ခိုလမ်မြို့က သားငယ်လေးကို နာမည်လှလှလေးပေးလိုက်တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ရှမ်းပြည်နယ် တောင်ပိုင်း ၊ခိုလမ်မြို့ မှာစွန့်ပစ်ခံရတဲ့ စွန့်ပစ် သားငယ်လေး တစ်ဦးကို ခိုင်နှင်းဝေက ခေါ်ယူမွေးစားခဲ့တာ ပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာပါနော်။ ဒီသားလေးကတော့ (၅)ရက်သားနဲ့ မိဘတွေရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတာပဲဖြစ်ပါတယ်။


ခိုင်နှင်းဝေကတော့ သားလေးကို တောင်ကြီးအထိ ဂေဟာကဆရာမနဲ့ တာဝန်ရှိသူတွေကို လွှတ်ကာသွားရောက်ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ သားငယ်လေးကတော့ လက်ရှိခိုင်နှင်းဝေရဲ့ လက်ထဲမှာ ချစ်စရာကောင်းလှပြီး ကျန်းမာတဲ့ကလေးငယ်တစ်ဦးအဖြစ်နဲ့ ရှိနေခဲ့ပါတယ်။ မနေ့ကတော့ ခိုင်နှင်းဝေက သားလေးကို နာမည်လှလှလေးပေးလိုက်ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။


“ခိုလမ်မြို့ က သားငယ်လေး ကို “ခိုင်ဘုဏ်းလင်္ကျာမောင်..”လို့ နာမည်ပေးထားပါတယ်ရှင်” ဆိုပြီး သားလေးနဲ့နာမည်လေးကို ပရိသတ်တွေသိရှိအောင် မိတ်ဆက်ပေးခဲ့ပါတယ်။ ပရိသတ်ကြီးရေ မေမေခိုင်နှင်းဝေကတော့ သားလေးရဲ့ လက်ရှိပုံလေးတွေကိုလည်း မျှဝေဖော်ပြထားခဲ့ပါသေးတယ်နော်။


Source – Khine Hnin Wai
Crd – CeleZone
-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Khine Hnin Wai
Crd – CeleZone

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top