘုရားရဲ့ အံတော်

တစ်သက်မှာတစ်ခါ ဖူးမြှော်ဖို့ ခဲယဉ်းလှတဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အံတော်ကိုဖူးလိုက်ပါကံထူးလို့ဖျာပုံသူဖျာပုံသား များ နှင့် မြန်မာ တစ်ပြည်လုံးမှာရှိတဲ့ ဖူးချိန်တန် ဖူးထိုက်လို့.ဖူးမျှော်ခွင့်ရလို့ ထင်ပါပြီ။ ကျွန်တော်ကလေးဘဝတည်း က ဘိုးဘိုး ၊ဘွားဘွား၊ဘိုဘေး အစဉ်အဆက်ကတည်း က ဖျာပုံမှာ ဗုဒ္ဓမြတ်စွာဘုရား အံ့တော် နှင့် ဆံတော်တစ် ဆူ ကိမ်းဝပ်နေတယ် လို့ သိခဲ့ရပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အံတော် ရှေးဟောင်းသမိုင်းအစဉ် အလား အရ ရှေးကျတဲ့ မြို့တွေက အမည်နှစ်လုံးတည်း နဲ့ အမည်ပေးခဲ့တဲ့ တချိန်ကမွန်ဒေသတွေပေါ့။ပုဂံ၊ရန်ကုန်၊တွံတေး၊ဒလ၊သထုံ၊ဖျာပုံ၊ပုသိမ်၊စတဲ့ ရှေးကျတဲ့ မြို့တွေ အများကြီးပေါ့။အဲအထဲမှာ မွန်ဘုရင်များ အဆက်ဆက် အုပ်စိုးခဲ့တဲ့ ဖျာ ပုင်း ဆိုတဲ့ ထမင်းဈေးမြို့ကလေး တစ်ခုလည်း ပါဝင်ခဲ့တာပေါ့။ကျိုက်ပတိုင်း စေတီတော်မြတ်ကြီးကို မြန်မာ သက္ကရာဇ်(၆၀၀)ခုနှစ်မှာ တည်ထားကိုး ကွယ်ခဲ့တယ်။ […]

ပြည်သူများ၏အခက်အခဲကိုတင်ပြနိုင်မည့် မြို့နယ်ခန်းမအစည်းအဝေးများ စတင်ဆောင်ရွက်နေ

ပြည်သူများ၏အခက်အခဲကိုတင်ပြနိုင်မည့် မြို့နယ်ခန်းမအစည်းအဝေးများစတင်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။ ဖေဖော်ဝါရီလ (၄)ရက်ကကျင်းပသည့် ဘုရင်နောင့်လမ်းဆုံနှင့် နာနတ်တောလမ်းဆုံလူကူးခုံးကျော်တံတား ဖွင့်ပွဲအခမ်းအနားတွင် အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။ “ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ပြည်သူလူထုရဲ့လိုအပ်ချက်တွေကိုလိုအပ်တဲ့နေရာတွေမှာ ဖြည့်ဆည်းပေးနိုင်ဖို့အတွက်ဒေသခံပြည်သူလူထုတွေနဲ့တွေ့ဆုံဆွေးနွေးဖို့အဖြေရှာနေတာတွေ များစွာရှိပါတယ်။ နောက်ပိုင်းမှာလည်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ပြည်သူလူထုကြားမှာတွေ့ဆုံမှုတွေကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားနိုင်ဖို့အတွက်ကြိုးပမ်းဆောင်ရွက်နေတာတွေရှိပါတယ်။ ပြည်သူနဲ့တွေ့ဆုံနိုင်တဲ့ Town Hall Meeting(မြို့နယ်ခန်းမအစည်းအဝေး)တွေကိုလည်းစတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ Town Hall Meeting တွေမှာ ပြည်သူလူထုက ရပ်ရွာရဲ့အခက်အခဲတွေ၊ ရပ်ရွာရဲ့အခြေအနေများအားလုံးကို တင်ပြနိုင်မှာဖြစ်ပါတယ်။”ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်သူသိလိုသောအချက်အလက်များကိုပွင့်လင်းမြင်သာစွာ ချပြရန်တာဝန်ရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူများနှင့်ဖေဖော်ဝါရီလ (၁)ရက်ကတွေ့ဆုံစဉ်ပြောကြားထားသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ၂၀၁၇-၁၈ စာရင်းစစ်ချုပ်အစီရင်ခံစာနှင့်ပတ်သက်ပြီူ ပြန်လည်ဖြေရှင်းခြင်းမပြုဟုပြောကြားထားသည့်အပေါ်ကိုလည်း ဝေဖန်မှုများရှိနေသည်။ ထို့အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့ကမူ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် (၃/၂၀၁၈)အရသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးနောက်ဆုံးနေ့တွင် ပြန်လည်ရှင်းလင်းထားသည်။ […]

