ယောက်ျားလေးတွေကို အိမ်အလုပ်လုပ်တတ်ဖို့ သင်ပေးနေတဲ့ စပိန်နိုင်ငံကကျောင်း

အဝတ်လျှော်မီးပူတိုက်၊ အိမ်သန့်ရှင်းရေးလုပ်၊ ဟင်းချက်တမင်းချက်ဆိုတာ မိန်းကလေးတွေအလုပ်ဆိုပြီး လူတိုင်းကသတ်မှတ်ကြပါတယ်။ နောက်ဆုံး ဘယ်လောက်ဖွံ့ဖြိုးတဲ့နိုင်ငံပဲဖြစ်ဖြစ် အမျိုးသားနဲ့အမျိူးသမီးတို့ တန်းတူအပြင်ထွက်အလုပ်လုပ်နေရင်တောင်မှ

အိမ်ကအလုပ်တွေကိုတော့ အမျိုးသမီးတို့ရဲ့တာဝန်ပဲလို့ပဲ ထင်နေကြတုန်းပဲမဟုတ်လား။ ဒါပေမဲ့့လည်းအားလုံးကတော့ဒီအတွေးအခေါ်ကို ပြောင်းလဲဖို့ကြိုးစားနေပါပြီ။ ဥပမာအခုဖော်ပြပေးမယ့် စပိန်နိုင်ငံကကျောင်းလေးလိုပေါ့။


The Colegio Montecastelo ဆိုတဲ့စပိန်ကျောင်းလေးဟာ ယောက်ျားလေးကျောင်းသားတွေကို ကျောင်းစာပြင်ပအတတ်ပညာအနေနဲ့ အိမ်မှုကိစ္စတွေကိုကိုယ်တိုင်လုပ်တတ်အောင် သင်ပေးနေတယ်လို့ Rach Feed မှာ ဖတ်ခဲ့ရပါတယ်။ သင်ကြားပေးတဲ့အိမ်မှုကိစ္စတွေထဲမှာ အချက်အပြုတ်၊ အချုပ်အလုပ်၊ မီးပူဘယ်လိုတိုက်တယ်၊ အိမ်သန့်ရှင်းရေးဘယ်လိုလုပ်ရတယ်ကအစ အသေးစိတ်ကို သင်ပေးနေတာပါတဲ့။

ဒီလိုမျိုးအိမ်ထောင်မှုထိန်းသိမ်းတာတွေအပြင် အိမ်တစ်ခုမှာ နောက်ထပ်တပ်ထားသင့်တဲ့ ရေပိုက်ပြင်တာ၊ မီးပြင်တာတို့ရဲ့အခြေခံကစလို့ လက်သမားပညာရပ်တွေအထိလည်း ကျောင်းသားတွေရော ကျောင်းသူတွေပါမကျန် ပူးတွဲသင်ပေးနေတယ်ဆိုတာဖတ်လိုက်ရတော့ Colegio Montecastelo အထက်တန်းကျောင်းလေးကို တော်တော်လေး အံ့သြလေးစားမိပါတယ်။

တချို့မိဘတွေက ဒီလိုကျောင်းစာပြင်ပပညာရပ်တွေ သင်ပေးတဲ့အခါမှာ ကျောင်းကအပိုလုပ်တယ်၊ ကလေးတွေစာဖတ်ရမယ့်အချိန်တွေကုန်တယ်ဆိုပြီး ပြဿနာရှာတတ်ကြပေမယ့်လို့ ဒီကျောင်းလေးမှာတော့ တခြားဘာသာရပ်က ဆရာ ဆရာမတွေပါ အားရင်အားသလို ကျောင်းသားတွေနဲ့အတူတူဝင်သင်တာမျိုးတွေရှိသလို တချို့အမေတွေ၊အဖေတွေကလည်း သူတို့သားသမီးတွေနဲ့ ဒီအချိန်လေးကိုလာတက်လေ့ရှိကြတယ်၊ တတ်မြောက်ထားတာတွေကို ပြန်လည်မျှဝေပေးတယ်ဆိုတော့ ပိုလို့တောင်ချီးကျူးထောပနာပြုမိခဲ့ပါတယ်။

