လေဖြတ်နေတဲ့ဝေဒနာရှင်တစ်ဦးအတွက် ဝှီးချဲလှူဒါန်းပေးခဲ့တဲ့ သုတအောင်

ပရိသတ်ကြီးရေ သုတအောင်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ မကြာသေးခင်က ထုတ်လွှင့်ပြသခဲ့တဲ့ “ဝိပါက” ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသားတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်ချစ်ခင်အားပေးမှုကို အပြည့်အဝသိမ်းပိုက်ထားနိုင်ခဲ့ပါသေးတယ်။


သုတအောင်ကတော့ ဒီနေ့မှာ သူ့ရဲ့ ဇာတိကိုပြန်ရောက်နေခဲ့ပြီး ဇာတိရွာကလေးကို ပြန်ရောက်တုန်းမွန်မြတ်လှတဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ သူ့ရဲ့ဇာတိရွာမှာ နေထိုင်တဲ့ အကိုတစ်ယောက်က လေဖြတ်နေတာကြောင့် သွားရေးလာရေးခက်ခဲနေတဲ့အတွက် သုတအောင်က ဝှီးချဲလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။


အလှူလေးပြုလုပ်ခဲ့ကြောင်းကိုတော့ သုတအောင်က “ကျွန်တော့်ရွှာရောက်တုန်းရွှာက လေဖြတ်နေသော အကိုကြီးတစ်ယောက်အတွက် သွားရေးလာရေး အဆင်ပြေဖို့ ဝှီးချဲလေးလှူပေးဖြစ်ခဲ့တယ်ဗျ…..” ဆိုပြီး ပီတိဖြစ်ဖွယ်အလှူလေးရဲ့ ပုံရိပ်လေးတွေကို မျှဝေဖော်ပြထားခဲ့ပါသေးတယ် ပရိသတ်ကြီးရေ။

Source – THUTA AUNG – သုတအောင်
Crd – CeleZone
-Zawgyi Font ဖြင့် ဖတ်ရန်-





Crd – CeleZone

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top