အမေရိကန်ဒရုန်း တိုက်ခိုက်မှုကြောင့် အယ်လ်ကေးဒါးခေါင်းဆောင်တစ်ဦး ကျဆုံးခဲ့ဟုသိရ

Facebook/DonaldJTrump အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမိန့်ပေးစေခိုင်းမှုကြောင့် အမေရိကန်စစ်ဘက်က ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးအတွင်းမှာ အယ်လ်ကေးဒါးခေါင်းဆောင် ကာစင် အယ်လ်ရီမီတစ်ယောက် ဒဏ်ရာပြင်းထန်စွာရရှိပြီး ဇန်နဝါရီလ(၃၁)ရက်နေ့က ကျဆုံးသွားခဲ့ကြောင်း သိရပါတယ်။ အယ်လ်ရီမီဟာ Arabian Peninsula (AQAP) အယ်လ်ကေးဒါးအဖွဲ့ကို ဦးဆောင်သူဖြစ်ပါတယ်။ AQAP မှာ Al-Qaeda in the Arabian Peninsula လို့ အဓိပ္ပါယ်ရပြီး၊ ယီမင်အရှေ့ပိုင်းက အယ်လ်ကေးဒါးပိုင် နယ်မြေအဖြစ် ကြီးစိုးရာနေရာ ဖြစ်ပါတယ်။ အယ်လ်ရီမီ သေဆုံးကြောင်းကို များလှစွာသော သတင်းရင်းမြစ်များကို အခြေခံပြီး သမ္မတထရမ့်ကိုယ်တိုင် တွစ်တာမှာ Retweet ပြုလုပ်ခဲ့ပါတယ်။ အိမ်ဖြူတော်ဘက်ကတော့ သမ္မတထရမ့်ရဲ့ အတည်ပြုမှုကို ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ဒါပေမယ့် ယီမင်ရဲ့ လူမျိုးစုခေါင်းဆောင်တွေကတော့ အယ်လ်ရီမီသေဆုံးကြောင်းကို အတည်ပြုခဲ့ပြီး၊ Marib ပြည်နယ်အရှေ့ပိုင်း […]

မြန်မာလူငယ်လုပ်သားတစ်ဦး ထိုင်းထီပထမဆု ဘတ် ( ၆ )သန်းဆု ကံထူး

1-2-2020 ရက်နေ့ထွက်သော ထိုင်းထီ ထိုင်းနိုင်ငံမှာပထမဆု ထိုင်းဘတ် သိန်း(60)ကံထူးသွားတဲ့ ယွန်းနဒီဦးအေဂျင်စီမှ ထိုင်းနိင်ငံသို့ တရားဝင် ပို့ဆောင်ပေးတဲ့ ပဲခူးတိုင်း ဖြူးမြို့နယ်မှ MOU.လုပ်သားလူငယ်လေး တစ်ဦး နှစ်သစ်မှာကံထူးပြီး ထိုင်းထီပေါက်ေ နပေမယ့် ထီလက်မှတ်ပျောက်နေခဲ့သေး တာပါ၊ ထိုင်းထီထွက်ပြီးေ နာက် (2) ရက်အလွန် အလုပ်ပိတ်ရက် အခန်းမှာ အဝတ်လျှော် နေရင်းသူဝယ်ထားတဲ့ ထီလက်မှတ်လေးကိုပြန်တွေ့လို့လိုင်းပေါ်မှာ AAC အဖွဲ့ မှ ကိုရဲမင်း တင်ထားတဲ့ ထီပေါက်စဉ်မှာ ပထမဆု ဘတ်သိန်းခြောက်ဆယ်ထွက်သွားတဲ့ဂဏန်းထိပ်စီးခြောက်လုံးအား တိုက်ကြည့်ပြီး ထီပေါက်တာ သေချာတာနဲ့ AAC ဒါရိုက်တာဦးခိုင်ထံ သူမိတ်ဆွေ အသိကနေတဆင့် လာရောက်ငွေထုတ်ပေးရန် အကူအညီလာတောင်းခဲ့တာပါ၊ AAC အဖွဲ့ မှလည်း တစ်နေ့ထဲ ထိုင်းဘတ်ငွေသိန်း(60)ကို အဆင်ပြေချောမွေ့စွာ ထုတ်ယူပေးပြီးြ မန်မာငွေလဲလှယ်၍ မြန်မာပြည်မိသားစုထံ အရောက်ပို့ပေးကာ […]