ကျောင်းမှာသင်ပေးတဲ့သင်ခန်းစာတွေဟာ လူငယ်တွေရဲ့အနာဂတ်ကိုပုံဖော်ပေးမယ့် အချိုးအကွေ့တစ်ခုအဖြစ် ပါဝင်နေသလိုပဲ ဒီလိုမျိုး အိမ်မှုကိစ္စနဲ့အိမ်ထောင်မှုထိန်းသိမ်းရေးလုပ်ငန်းတွေဆိုတာဟာလည်း ကိုယ့်အနေနဲ့ မိသားစုနဲ့ပဲနေနေ၊ တစ်ယောက်တည်းပဲနေနေ တတ်မြောက်ထားမယ်ဆိုရင် အချိန်ကုန်တာသက်သာမယ်၊ ရိုးရိုးတန်းတန်းအိမ်သန့်ရှင်းရေးလုပ်တာအတွက်၊

မီးချောင်းလေးလဲတာအတွက်နဲ့ရယ်တော့ လူငှားပြီးလုပ်ခိုင်းစရာမလိုတဲ့အတွက် ပိုက်ဆံကုန်လည်း သက်သာမယ့်အပြင် အရွယ်ရောက်လို့ အမျိုးသားတစ်ယောက်ဖြစ်လာပြီဆိုရင်လည်း ဇနီးသည်ကိုကိုယ်ချင်းစာနိုင်တာမျိုး၊ အမျိုးသမီးတွေဖြစ်လာပြီဆိုရင်လည်း ရေပိုက်ပြင်တာ၊ မီးလဲတာတို့လောက်လုပ်တတ်နေတော့လည်း ယောက်ျားသားမရှိဘဲတစ်ယောက်တည်းနေရင်တောင် အဆင်ပြေစေတာပေါ့လို့တော့ မြင်မိပါတယ်။

New York Times ၏အဆိုအရ US မှာကျောင်းသား 5.3 သန်းက အိမ်တွင်းမှုအတန်းများတွင် စာရင်းသွင်းခဲ့ပြီး 41.5 ရာခိုင်နှုန်းသည်ယောက်ျားလေးများဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံရဲ့ကျောင်းတွေလည်း သက်မွေးအချိန်တွေမှာ အခုလိုလေးသင်ပေးကြရင် ဘယ်လောက်တောင်ကောင်း မလဲ။

Crd

Zawgi Version

အဝတ္ေလွ်ာ္မီးပူတိုက္၊ အိမ္သန့္ရွင္းေရးလုပ္၊ ဟင္းခ်က္တမင္းခ်က္ဆိုတာ မိန္းကေလးေတြအလုပ္ဆိုၿပီး လူတိုင္းကသတ္မွတ္ၾကပါတယ္။ ေနာက္ဆုံး ဘယ္ေလာက္ဖြံ႕ၿဖိဳးတဲ့နိုင္ငံပဲျဖစ္ျဖစ္ အမ်ိဳးသားနဲ႕အမ်ိဴးသမီးတို႔ တန္းတူအျပင္ထြက္အလုပ္လုပ္ေနရင္ေတာင္မွ

အိမ္ကအလုပ္ေတြကိုေတာ့ အမ်ိဳးသမီးတို႔ရဲ႕တာဝန္ပဲလို႔ပဲ ထင္ေနၾကတုန္းပဲမဟုတ္လား။ ဒါေပမဲ့့လည္းအားလုံးကေတာ့ဒီအေတြးအေခၚကို ေျပာင္းလဲဖို႔ႀကိဳးစားေနပါၿပီ။ ဥပမာအခုေဖာ္ျပေပးမယ့္ စပိန္နိုင္ငံကေက်ာင္းေလးလိုေပါ့။

The Colegio Montecastelo ဆိုတဲ့စပိန္ေက်ာင္းေလးဟာ ေယာက္်ားေလးေက်ာင္းသားေတြကို ေက်ာင္းစာျပင္ပအတတ္ပညာအေနနဲ႕ အိမ္မႈကိစၥေတြကိုကိုယ္တိုင္လုပ္တတ္ေအာင္ သင္ေပးေနတယ္လို႔ Rach Feed မွာ ဖတ္ခဲ့ရပါတယ္။ သင္ၾကားေပးတဲ့အိမ္မႈကိစၥေတြထဲမွာ အခ်က္အျပဳတ္၊ အခ်ဳပ္အလုပ္၊ မီးပူဘယ္လိုတိုက္တယ္၊ အိမ္သန့္ရွင္းေရးဘယ္လိုလုပ္ရတယ္ကအစ အေသးစိတ္ကို သင္ေပးေနတာပါတဲ့။

ဒီလိုမ်ိဳးအိမ္ေထာင္မႈထိန္းသိမ္းတာေတြအျပင္ အိမ္တစ္ခုမွာ ေနာက္ထပ္တပ္ထားသင့္တဲ့ ေရပိုက္ျပင္တာ၊ မီးျပင္တာတို႔ရဲ႕အေျခခံကစလို႔ လက္သမားပညာရပ္ေတြအထိလည္း ေက်ာင္းသားေတြေရာ ေက်ာင္းသူေတြပါမက်န္ ပူးတြဲသင္ေပးေနတယ္ဆိုတာဖတ္လိုက္ရေတာ့ Colegio Montecastelo အထက္တန္းေက်ာင္းေလးကို ေတာ္ေတာ္ေလး အံ့ၾသေလးစားမိပါတယ္။

တခ်ိဳ႕မိဘေတြက ဒီလိုေက်ာင္းစာျပင္ပပညာရပ္ေတြ သင္ေပးတဲ့အခါမွာ ေက်ာင္းကအပိုလုပ္တယ္၊ ကေလးေတြစာဖတ္ရမယ့္အခ်ိန္ေတြကုန္တယ္ဆိုၿပီး ျပႆနာရွာတတ္ၾကေပမယ့္လို႔ ဒီေက်ာင္းေလးမွာေတာ့ တျခားဘာသာရပ္က ဆရာ ဆရာမေတြပါ အားရင္အားသလို ေက်ာင္းသားေတြနဲ႕အတူတူဝင္သင္တာမ်ိဳးေတြရွိသလို တခ်ိဳ႕အေမေတြ၊အေဖေတြကလည္း သူတို႔သားသမီးေတြနဲ႕ ဒီအခ်ိန္ေလးကိုလာတက္ေလ့ရွိၾကတယ္၊ တတ္ေျမာက္ထားတာေတြကို ျပန္လည္မွ်ေဝေပးတယ္ဆိုေတာ့ ပိုလို႔ေတာင္ခ်ီးက်ဴးေထာပနာျပဳမိခဲ့ပါတယ္။

ေက်ာင္းမွာသင္ေပးတဲ့သင္ခန္းစာေတြဟာ လူငယ္ေတြရဲ႕အနာဂတ္ကိုပုံေဖာ္ေပးမယ့္ အခ်ိဳးအေကြ႕တစ္ခုအျဖစ္ ပါဝင္ေနသလိုပဲ ဒီလိုမ်ိဳး အိမ္မႈကိစၥနဲ႕အိမ္ေထာင္မႈထိန္းသိမ္းေရးလုပ္ငန္းေတြဆိုတာဟာလည္း ကိုယ့္အေနနဲ႕ မိသားစုနဲ႕ပဲေနေန၊ တစ္ေယာက္တည္းပဲေနေန တတ္ေျမာက္ထားမယ္ဆိုရင္ အခ်ိန္ကုန္တာသက္သာမယ္၊ ရိုးရိုးတန္းတန္းအိမ္သန့္ရွင္းေရးလုပ္တာအတြက္၊

မီးေခ်ာင္းေလးလဲတာအတြက္နဲ႕ရယ္ေတာ့ လူငွားၿပီးလုပ္ခိုင္းစရာမလိုတဲ့အတြက္ ပိုက္ဆံကုန္လည္း သက္သာမယ့္အျပင္ အ႐ြယ္ေရာက္လို႔ အမ်ိဳးသားတစ္ေယာက္ျဖစ္လာၿပီဆိုရင္လည္း ဇနီးသည္ကိုကိုယ္ခ်င္းစာနိုင္တာမ်ိဳး၊ အမ်ိဳးသမီးေတြျဖစ္လာၿပီဆိုရင္လည္း ေရပိုက္ျပင္တာ၊ မီးလဲတာတို႔ေလာက္လုပ္တတ္ေနေတာ့လည္း ေယာက္်ားသားမရွိဘဲတစ္ေယာက္တည္းေနရင္ေတာင္ အဆင္ေျပေစတာေပါ့လို႔ေတာ့ ျမင္မိပါတယ္။

New York Times ၏အဆိုအရ US မွာေက်ာင္းသား 5.3 သန္းက အိမ္တြင္းမႈအတန္းမ်ားတြင္ စာရင္းသြင္းခဲ့ၿပီး 41.5 ရာခိုင္ႏႈန္းသည္ေယာက္်ားေလးမ်ားျဖစ္ပါတယ္။ကြၽန္ေတာ္တို႔နိုင္ငံရဲ႕ေက်ာင္းေတြလည္း သက္ေမြးအခ်ိန္ေတြမွာ အခုလိုေလးသင္ေပးၾကရင္ ဘယ္ေလာက္ေတာင္ေကာင္း မလဲ။

Crd

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top