မိကျောင်းလည်ပင်းက တာယာကွင်းကြီးကို ဖြုတ်ပေးနိုင်သူအား ဆုငွေချီးမြှင့်မည်ဟု သိရ

Twitter/Palu သတ္တိကောင်းပြီး စွမ်းဆောင်ရည် ထူးချွန်တဲ့ သူရဲကောင်းတစ်ချို့ကို အင်ဒိုနီးရှားရဲ့ သက်ဆိုင်ရာအာဏာပိုင်တွေက ကမ်းလှမ်းမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ လုပ်ရမယ့်အလုပ်ကတော့ တော်ရုံရဲရင့်သူတွေ လက်ဖျားခါ နောက်ပြန်လှည့်သွားစေနိုင်မယ့် အလုပ်မျိုးဖြစ်လို့ အတော်လေး ခက်ခဲတဲ့အလုပ်လို့ ပြောရမှာပါ။ မိကျောင်းကြီးတစ်ကောင်ရဲ့ လည်ပင်းကို မတော်တဆ တာယာကွင်းကြီးတစ်ခုက စွပ်မိနေခဲ့ရာ၊ အဲဒီမိကျောင်းကြီးမှာ (၂၀၁၆)ခုနှစ်ကတည်းကနေ အခုချိန်ထိ အတိဒုက္ခရောက်နေပါတယ်။ ဒီတာယာကွင်းကြီးကို ဖြုတ်ပေးနိုင်သူ မည်သူမဆို စူလာဝေဆီအလယ်ပိုင်း ပြည်နယ်အစိုးရက ဆုငွေချီးမြင့်မှာလို့ ထုတ်ပြန်ထားကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အားလုံးမြင်တဲ့အတိုင်းပဲ မိကျောင်းကြီးရဲ့ ဂုတ်ပိုးတစ်ဝိုက်မှာ တာယာကွင်းကြီးက ခိုင်ခံစွာ နေရာယူထားပါတယ်။ မိကျောင်းကြီးဟာ အရှည်အားဖြင့် (၄)မီတာအထိ ရှိတာကြောင့် ဖြုတ်ပေးဖို့ ချဉ်းကပ်မယ့်သူအနေနဲ့ မြောင်မြောက်တဲ့ ရဲစွမ်းသတ္တိအပြင် ကြံရည်ဖန်ရည်လည်း မဖြစ်နေ လိုပါတယ်။ Twitter/Mohamad Hamzah ဒါပေမယ့် […]

မြန်မာလူငယ် MOU လုပ်သားတစ်ဦး ထိုင်းထီပထမဆု ဘတ်(6)သန်းဆု ကံထူးသွား

မြန်မာလူငယ် MOU လုပ်သားတစ်ဦး ထိုင်းထီပထမဆု ဘတ်(6)သန်းဆု ကံထူးသွားရာ AAC အဖွဲ့မှ ငွေထုတ်ယူပေးခဲ့ 1-2-2020 ရက်နေ့ထွက်သော ထိုင်းထီ ထိုင်းနိုင်ငံမှာပထမဆု ထိုင်းဘတ် သိန်း(60)ကံထူးသွားတဲ့ ယွန်းနဒီဦးအေဂျင်စီမှ ထိုင်းနိင်ငံသို့ တရားဝင် ပို့ဆောင်ပေးတဲ့ ပဲခူးတိုင်း ဖြူးမြို့နယ်မှ MOU.လုပ်သားလူငယ်လေး တစ်ဦး နှစ်သစ်မှာကံထူးပြီး ထိုင်းထီပေါက်ေ နပေမယ့် ထီလက်မှတ်ပျောက်နေခဲ့သေး တာပါ၊ ထိုင်းထီထွက်ပြီးေ နာက် (2) ရက်အလွန် အလုပ်ပိတ်ရက် အခန်းမှာ အဝတ်လျှော် နေရင်းသူဝယ်ထားတဲ့ ထီလက်မှတ်လေးကိုပြန်တွေ့လို့လိုင်းပေါ်မှာ AAC အဖွဲ့ မှ ကိုရဲမင်း တင်ထားတဲ့ ထီပေါက်စဉ်မှာ ပထမဆု ဘတ်သိန်းခြောက်ဆယ်ထွက်သွားတဲ့ဂဏန်းထိပ်စီးခြောက်လုံးအား တိုက်ကြည့်ပြီး ထီပေါက်တာ သေချာတာနဲ့ AAC ဒါရိုက်တာဦးခိုင်ထံ သူမိတ်ဆွေ အသိကနေတဆင့် လာရောက်ငွေထုတ်ပေးရန် အကူအညီလာတောင်းခဲ့တာပါ၊ AAC […]

ဝူဟန်ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ သတင်းအမှားတွေကို ဆန့်ကျင်ရေးကမ်ပိန်းပြုလုပ်ခဲ့တဲ့ W.H.O

twitter/DrTedros ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီး WHO ဟာ ဖေဖော်ဝါရီ (၃) ရက်နေ့တုန်းက ဝူဟန်ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ပေါ်ပေါက်နေတဲ့ သတင်းအမှားတွေကို ဆိုရှယ်မီဒီယာနဲ့ ပူးပေါင်းပြီး တားမြစ်ဆန့်ကျင်သွားမယ့်အကြောင်း ကြေညာခဲ့တာကို france24 သတင်းမှ သိရှိရပါတယ်။  WHO အကြီးအကဲ Tedros Adhanom Ghebreyesus ကတော့ ဝူဟန်ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ ကောလဟာလတွေရဲ့ အန ္တရာယ်ကို သတိပေးသွားခဲ့ပါတယ်။ “အွန်လိုင်းမှာ တစ်ယောက်ယောက်က ကိုရိုနာသတင်းနဲ့ပတ်သက်ပြီး ရိုက်ရှာလိုက်ရင် ကျွန်တော်တို့ WHO ရဲ့သတင်းအချက်အလက်တွေကို အဦးဆုံး ဖော်ပြပေးဖို့ Google နဲ့ ပူးပေါင်းထားပါတယ်။ ဆိုရှယ်မီဒီယာပလတ်ဖောင်းတွေဖြစ်တဲ့ Twitter ၊ Facebook ၊ Tencent နဲ့ Tiktok app တွေမှာလည်း သတင်းအမှားတွေကို တားမြစ်ဖို့ ကြိုးစားနေပါတယ်…” […]

ဆေးရုံကဆင်းပြီးပြန်လာသူ အမျိုးသမီးကို ရွာထဲဝင်ခွင့်မပြုသဖြင့် လပွတ္တာဆေးရုံ၌ ခေါ်ယူစောင့်ကြည့်

ကချင်ပြည်နယ်၊ လွယ်ဂျယ်ဆေးရုံမှာ ဆေးကုသမှုခံယူပြီး ဇာတိကျေးရွာကို ပြန်လာတဲ့ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတဦးကို တာဝန်ရှိသူတွေက လပွတ္တာမြို့နယ်ဆေးရုံကြီး ကိုခေါ်ယူကာ စောင့်ကြည့်နေပါတယ်။ဆေးရုံကိုခေါ်ယူစောင့်နေတဲ့ အမျိုးသမီးဟာ ကချင်ပြည်နယ်၊ မိုးမောက်မြို့ကို အလုပ်သွားရောက် လုပ်ကိုင်စဉ် အခြားရောဂါတခုကြောင့် ဖျားနာချောင်းဆိုပြီး ဇန်နဝါရီ ၂၁ ရက်နေ့က လွယ်ဂျယ် ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်မှာ ဆေးရုံက သူ့ရဲ့ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်တွေရယူကာ ဆင်းခွင့်ပြုလိုက်လို့ ဇာတိကိုပြန်လာခဲ့တာပါ။ ဒါပေမယ့်ရွာသူရွာသားတွေက ရွာထဲအဝင်မခံတာကြောင့် ဆေးရုံကြီးမှာ ခေါ်ယူစောင့်ကြည့် ထားရတယ်လို့ လပွတ္တာ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ နှစ်ဆန်းဦးက ဒီဗွီဘီကိုပြောပါတယ်။“အဲဒီအမျိုးသမီးက တခြားရောဂါနဲ့ ဆေးရုံတက်ရတာ၊ သူဖြစ်တဲ့ပုံစံက ကိုရိုနာဗိုင်းရပ်စ်ပုံစံဖြစ်နေတော့ သံသယစာရင်းထဲကိုအထည့်ခံရပြီး စစ်ဆေးခံရတာ၊ ခုဆို ၁၄ ရက်လည်း ကျော်နေပါပြီ၊ […]

Back To Top